​​

Research Methodology Training & Practical Data Collection Experience

“သုတေသနပညာရပ်မှာ နောက်ထပ်တစ်ဆင့် မြှင့်တင်ဖို့ အခွင့်အရေး”


သုတေသနလုပ်ငန်းများတွင် ကျွမ်းကျင်မှုနှင့် လက်တွေ့အသုံးချနိုင်သော နည်းပညာများကို ပိုင်ဆိုင်လိုပါသလား? ဒီသင်တန်းဟာ သင့်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။ 


သုတေတန ဆိုင်ရာ သီအိုရီတွေကို စာတွေ့ လေ့လာရမယ့် အပြင် လက်တွေ့ အတွေ့အကြုံကိုပါ ရရှိနိုင်မှာဖြစ်ပြီး သုတေသနနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ Foundation ကို ရရှိသွားနိုင်မယ့် အခွင့် အရေးတစ်ခုကို ယူဆောင်လာပါပြီ။ 


ဒီအခွင့်အရေးကို ပေးဖို့ YSSW က “သုတေသနနည်းပညာနှင့် လက်တွေ့ဒေတာစုဆောင်းနည်း" သင်တန်းကို Hybrid ပုံစံဖြင့် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ 


ဘယ်လို သုတေသန သင်တန်းမျိုးလဲ? 


- နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက သင်ကြားပေးမယ့် သင်တန်းဖြစ်ပြီး၊ သုတေသနနည်းပညာများကို လက်တွေ့အသုံးချနိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံတကာအဆင့်မီလို့ပြောလို့ရတဲ့ သင်တန်းဖြစ်ပါတယ်။


- Qualitative နှင့် Quantitative သုတေသနနည်းလမ်းများ၊ ဒေတာစုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုတေသန ရလဒ်များကို ထိရောက်စွာ တင်ပြခြင်းတို့ကို လက်တွေ့ကျကျ သင်ယူရမှာဖြစ်ပါတယ်။  


- သုတေသနဆိုင်ရာကျင့်ဝတ် စံချိန်စံညွှန်းများ နှင့် ပတ်သက်သော အရေးကြီးအချက်များကို နားလည်သဘောပေါက်စေမည့် သင်ခန်းစာများလည်း ပါဝင်ပါတယ်။  


- အွန်လိုင်းနှင့် လူကိုယ်တိုင် တက်ရောက်နိုင်သော ပုံစံဖြင့် သင်ကြားပေးမှာဖြစ်ပြီး၊ လူကိုယ်တိုင် ဒေတာစုဆောင်းခြင်းလုပ်ငန်းများကို လက်တွေ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။  



ဘယ်သူတွေ တက်ရောက်သင့်သလဲ?


Humanitarian Sector နှင့် NGO လုပ်ငန်းများတွင် အပြောင်းအလဲများ လုပ်ဆောင်ခြင်း သို့မဟုတ် သိပ္ပံနည်းကျ ကြားဝင်ကူညီပံ့ပိုးမှု (Interventions)များ  နှင့် Behavior Change ဖော်ဆောင်နိုင်ရန် လုပ်ဆောင်ခြင်းများတွင် ထိရောက်မှု ရှိ၊မရှိ ကို စနစ်တကျဆန်းစစ်အကဲဖြတ်နိုင်ရန် Impact Assessment Research စွမ်းရည် မြှင့်တင်ချင်သူများ အတွက်အထူးသင့်တော်ပါတယ်။


တက်ရောက်မယ့်သူတွေ အနေနဲ့ သတ်မှတ်ထားသော အတန်းချိန် နေ့ရက်များတွင် မပျက်မကွက် တက်ရောက်နိုင်မှသာ တက်ရောက်ဖို့ အကြံပြုပါတယ်။


ဘာကြောင့် ဤသင်တန်းကို တက်ရောက်သင့်တာလဲ?  


ဒီသင်တန်းဟာ လက်တွေ့အသုံးချနိုင်တဲ့ သုတေသနစွမ်းရည်များကို ပိုင်ဆိုင်စေဖို့ နိုင်ငံတကာမှ ကျွမ်းကျင်သူများက သင်ကြားပေးမယ့် အခွင့်အရေးဖြစ်တာမလို့  လက်လွတ်မခံသင့်တဲ့ သင်တန်းဖြစ်ပါတယ်။


သင်တန်းမှာ သင်ကြားပေးမည့် အဓိကခေါင်းစဉ် တွေက ဘာတွေလဲ?


- သုတေသနဒဿနိကဗေဒနိဒါန်း (Introduction to research philosophy)

- Qualitative vs. Quantitative သုတေသနနည်းလမ်းများ (Qualitative Vs. Quantitative research approaches)

- သုတေသနမေးခွန်းများ နှင့် Hypothesis များ ဖော်ထုတ်ခြင်း (Developing research questionnaires and hypothesis)

- ဒေတာစုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းနည်းလမ်းများ (Data collection & analyses techniques) 

- သုတေသနဆိုင်ရာ ကျင့်ဝတ်များ (Ethical considerations in research)

- သုတေသနတွေ့ရှိချက်များကို တင်ပြခြင်း (Presenting research findings)

- လက်တွေ့ သုတေသန လုပ်ဆောင်ခြင်း 


သင်တန်းအစီအစဉ်:


အွန်လိုင်း(Zoom) မှ တက်ရောက်ရမည့် အတန်းချိန်များ-

February 22 (Saturday, 10:00 AM-12:00 PM) 

February 23 (Sunday, 10:00 AM-12:00 PM)

February 24 (Monday, 7:30 PM -9:30 PM)


April 19 (Saturday, 2:00 PM - 4:00 PM)

April 20 (Sunday, 2:00 PM - 4:00 PM) 

April 21 (Monday, 7:30 PM - 9:30 PM)


လူကိုယ်တိုင် တက်ရောက်ရမည့် အတန်းချိန် -

February 26 (Wednesday, 9:00 AM -4:00 PM)


လက်တွေ့ဒေတာစုဆောင်းခြင်း-

February 27 (Thursday, 9:00 AM -4:00 PM)

February 28 (Friday, 9:00 AM -4:00 PM)

March 13 (Thursday, 1:00 - 4:00 PM)

March 14 (Friday,1:00 - 4:00 PM)

April 3 (Thursday, 1:00 - 4:00 PM)

April 4 (Friday, 1:00 - 4:00 PM)


သင်တန်းကြေး : 150,000 ကျပ် 

သင်တန်းနေရာ : Yangon


လူဦးရေ ကန့်သတ်ထားတဲ့ အတွက် မြန်မြန် Register လုပ်ပြီး စာရင်းပေးသွင်းဖို့လိုပါတယ်။ 

သုတေသနစွမ်းရည်များကို မြှင့်တင်လိုသူများ လက်လွတ်မခံပါနဲ့!  


အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။ 


https://docs.google.com/forms/d/e/1FAIpQLSfEgqKMoEDLsI9XumLegExHGRisbm5CtkVB6j3WEli2VfCV0Q/viewform




အသေးစိတ်သိရှိလိုပါက YSSW facebook page messenger မှ တစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။


နိုင်ငံတကာအဆင့်မီ သုတေသနစွမ်းရည်ကို လေ့လာပြီး လက်တွေ့အတွေ့အကြုံကို လက်မလွတ်တမ်းရယူလိုက်ပါ။


#YSSW #ResearchMethodologyTraining

Research Methodology Training & Practical Data Collection Experience
Yangon School of Social Work, YSSW IT February 14, 2025
Share this post
Tags
Archive
​​
Project Cycle Management in Social Work