​​

Project Cycle Management in Social Work

Social Workလုပ်ငန်းတွေမှာပါဝင်ကြပြီး INGOs၊ NGOs အဖွဲ့အစည်းများနှင့် အခြားသော လူမှုရေးအဖွဲ့အစည်းများမှာ လုပ်ကိုင်နေကြတဲ့ သူတွေအတွက် Project Cycle Management in Social Work သင်တန်း အားဖွင့်လှစ်လိုက်ပါပြီ။

Social Workers တွေအနေနဲ့

ဒီသင်တန်းကို တက်ရောက်ပြီး ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ?

- Social issues (လူမှုရေးဆိုင်ရာပြဿနာများ) နှင့် ပတ်သက်တဲ့ စီမံကိန်းများတွင် မရှိမဖြစ်အရေးပါသော Social Work Concept (လူမှုရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းသဘောသဘာဝ) များကို သိရှိနားလည်သွားမယ်။

- Project Cycle Management (ပရောဂျက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်) ကိုသိရှိနားလည်ပြီး သင်တန်းချိန်အတွင်းမှာလည်း ပရောဂျက်စီမံခန့်ခွဲမှုဆိုင်ရာလေ့ကျင့်ခန်းများနှင့် လက်တွေ့ဆွေးနွေးသင်ပြသွားနိုင်ပါတယ်။

သင်ကြားပို့ချမှုပုံစံကရော ဘယ်လိုမျိုးလဲ?

- ပါဝင်တက်ရောက်သူများရဲ့ လုပ်ငန်းခွင်အတွေ့အကြုံများ၊ အတွေးအမြင်များ နှင့် သင်တန်းနည်းပြများရဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ အပြန်အလှန် ဆွေးနွေးသည့်ပုံစံမျိုးဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

- သင်တန်းတက်ရောက်သူများအနေဖြင့် session တစ်ခုပြီးတိုင်း လက်တွေ့လုပ်ရမယ့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ကာ စာတွေ့လက်တွေ့ လုပ်ဆောင်ရမှာလဲ ဖြစ်ပါတယ်


လူမှုအကျိုးပြုလုပ်ငန်းများမှာ ပိုမိုကျွမ်းကျင်စွာ လုပ်ကိုင်လာနိုင်ဖို့အတွက် သင်တန်းတက်ရောက်ရန် အောက်ပါ link ကနေ ခုပဲစာရင်းပေးသွင်းလိုက်ပါ။

​​​​​​​​​​R​e​g​i​s​t​er​ L​i​n​k

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာ အချက်အလက်များကို နောက်ရက်တွေမှာ ဆက်လက်မျှဝေသွားအုံးမှာဖြစ်လို့ YSSW Facebook page ကို like & follow လုပ်ထားပြီး အဆက်မပြတ်စောင့်ကြည့်ပေးဖို့ တိုက်တွန်းပါတယ်။




hashtag#ProjectCycleManagement
hashtag#YSSW

Project Cycle Management in Social Work
Yangon School of Social Work, YSSW IT January 9, 2025
Share this post
Tags
Archive
​​
2025 ကို ဒီ သင်တန်းတက်ပြီး စတင်လိုက်ပါ 🏃
Chat GPT for Social Workers