Social Workအတွက် Diplomaတစ်ခုလည်းလိုချင်တယ် Internship လည်း လုပ်ချင်တယ်ဆိုတဲ့လူတွေအတွက် သတင်းကောင်းတစ်ခု‼️‼️
ကျွန်မတို Yangon School of Social Work ရဲ့ Social Work Diploma Online (Batch-2) ကို registration ကို ဒီနေ့ပဲ စတင်ဖွင့်လှစ်လိုက်ပါပြီ 📢📢
အခုဖွင့်လှစ်မယ့် Diploma မှာတော့ Social Work ရဲ့ အနှစ်သာရ၊ Professional social worker တစ်ဦးလိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်တွေ၊ ထားရှိရမည့် စိတ်နေသဘောထား အပြင် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာရှိတဲ့ လူမှုရေးပြဿနာများကို စနစ်တကျ ကူညီဖြေရှင်းပေးနိုင်ရန်၊ အထောက်အပံ့တစ်ခု ဖြစ်လာဖိုအတွက် ရည်ရွယ်ပါတယ်။
ဒါကြောင့်မို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုရေးအကြောင်းအရာများကို စိတ်ဝင်စားသူတစ်ယောက် ဖြစ်မယ်ဆိုရင် အခုဖွင့်လှစ်တော့မယ့် Diploma in Social Work ဟာ သေချာပေါက် တက်ရောက်သင့်တဲ့ အတန်းတစ်ခု ဖြစ်ပါတယ်ရှင့်။
ကျွန်မတိုရဲ့ Diploma in Social Work မှာ Social Work ရဲ့ အကြောင်းအရာတွေ၊ လူတွေရဲ့ အမူအကျင့်တွေ၊ ပြည်သူလူထုတစ်ဦးတစ်ယောက်ချင်းစီကို ချဉ်းကပ်ပုံတွေ၊ ဥပဒေရေးရာမူဝါဒတွေ နဲ့
လူမှုရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ သုတေသန ပြုလုပ်ခြင်းတွေကို သင်ယူကြရမှာပဲဖြစ်ပါတယ်။
သင်တန်းကြာချိန်အားဖြင့် တစ်ပတ်လေးရက် သင်ကြားပေးမှာဖြစ်ပီး Semester နှစ်ခုဖြင့် တစ်နှစ်နီးပါး ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းပြီးသွားတဲ့အခါမှာလည်း Internship နာရီ ၂၀၀စာ အတွေ့အကြုံ ရယူနိုင်မှာပဲ ဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံတဲ့ကာလကတော့ ဇွန်လ ၂ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဗဟူး၊ ကြာသပတေးနေ့များမှာ သင်ကြားသွားမှာဖြစ်ပြီး သင်တန်းချိန်မှာ ည ၇း၃၀ မှ ၉း၃၀ အထိ ဖြစ်တာကြောင့် စာသင်ချိန်က တစ်နေ့ (၂) နာရီ နှင့် တစ်ပတ် (၄)ရက် ဖြစ်ပါတယ်။
သင်တန်းတွင် ကျောင်းသား ၄၅ယောက်သာ လက်ခံမှာမလို မြန်မြန် စာရင်းသွင်းလိုက်တော့နော်‼️‼️
စာရင်းသွင်းရန်လင့်–
Regular Application form:
https://docs.google.com/forms/d/e/1FAIpQLSeLY9_QX0vJ8oMAIopc-vDlNQiySDY8mZhB8qC7phTP6pTT7g/viewform?usp=sf_link
Scholarship Form:
https://docs.google.com/forms/d/e/1FAIpQLSe22ekvnBoZlrG-NQevSpUt2SGtfRXMnmyKry0-fTUPRQuC6w/viewform?usp=sf_link
သင်တန်းကြေးအနေနဲ့ Diploma in Social Work အတန်းကာလဖြစ်တဲ့ Semester (၂) ခုလုံးစာ အတွက် 1,500,000 MMK (၁၅ သိန်းအတိ) ကျသင့်မှာဖြစ်ပြီး အရစ်ကျစနစ်နဲ့လဲ ပေးသွင်းနိုင်ပါတယ်။
သင်တန်းကြေးကို တစ်ကြိမ်တည်း အပြည့်သွင်းမယ်ဆိုရင်တော့ 10% Discount ရရှိမှာဖြစ်လို 1,350,000 MMK သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။ (Save 150,000 MMK)
အရစ်ကျစနစ် (installment) အနေနဲ့ ပေးသွင်းမယ်ဆိုရင်တော့ ပထမအကြိမ် ကျောင်းအပ်တာနဲ့ ၄၀% (၆ သိန်းကျပ်) ပေးသွင်းရမှာဖြစ်ပြီး၊ ကျန် ၆၀% ကို ၃ ကြိမ်ခွဲကာ တလ ၃ သိန်းနှုန်းဖြင့် ၃ လ အတွင်း အပြီးပေးသွင်းနိုင်မှာဖြစ်ပါတယ်။
Scholarshipအစီအစဉ်လေးတွေအားဖြင့် သင်တန်းဘက်မှ သင်တန်းကြေးစရိတ်အပြည့်ထောက်ပံ့ပေးမည့်သူ (Full Scholarship) ၅ ဦး ရွေးချယ်မှာဖြစ်ပြီး သင်တန်းကြေးစရိတ်တစ်ဝက် ထောက်ပံ့ပေးမည့်လူ (Partial Scholarship) ၃ ဦးကို ရွေးချယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။‼️‼️❤️
Organization တစ်ခုတည်းမှ သင်တန်းအတူတူ တက်ရောက်ချင်သူများအတွက်လည်း ၃ယောက်တက်လျှင် ၁ ယောက် free တက်ရောက်နိုင်သော အခွင့်အရေးရှိနေပါပြီရှင့်။
ယခု Diploma in Social Work အတန်း စတင်ဖွင့်လှစ်မယ့်နေ့ကတော့ ၂၃.၆.၂၀၂၅ (တနင်္လာနေ့) ဖြစ်ပါတယ်။
အခုဆိုရင် Social Work ဘာသာရပ်ကို Internet ရှိရုံနဲ့ မည်သည့်အရပ်ဒေသမှဖြစ်စေ သင်ယူလေ့လာနိုင်တော့မှာဖြစ်တဲ့အပြင် Online ကနေ Diploma ရနိုင်တဲ့အခွင့်အရေး ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ အတန်းဖြစ်ပါတယ်။
ဒါကြောင့် လူမှုအကျိုးပြုလုပ်ငန်းတွေအတွက် သင့်ရဲ့ အရည်အသွေးတွေကို မြှင့်တင်နိုင်ပြီဖြစ်တဲ့အတွက် Diploma in Social Work ကို စိတ်ဝင်စားသူအားလုံးသိအောင်မျှဝေပေးဖို တိုက်တွန်းလိုက်ပါရစေ။
#socialwork #YSSW #OnlineDiploma


