​​

2025_ODSW Batch 2

အားလုံးပဲ မင်္ဂလာပါ။ အခုတော့ အားလုံးစောင့်မျှော်နေကြ တဲ့ Yangon School of Social Work ရဲ့ Diploma in Social Work, Batch-2 ကို ဖွင့်လှစ်ကြောင်း အသိပေးအပ်ပါတယ်။ 

  

အခု Batch 2 မှာ Social Work ဆိုတဲ့ လုပ်ငန်းစဉ် ကို ကျယ်ပြန့်စွာ သင်ကြားသွားမှာ ဖြစ်ပြီး သင်တန်းကာလအတွင်း Social Work နဲ့ ဆိုင်တဲ့ သီအိုရီများနှင့် လက်တွေ့ကျင့်သုံးနည်းများကို ပေါင်းစပ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းထဲက နစ်နာနေသူတွေ၊ အားနည်းနေတဲ့သူတွေကို မည်သို သော နည်းလမ်းများနဲ့ဂရုစိုက်ပြီး ကူညီပေးရင်းမိမိကိုယ် ကို စေတနာ့ဝန်ထမ်းတွေဖြစ်နိုင်ဖိုအတွက် ရည်ရွယ်တဲ့ သင်တန်းတစ်ခု ဆိုရင်လည်း ဟုတ်ပါတယ်။


ဒါကြောင့်မိုလို သင်ဟာ ပတ်ဝန်းကျင်မှာရှိတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းချင်တဲ့ စေတနာ့ဝန်ထမ်း သို မဟုတ် စိတ်ဝင်စားသူဖြစ်ရင် ဒီသင်တန်းဟာ သင့်အတွက် အထောက်အကူဖြစ်မယ် လိုယုံကြည်ပါတယ်။ 


ဒါဆို ဒီ သင်တန်းကနေပြီးတော့ ဘာတွေသင်ယူနိုင်မလဲ။ 


Social Work ဆိုတဲ့အတိုင်း လူတွေရဲ့ အကြောင်းအရာ၊ အမူအကျင့်၊ ပြည်သူလူထုတစ်ဦးတစ်ယောက် ဆီကို ချဉ်းကပ်ပုံ၊ ဥပဒေရေးရာမူဝါဒနဲ့ လူမှုရေးလုပ်ငန်းအတွက် လိုအပ်တဲ့ သုတေသန ပြုလုပ်ခြင်း အစရှိသည့် ခေါင်းစဉ်ပေါင်း များစွာ ကိုသင်ကြားသွားမှာပါ။ သင်တန်းသား/သူများအနေဖြင့် သင်တန်းကာလပြီးတဲ့နောက် Social Work နဲ့ဆိုင်တဲ့ ၂၀၀ နာရီကြာ လက်တွေ့အလုပ်အတွေ့အကြုံ (Internship) ကိုလည်းရရှိမှာ ဖြစ်ပါတယ်။


Diploma in Social Work ကဘယ်လောက်ကြာမှာလဲ။ 


ဒီအတန်းက Diploma အတန်းဖြစ်တဲ့ အတွက် ကြာချိန် ကတော့ Semester ၂ ခု နှင့် သင်တန်းကာလ တစ်နှစ် နီးပါးကြာမှာ ဖြစ်ပါတယ်။ 


အကယ်၍ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တိုနဲ့အတူ ဒီခရီးလေးကို စတင်ဖို ဖိတ်ခေါ်ပါတယ်။ Batch 2 အတွက် full information post တွေကို မကြာမီ တင်မှာ ဖြစ်တဲ့အတွက် စောင့်မျှော်ပေးကြပါအုံးနော်။


#socialwork #diploma_insocialwork #internshiphours #YSSW




2025_ODSW Batch 2
Yangon School of Social Work, YSSW IT June 1, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Introduction to Social Work