​​

Introduction to Social Work

💡 Introduction to Social Work (SW 101)  

အင်္ဂါနေ့တိုင်း (၇:၃၀ PM - ၉:၃၀ PM)  

သင်တန်းကာလ : ၆ ပတ် (မတ်လ ၁၁ ရက် - ဧပြီလ ၁၅ ရက်)  

သင်တန်းကြေး : ၁၀၀,၀၀၀ ကျပ်  


ဒီသင်တန်းကနေ ဘာတွေသင်ယူရရှိနိုင်မလဲ? 🧑‍🎓  


👉 ကျွမ်းကျင်ပညာရှင် လူမှုဝန်ထမ်းတစ်ယောက်ဖြစ်လာစေရန်  

လူမှုရေးအလုပ်သမားတစ်ဦးအနေနဲ့ လိုက်နာရမယ့် စံချိန်စံနှုန်းများ၊ ကျင့်ဝတ်များနှင့် လုပ်ငန်းဆောင်တာများကို သင်ယူရရှိမည်။  


👉 လက်တွေ့လုပ်ငန်းခွင်အတွက် အခြေခံကျင့်ဝတ်များ  

လူမှုရေးအလုပ်သမားတစ်ယောက်အနေနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေရန် အခြေခံကျင့်ဝတ်များကို သင်ကြားပေးမည်။  


👉 လူ့အခွင့်အရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ တရားမျှတမှုများ  

လူ့အဖွဲအစည်းအတွင်း တရားမျှတမှုများ ပိုမိုတိုးတက်လာစေရန် လူ့အခွင့်အရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာများကို မျှဝေသွားမည်။  


---


ဒီသင်တန်းက ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ? 📖  


ဒီသင်တန်းကို တက်ရောက်ပြီးနောက် သင်ရရှိလာမယ့် အသိပညာနှင့် ကျွမ်းကျင်မှုတွေကို သင့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုအသုံးချနိုင်မလဲ?  


လူ့ဘောင်အဖွဲအစည်းအတွင်း ရင်ဆိုင်နေရတဲ့ လူမှုပြဿနာများဖြစ်တဲ့  

- လမ်းပေါ်နေကလေးများ  

- မူးယစ်ဆေးစွဲနေသူများ  

- အိမ်တွင်းအကြမ်းဖက်မှုခံရသူများ  

- လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူများ  

- ရွှေ့ပြောင်းလုပ်သားများ  

- လူကုန်ကူးခံရသူများ  

- စစ်ဘေးရှောင်ဒုက္ခသည်များ  

- ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှု  

- အိုးမဲ့အိမ်မဲ့ဖြစ်မှု  

- ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်ရှိသူများ  


စတဲ့ လူမှုပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည်။  


---


ဒီသင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်လဲ?  

- လူမှုရေးအလုပ်သမားများ - လက်ရှိလုပ်ကိုင်နေသူများ အနေနဲ့ မိမိတိုရဲ့ အသိပညာနှင့် ကျွမ်းကျင်မှုကို ပိုမိုမြှင့်တင်လိုသူများ  

- NGO ဝန်ထမ်းများ - လူမှုရေးပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းလိုသူများ  

- လူမှုရေးအလုပ်ကို စိတ်ဝင်စားသူများ - လူမှုရေးအလုပ်သမားတစ်ယောက်ဖြစ်လာဖို ရည်ရွယ်ထားသူများ  


---


သင်တန်းလျှောက်ထားရန်  

ဒီသင်တန်းကို စိတ်ဝင်စားပါက အောက်ပါလင့်ခ်မှာ လျှောက်ထားနိုင်ပါတယ်။  

​​​​​​​​​​R​e​g​i​s​t​er ​H​e​r​e


လူမှုရေးအလုပ်သမားတစ်ယောက်အနေနဲ့ လူ့အဖွဲအစည်းကို ပြောင်းလဲနိုင်မယ့် အခွင့်အလမ်းကို လက်လွတ်မခံပါနဲ့။ ဒီသင်တန်းမှာ ပါဝင်ပြီး အနာဂတ်ရဲ့ လူမှုရေးအလုပ်သမားတစ်ယောက်ဖြစ်လာဖို အခွင့်အရေးကို ရယူလိုက်ပါ။  



#YangonSchoolOfSocialWork #SocialWork101 #SocialWorkMyanmar #CommunityDevelopment #NGOs #SocialWorkers


Introduction to Social Work
Yangon School of Social Work, YSSW IT March 8, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Introduction to Child Protection
ပြောင်းလဲမှုကို စတင်ပါ။ မျိုးဆက်သစ်တွေကို အားပေးပါ။