​​

Introduction to Social Work Research Methods

Introduction to Social Work Research Methods (SW 102) 

Every Saturday (4:00 PM - 6:00 PM) 16.3.2024 - 4.4.2024 (8 Weeks Course)

ယနေ့မှာတော့ Yangon School of Social Work ရဲ့ Wave 6 မှာ ဖွင့်လှစ်မယ့် Introduction to Social Work Research Methods (SW 102) သင်တန်းအကြောင်း မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

Social Work Research Methods ဆိုတာ ဘာလဲ?

Social Work Research Methods ဆိုတာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုအတွင်းမှာ ကြုံတွေ့နေရတဲ့ လူမှုပြဿနာများကို စနစ်တကျနှင့် သိပ္ပံနည်းကျ အဖြေများကို သုတေသန နည်းလမ်းဖြင့် ရှာဖွေခြင်းကို ဆိုလိုပါတယ်။

ဒီ Course ကနေ ဘာတွေ သင်ယူရရှိနိုင်မလဲ?

သုတေသနရဲ့ တန်ဖိုး၊ သုတေသနရဲ့ အခြေခံကျတဲ့ အချက်အလက်များနှင့် လူမှုရေးသုတေသနပြုလုပ်ရန်အတွက် အခြေခံကျသော ပညာနှင့် ဗဟုသုတများကို နားလည်လာနိုင်မှာ ဖြစ်ပါတယ်။
သုတေသနမှ တွေ့ရှိထားသော အချက်အလက်များကို အခြေခံပြီး လက်တွေ့လုပ်ငန်းများတွင် လုပ်ဆောင်ခြင်းနှင့် လက်တွေ့လုပ်ငန်းများမှ ရရှိလာသည်များကို သုတေသနတွင် အသုံးချခြင်းအကြား အပြန်အလှန်အကျိုးပြုမှုကို ချိတ်ဆက်လာနိုင်မှာ ဖြစ်ပါတယ်။

ဒီ Course က ရရှိလိုက်မယ့်အရာတွေကို ကိုယ့်ရဲ့ မိမိလက်တွေ့ဘဝမှာ ဘယ်လိုပြန်လည် အသုံးချလို့ရနိုင်မလဲ?

လူမှုရေးသုတေသနရှာဖွေတွေ့ရှိချက်များဟာ လူမှုပြဿနာများ ဖြေရှင်းပေးသောနေရာတွင် အသုံးတည့်ကာ တန်ဖိုးရှိသော အရေးပါသည့် ဗဟုသုတများကို ပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် အင်မတန်ရှုပ်ထွေးသော လူမှုပြဿနာများ၏ အတိမ်အနက်ကိုလည်းပဲ သေချာနားလည်နိုင်လာအောင် ယုံကြည်စိတ်ချရတဲ့ နည်းလမ်းများကိုလည်း ရှာဖွေတွေ့ရှိစေမှာ ဖြစ်ပါတယ်။ အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာများကို ထိန်းသိမ်းထားနိုင်ဖို့ သုတေသနာဟာ အရေးကြီးလှပါတယ်။ ထို့ကြောင့် ကျွန်တော်တို့သည် အချက်အလက်များကို ကောက်ယူပြီး နေ့စဥ်ဘဝရှိ လူမှုပြဿနာများကို ဖြေရှင်းရာတွင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီ Course ကိုတော့ Yangon School of Social Work မှာ မတ်လ ၁၆ ရက်နေ့မှာ ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

သင်တန်းလျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSe0ZvUcER6RBYd7K84puuKTTXgWLErASiJhdMXEYGYqaN3C_g/viewform?usp=sf_link

Need-based Scholarship လျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSfdm0OilcrYrj_jtj_e42CPkf5ylZg72nYoQlhf_F35uYbYWQ/viewform?usp=sf_link 



Introduction to Social Work Research Methods
Yangon School of Social Work, YSSW IT March 7, 2024
Share this post
Tags
Archive
​​
SW 101: Introduction to Social Work