​​

SW 101: Introduction to Social Work

Introduction to Social Work - Every Monday 


(8:00 PM - 9:30 PM) 11.3.2024 - 1.4.2024 (8 Weeks Course)

အခုတစ်ခါမှာတော့ Yangon School of Social Work ရဲ့ Wave 6 မှာ ဖွင့်လှစ်မယ့် Introduction to Social Work (SW 101) သင်တန်းအကြောင်း မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒီ Course ကနေ ဘာတွေ သင်ယူရရှိနိုင်မလဲ? 🧑‍🎓
👉 ကျွမ်းကျင်ပညာရှင်လူမှုဝန်ထမ်းတစ်ယောက်ဖြစ်လာအောင် သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ၊ ကျင့်ဝတ်တွေနဲ့အညီ လုပ်ဆောင်နိုင်ခြင်း။

👉 လက်တွေ့လုပ်သော လုပ်ငန်းများတွင် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်အောင် အခြေခံကျင့်ဝတ်များ။

👉 လူ့အခွင့်အရေးများ၊ လူမှုရေးနှင့်၊ စီးပွားရေးဆိုင်ရာတရားမျှတမှု စသောအရာများကို ပိုမိုတိုးတက်မြင့်မားလာအောင် ဆောင်ရွက်လာနိုင်ခြင်း။

စတာတွေကို သင်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။

ဒီ Course က ရရှိလိုက်မယ့်အရာတွေကို ကိုယ့်ရဲ့မိမိလက်တွေ့ဘဝမှာ ဘယ်လိုပြန်လည် အသုံးချလို့ရနိုင်မလဲ? 📖
လူ့ဘောင်အဖွဲ့အစည်းအတွင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှု‌ပြဿနာတွေဖြစ်တဲ့

-လမ်းပေါ်နေကလေးများ မူးယစ်ဆေးစွဲနေသူများ
-အိမ်တွင်းအကြမ်းဖက်ခံရသူများနဲ့ လိင်ပိုင်းဆိုင်ရာအရ စော်ကားခံရသူများ
-ရွှေ့ပြောင်းလုပ်သားများ၊
-လူကုန်ကူးခံရသူများ၊
-စစ်ဘေးရှောင်ဒုက္ခသည်များ
-ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊
-အိုးမဲ့အိမ်ယာမဲ့ဖြစ်မှု
-ကျန်းမာရေးဆိုင်ရာလိုအပ်ချက်ရှိမှု

စတဲ့ပြဿနာတွေအပါအဝင် လူမှု‌ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးသောလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီ Course ကိုတော့ Yangon School of Social Work မှာ မတ်လ ၁၁ ရက်နေ့မှာ ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

သင်တန်းလျှောက်ထားရန် Link
https://docs.google.com/forms/d/e/1FAIpQLSe0ZvUcER6RBYd7K84puuKTTXgWLErASiJhdMXEYGYqaN3C_g/viewform?usp=sf_link

Need-based Scholarship လျှောက်ထားရန် Link
https://docs.google.com/forms/d/e/1FAIpQLSfdm0OilcrYrj_jtj_e42CPkf5ylZg72nYoQlhf_F35uYbYWQ/viewform?usp=sf_link




SW 101: Introduction to Social Work
Yangon School of Social Work, YSSW IT March 8, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
PCM