​​

Introduction to Social Psychology (SW 501)

Introduction to Social Psychology (SW 501)

Every Thursday (7:30 PM - 9:30 PM) 14.3.2024 - 2.5.2024 (8 Weeks Course)

ယနေ့မှာတော့ Yangon School of Social Work ရဲ့ Wave 6 မှာဖွင့်လှစ်မယ့် Introduction to Social Psychology (SW 501) ဘာသာရပ်အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။

Introduction to Social Psychology မှာဘာတွေသင်ကြားပေးမှာလဲ?

အခြေခံ လူမှုရေးစိတ်ပညာ ဟာ မြန်မာနိုင်ငံ နဲ့ အာရှနိုင်ငံများ၏ လူမှုရေးအကြောင်းအရာများကိုလူမှုစိတ်ပညာ အခြေခံသဘောတရားများနဲ့ သီအိုရီများကိုထည့်သွင်းစဥ်းစား၍ စူးစမ်းလေ့လာမယ့် ဘာသာရပ်ဖြစ်ပါတယ်။ ဒီသင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ Social Dynamics, Cultural Influences နဲ့ လူသားတို့ရဲ့ အပြုအမူများနဲ့ အပြန်အလှန်ဆက်ဆံရေးတို့အပေါ် လွှမ်းမိုးသက်ရောက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဥ်များကို ကျယ်ကျယ်ပြန့်ပြန့်သဘောပေါက်နားလည်ဖို့အတွက်ဖြစ်ပါတယ်။၊ ဒီ Course လေးဟာဆိုရင် သင်တန်းသားများ အနေနဲ့ လူမှုရေးစိတ်ပညာရဲ့ သီးခြားအခြေအနေများ ကို အပြန်အလှန်ဆွေးနွေးမှုများ၊ Case Studies များနဲ့ လက်တွေ့အသုံးချမှု အစီအစဥ် များ နဲ့သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

ဒီ Course ကနေ ဘာတွေသင်ယူရရှိနိုင်မလဲ❓

👉 Social Psychology ရဲ့ အဓိက သီအိုရီများ။

👉 မတူညီသော လူမှု အခင်းအကျင်းများအပေါ် မည်သို့သော သီအိုရီ နှင့် သဘောတရားများကိုဘယ်လိုကျင့်သုံးရပုံများ။

👉 လူမှုရေးစိတ်ပညာဆိုင်ရာ အခြေအနေများကို ဆွေးနွေးမှုများ။

စတာတွေကို သင်ယူ‌‌လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီ Course ကိုတော့ Yangon School of Social Work မှာ မတ်လ ၁၄ ရက်နေ့ မှာ ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

သင်တန်းလျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSe0ZvUcER6RBYd7K84puuKTTXgWLErASiJhdMXEYGYqaN3C_g/viewform?usp=sf_link

Need-based Scholarship လျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSfdm0OilcrYrj_jtj_e42CPkf5ylZg72nYoQlhf_F35uYbYWQ/viewform?usp=sf_link 



Introduction to Social Psychology (SW 501)
Yangon School of Social Work, YSSW IT March 7, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Introduction to Child Protection (SW 204)