​​

Introduction to Child Protection (SW 204)

Introduction to Child Protection (SW 204) 

Every Saturday (7:30 PM - 9:30 PM) 23.3.2024 - 11.5.2024 (8 Weeks Course)

ယနေ့မှာတော့ Yangon School of Social Work ရဲ့ Wave 6 မှာ ဖွင့်လှစ်မယ့် Introduction to Child Protection (SW 204) ဘာသာရပ်အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။

Child Protection မှာဘာတွေသင်ကြားပေးမှာလဲ?

ဒီ Child Protection အတန်းမှာဆိုရင်တော့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသ‌ဘောတူစာချုပ်အကြောင်း၊ သဘောတူစာချုပ် အကောင် အထည်ဖော်မှုအား အစီရင်ခံတင်ပြခြင်းယန္တရား၊ သဘောတူစာချုပ်၏ နောက်ဆက်တွဲ သဘောတူစာချုပ်များနှင့် ကော်မတီ၏အထွေထွေအကြံပြုချက်များစာတမ်း အကြောင်းတို့ကို စနစ်တကျသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင်
✅ကလေးသူငယ် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း
✅ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာအခွင့်အရေးများနှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးတို့ အကြားကွာခြားမှုတို့ကို ဆန်းစစ်လေ့လာမှုပြုခြင်း
✅ မြန်မာနိုင်ငံအခြေအနေအရ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုမှုကို လေ့လာခြင်း
✅ကလေးသူငယ်အခွင့်အရေး သဘောတူစာချုပ်နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အခြေအနေအတွင်းမှာ သုံးစွဲမှုပြုနေကြသည့် ကလေးသူငယ်အပေါ် လွဲမှားစွာပြုကျင့်ခြင်းဆိုင်ရာစကားရပ်များကို လေ့လာမှုပြုခြင်း

အစရှိသည့် Topics များကိုလည်း ဆွေးနွေးပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်ယူ‌‌လေ့လာရရှိသွားမယ့်အရာတွေက

👉မြန်မာနိုင်ငံအခြေအနေအရ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ်ဘေးကင်းလုံခြုံစေရေး တို့၏ ကွာခြားချက်ကို သိမြင်လာနိုင်ခြင်း
👉 ဖွံ့ဖြိုးရေးရှုထောင့်အရ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၏အရေးကြီးပုံကို နားလည်လာခြင်း။
👉ကလေးသူငယ်ပေါ်လွဲမှားစွာပြုကျင့်ခြင်းနှင့်လျစ်လျူရှုခြင်းတို့၏ ဆိုးကျိုးများကို သိနားလည်လာခြင်း။
👉 ကလေးသူငယ်အခွင့်အရေးသဘောတူစာချုပ်အရ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဆောင်ရွက်ချက်လုပ်ငန်းများကိုလေ့လာခွင့်ရရှိခြင်း။
👉 မြန်မာနိုင်ငံ၏ ကလေးသူငယ်ကာကွယ်စောင့်‌ရှောက်ရေးစနစ်နှင့် ယန္တရားများကို ဆန်းစစ်လေ့လာခြင်း ။
👉ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) နှင့် အခြား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေများကို သိရှိ‌လေ့လာနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

ဒီ Course ကိုတော့ Yangon School of Social Work မှာ မတ်လ ၂၃ ရက်နေ့ မှာ ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

သင်တန်းလျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSe0ZvUcER6RBYd7K84puuKTTXgWLErASiJhdMXEYGYqaN3C_g/viewform?usp=sf_link

Need-based Scholarship လျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSfdm0OilcrYrj_jtj_e42CPkf5ylZg72nYoQlhf_F35uYbYWQ/viewform?usp=sf_link



Introduction to Child Protection (SW 204)
Yangon School of Social Work, YSSW IT March 7, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Community Development: Working with Communities (SW 202)