​​

Community Development: Working with Communities (SW 202)

Community Development: Working with Communities (SW 202) 

Every Sunday (1:00 PM - 3:00 PM) 17.3.2024 - 5.5.2024 (8 Weeks Course)

ယနေ့မှာတော့ Yangon School of Social Work ရဲ့ Wave 5 မှာ ဖွင့်လှစ်မယ့် Community Development: Working with Communities (SW 202) ဘာသာရပ်အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။

Working with Communities ဆိုတာဘာလဲ?💁🏼‍♂️

Working with Communities ဆိုတာ Social Work လုပ်ငန်းလမ်းစဉ်တွေထဲက လက်တွေ့ကျတဲ့
နည်းနာကျင့်သုံးရတဲ့လုပ်ငန်းစဉ်တမျိူးဖြစ်ပါတယ်။ အကျဉ်းအနက်ပြန်ရရင်တော့
“ရပ်ရွာလူထုနှင့်အတူတူ လိုအပ်သော ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာများ သို့မဟုတ် အခက်အခဲများကိုအတူတကွပူးပေါင်းဆောင်ရွက်ခြင်း” အကြမ်းအားဖြင့်အနက်ပြန်၍ ရနိုင်ပါသည်။

ဤဘာသာရပ်ကို ဘယ်သူတွေသင်ယူသင့်သလဲ?

ရပ်ရွာလူထု၏ အရေးအရာများဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နှင့်
အခြားသောလူမှုစီးပွားနယ်ပယ်များကို ရပ်ရွာလူထုနှင့် အတူတူ လိုအပ်သော
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းများတွင် လုပ်ကိုင်နေသောသူများ သို့မဟုတ်
လုပ်ကိုင်ရန်စိတ်ဝင်စားသောသူများ သင်ယူသင့်သော ဘာသာရပ်ဖြစ်ပါသည်။

ဒီ Course ကနေ ဘာတွေသင်ယူရမည်လဲ?
👉Community ဆိုတာ ဘာလဲ။

👉Community ရဲ့ သဘောသဘာဝအနေအထားများ။

👉 Working With Communities ဆိုတာဘာလဲ။

👉ဘယ်သူတွေနဲ့ ဘာတွေကို ဘယ်လိုလုပ်ရတာလဲ။

👉 Working with Communities တွင် ဘာဝင်သော ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းလုပ်ရာတွင် သိထားသင့်သည်များ၊ ၎င်းဘာသာရပ်၏နောက်ခံ သမိုင်းအကျဉ်းများ။

👉 ရပ်ရွာလူထုနှင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ရင်ဆိုင်ရတတ်သော အခက်အခဲများ၊အတားအဆီးများ နှင့် စိတ်ခေါ်မှုများ။

👉ရပ်ရွာလူထုနှင့်လုပ်ကိုင်ရာတွင် လက်တွေ့ကျင့်သုံးရမည့် နည်းနာကျင့်ထုံးများ။

အစရှိသည်တို့ကို
အပြန်အလှန်ဆွေးနွေးသည့် ချည်းကပ်ပုံဖြင့် အဓိကသင်ကြားသွားမည်ဖြစ်သည်။

ဒီ Course ကိုတော့ Yangon School of Social Work မှာ မတ်လ ၁၇ ရက်နေ့မှာ ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

သင်တန်းလျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSe0ZvUcER6RBYd7K84puuKTTXgWLErASiJhdMXEYGYqaN3C_g/viewform?usp=sf_link

Need-based Scholarship လျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSfdm0OilcrYrj_jtj_e42CPkf5ylZg72nYoQlhf_F35uYbYWQ/viewform?usp=sf_link 



Community Development: Working with Communities (SW 202)
Yangon School of Social Work, YSSW IT March 7, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Introduction to Essay Writing (SW 107)