​​

Introduction to Essay Writing (SW 107)

Introduction to Essay Writing (SW 107) 

Every Sunday (10:00 AM - 12:00 PM) 22.10.2023 - 10.12.2023 (8 Weeks Course)

ယနေ့မှာတော့ Yangon School of Social Work ရဲ့ Wave 5 မှာ ဖွင့်လှစ်မယ့် Introduction to Essay Writing (SW 107) ဘာသာရပ်အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။

သင်ဟာ သင့်ရဲ့အဖွဲ့အစည်းအတွက် Essay နဲ့ Report တို့ကို ကိုယ်စားပြုရေးသားရတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလဲ❓

စာရေးသားတဲ့အခါမှာရော ပြီးပြည့်စုံတဲ့ Essay, Report ကောင်းတစ်ပုဒ်ဖြစ်ဖို့အတွက် အိုင်ဒီယာတွေ ပျောက်နေပါသလား❓

ဘယ်လိုတည်ဆောက်ရမလဲဆိုတာရော သိပါရဲ့လား❓

ဒီအချက်တွေကိုသာ သင်သတိမထားမိရင် သင့်ရဲ့ Essay, Report ဟာ စင်းလုံးချောအနေနဲ့ ပီပီပြင်ပြင် ထွက်လာမှာမဟုတ်ပါဘူး။

ဒါဆိုရင် ကျွန်တော်တို့ YSSW ကနေပြီးတော့ Introduction to Essay Writing ဆိုတဲ့ အတန်းတစ်တန်းက သင့် Essay ကောင်းတစ်ပုဒ်အတွက်ဖြည့်ဆည်းပေးပါလိမ့်မယ်။ 💁🏼‍♂️

ဒီသင်တန်းမှာဆိုရင် ကွဲပြားလှတဲ့ Report များ (ဥပမာ- Research reports, Project reports) နဲ့ Essay အမျိုးမျိုးရဲ့ တည်ဆောက်ပုံ (အစ၊ အလယ်၊ အဆုံး)တွေကို အဆင့်တစ်ခုချင်းစီအလိုက် သင်ကြားပေးသွားမှာဖြစ်သလို လိုအပ်တဲ့အချက်အလက်များအတွက် ပုံစံငယ် (Prototype) ဖြစ်လာစေရန် မိမိရဲ့ idea များကို ဘယ်လိုတွေးခေါ်ရမယ်၊ ဒေတာ (Data) တွေကိုဘယ်လိုစုဆောင်းရမယ်၊ ရရှိလာတဲ့ရှာဖွေတွေ့ရှိချက်များကို ဘယ်လိုဆန်းစစ်ရမယ်ဆိုတာတွေကို စာတွေ့သာမက မတူညီတဲ့ ခေါင်းစဉ်များနဲ့ လက်တွေ့ပါ ရေးသားပြီး မိမိရဲ့ Essay နဲ့ Report ရေးသားမှုစွမ်းရည်ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် သင်ဟာ သင့်ရဲ့ Essay, Report ရေးသားမှုစွမ်းရည်ကို မြှင့်တင်ချင်သူတစ်ယောက်ဖြစ်မယ်ဆိုရင် "Introduction to Essay Writing"အတန်းမှ သင့်ကိုကြိုဆိုလိုက်ပါတယ်။🙋🏻‍♂️

ဒီ Course ကိုတော့ Yangon School of Social Work မှာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

သင်တန်းလျှောက်ထားရန် Link
https://docs.google.com/forms/d/e/1FAIpQLSe0ZvUcER6RBYd7K84puuKTTXgWLErASiJhdMXEYGYqaN3C_g/viewform?usp=sf_link 



Introduction to Essay Writing (SW 107)
Yangon School of Social Work, YSSW IT March 7, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Diversity and Social Inclusion (SW 105)