​​

Diversity and Social Inclusion (SW 105)

Diversity and Social Inclusion (SW 105) 

Every Wednesday (8:00 PM - 9:30 PM) 13.3.2024 - 1.5.2024 (8 Weeks Course)

ယနေ့မှာတော့ Yangon School of Social Work ရဲ့ Wave 5 မှာ ဖွင့်လှစ်မယ့် Diversity and Social Inclusion (SW 105) ဘာသာရပ်အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။

Diversity and Social Inclusion ဆိုတာဘာလဲ?

ကျွန်တော်လူသားတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မွေးဖွားလာတဲ့ အသိုက်အမြုံ၊ ကြီးပြင်းရှင်သန်ကြတဲ့ ပတ်ဝန်းကျင်၊ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေမျိုးစုံကြောင့် တစ်ယောက်နဲ့ တစ်ယောက်မှာ Diversity လို့ခေါ်တဲ့ မတူကွဲပြားခြားနားမှုတွေရှိနေပါတယ်။

ဒီလိုမတူကွဲပြားမှုတွေရှိနေတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ လက်ခံနိုင်ဖို့အတွက် ပထမဆုံးအနေနဲ့ မတူကွဲပြားခြားနားမှုတွေအကြောင်းသိရှိဖို့လိုပါတယ်။ သိရှိပြီးတဲ့အခါမှာ မတူကွဲပြားမှုတွေနဲ့ပတ်သတ်ပြီး အမြင်တွေပြောင်းလဲနိုင်ဖို့နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာပါ လေးစားတန်ဖိုးထား ပီးလက်တွေ့ကျင့်သုံးနိုင်ဖို့အရေးကြီးပါတယ်။

Social Inclusion ဆိုတာကတော့
လူမှုအသိုင်းအဝိုင်းမှာအားလုံးပါဝင်နိုင်ရေးကိုဆိုလိုပါတယ်။ ဒီ Social Inclusion နဲ့ Diversity ဟာဆက်စပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ မတူကဲပြားခြားနားမှုတွေကို လေးစားတန်ဖိုးထားလိုက်နာကျင့်သုံးမှု ရှိမှသာ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာအားလုံးပါဝင်လာနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Diversity ဆိုကတော့ ကျွန်တော့်တို့မှာ ရှိတဲ့အရာတွေကိုကိုယ်စားပြုပြီး Social Inclusion ကတော့ ကျွန်တော်တို့အားလုံးဝိုင်းဝန်းဆောင်ရွက်ကျရမယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ 💁🏼‍♂️

သင်ယူလေ့လာရရှိသွားမယ့်အရာတွေက?
👉Social Work ရှုထောင့်ဆိုင်ရာမတူကွဲပြားခြားမှုများကိုနားလည်သဘောပေါက်လာခြင်း

👉လူသားများကြုံတွေ့နေရသောအရာများနဲ့ပတ်သတ်ပြီး ပိုမိုသတိထားမိလာနိုင်ခြင်း

👉ယဥ်ကျေးမှုနှင့်လူမှုအဖွဲ့အစည်းသဘောထားများအရ လူသားများနဲ့ ပတ်သတ်သော မတူကွဲပြားခြားမှုများကို ပိုမိုလက်ခံလာနိုင်ခြင်း

👉မတူကွဲပြားမှုနဲ့ ပတ်သတ်ပြီး အသိပညာများနှင့် တုံ့ပြန်ဆောင်ရွက်နိုင်မှုများတိုးတက်စေခြင်း
စတဲ့ အရာတွေပဲဖြစ်ပါတယ်။

ဒီ Course ကိုတော့ Yangon School of Social Work မှာ မတ်လ ၁၃ ရက်နေ့မှာ ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

သင်တန်းလျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSe0ZvUcER6RBYd7K84puuKTTXgWLErASiJhdMXEYGYqaN3C_g/viewform?usp=sf_link

Need-based Scholarship လျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSfdm0OilcrYrj_jtj_e42CPkf5ylZg72nYoQlhf_F35uYbYWQ/viewform?usp=sf_link 



Diversity and Social Inclusion (SW 105)
Yangon School of Social Work, YSSW IT March 7, 2024
Share this post
Tags
Archive
​​
Introduction to Social Work Research Methods