​​

World Social Work Day 2026

လူမှုအသိုင်းအဝိုင်းတစ်ခုဟာအပင်တစ်ပင်နဲ့တူပါတယ်…🌳


မြန်မြန်ဆန်ဆန်ကြီးထွားဖွံဖြိုးလာဖို့ရန်အတွက်၊အဲဒီ့အပင်ကိုပြုစုစောင့်ရှောက်ပျိုးထောင်ပေးသူကိုမဖြစ်မနေလိုအပ်ပါတယ်။အပင်အားယာယီခဏတာဂရုစိုက်ပျိုးထောင်ပေးခြင်းမျှတာမဟုတ်ဘဲ၊ ရေရှည်၌ အစာရေစာလုံလောက်စွာရရှိပြီးကြီးထွားဖွံဖြိုးလာဖို့ရန်အတွက်အပင်ပျိုးသူဟာအရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေပါတယ်။ထို့နည်းတူစွာ Social Workers များကိုလည်းအပင်ပျိုးထောင်သူနှင့်ခိုင်းနှိုင်းချင်ပါတယ်။🍀


Social Workers များဟာ လူသားချင်းစာနာမှု၊ သနားကြင်နာမှုနဲ့ တာဝန်ယူမှုတို့ကို အခြေခံပြီး လူမှုအသိုင်းအဝိုင်းတစ်ခုရေရှည် တိုးတက်ကောင်မွန်လာစေရန်ကဏ္ဍအသီးသီးမှ နေ့စဉ်ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။ 🫂သူတို့ရဲ့ အားထုတ်မှုတွေက လူတစ်ဦးတစ်ယောက်ရဲ့ဘဝကိုသာမက လူ့ဘောင်လောကတစ်ခုလုံးကိုပါ ပိုမိုတည်တံ့ခိုင်မြဲစေပါတယ်။


ဒီလို လူမှုအသိုင်းအဝိုင်းအတွက် အရေးပါသော အခန်းကဏ္ဍများမှ ထမ်းဆောင်နေကြတဲ့ Social Workers များကို ဂုဏ်ပြုရန်အတွက် World Social Work Day 2026 ကို ကျင်းပရန် ၁ ပတ်သာ ကျန်ရှိတော့ပါကြောင်းနှိုးဆော်လိုက်ပါတယ်။ 🌍❗


Social Workers များအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုကြပါစို့။ 💙


Countdown – 1 Week to Go!📣❗


#yssw #YangonSchoolofSocialWork #WorldSocialWorkDay #WSWD2026


World Social Work Day 2026
Yangon School of Social Work, YSSW IT March 12, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
“Co-Building Hope and Harmony: A Harambee Call to Unite a Divided Society”