​​

“Co-Building Hope and Harmony: A Harambee Call to Unite a Divided Society”

“Co-Building Hope and Harmony: A Harambee Call to Unite a Divided Society” ဆိုတာလေးကို ကြားဖူးကြလား 


ဒါလေးကတော့ ဒီနှစ် World Social Work Day ရဲ့ theme လေးဖြစ်ပြီး တော့ ကျွန်တော်တို့ လိုလားတဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် အတူတကွ လုပ်ဆောင်ရမယ်ဆိုတာကို သတိပေးနေပါတယ်


“Harambee” ဆိုတာဟာ အာဖရိက အတွေးအခေါ်တစ်ခုကနေ ဆင်းသက်လာတာဖြစ်ပြီးတော့ ယခုနှစ်ခေါင်းစဉ်ဟာ “အတူတကွ ဆွဲတင်ခြင်း” သို့မဟုတ် “လူတိုင်းအတွက် လူတိုင်း” ဟု အဓိပ္ပာယ်ရပါတယ်။ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် ကူညီထောက်ပံ့မှုနှင့် ပူးပေါင်းတာဝန်ယူမှုကို ခေါ်ဆိုထားပါတယ်။ ယနေ့ခေတ်မှာ ပဋိပက္ခများ၊ မညီမျှမှုများ၊ နေရပ်ရွှေ့ပြောင်းမှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများ တိုးပွားလာနေသည့်အချိန်၌ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ရွေးချယ်စရာမဟုတ်တော့ဘဲ မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုဖြစ်လာနေတာပဲဖြစ်ပါတယ်။


Social Work ဟာ လူ့ဂုဏ်သိက္ခာ၊ လူမှုတရားမျှတမှုနှင့် လူထုပါဝင်မှု တန်ဖိုးများအပေါ် အခြေခံထားသော လုပ်ငန်းဖြစ်ပါတယ်။ Social Worker များဟာ လူမှုအသိုင်းအဝိုင်းများနှင့်အတူ ရပ်တည်ပြီး ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းကို မြှင့်တင်ပေးကာ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပြီးတော့ ယဉ်ကျေးမှု၊ လူမှုရေးနှင့် နိုင်ငံရေး ခြားနားချက်များကြား ဆက်သွယ်မှုများ ဖန်တီးပေးနေကြပါတယ်။


Joachim Mumba၊ International Federation of Social Workers ၏ ဥက္ကဌကလည်း Social Workers များဟာ လူမှုအသိုင်းအဝိုင်းတိုင်းတွင် ရှိနေပြီး အခက်အခဲများကို ရင်ဆိုင်နေသည့် လူများနှင့်အတူ လက်တွဲလျက်ရှိပါသည်။ အတူတကွ ရှေ့ဆက်သွားလျှင် မည်သည့် စိန်ခေါ်မှုမဆို ကျော်လွှားနိုင်ပါသည်” ဟု ဆိုထားပါတယ်။ 


“Harambee” ၏ စိတ်ဓာတ်သည် “ငါရှိခြင်းသည် ကျွန်ုပ်တို့ရှိခြင်းကြောင့်ဖြစ်သည်” ဟူသော Ubuntu အတွေးအခေါ်နှင့်လည်း ကိုက်ညီပါတယိ။ ယင်းဟာ အလှူဒါနကိုသာ ကျော်လွန်ပြီး စည်းလုံးညီညွတ်မှုအမှန်တကယ် ဖန်တီးရန်၊ ခေတ်တစ်ခေတ်တည်းဖြေရှင်းချက်များကိုသာ မကဘဲ စနစ်တကျ ပြောင်းလဲမှုများ ဖန်တီးရန်နှင့် ခွဲခြားမှုများကို ကျော်လွှား၍ ညီညွတ်မှုသို့ ရောက်ရှိရန် ခေါ်ဆိုထားပါတယ်။ 


ကင်ညာ လူမျိုးပုံပြင်တစ်ပုဒ်တွင် “တစ်စည်းတစ်လုံးဖြစ်နေသော သစ်တံများကို မချိုးနိုင်” ဟု ဆိုထားသကဲ့သို့ ကျွန်ုပ်တို့ အတူတကွ ဆွဲတင်လျှင် မည်သည့် အခက်အခဲမဆို ကျော်လွှားနိုင်ပြီး တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် လူ့ဂုဏ်သိက္ခာ ပြည့်ဝသော အနာဂတ်ကို တည်ဆောက်နိုင်ပါတယ်။ 


ယခု World Social Work Day မှာ မျှော်လင့်ချက်နှင့် ညီညွတ်မှုကို အတူတကွ တည်ဆောက်ကြစို့။ ခွဲခြားကွဲပြားမှုများကို ကုစား၍ လူတိုင်း ပါဝင်နိုင်သည့် တရားမျှတပြီး တည်တံ့ခိုင်မြဲသော အနာဂတ်ကို ဖန်တီးကြပါစို့။


#WorldSocialWorkDay2026

#CoBuildingHopeAndHarmony

#Harambee

#SocialWork

#UnityInDiversity

#Solidarity

#CommunityStrength


“Co-Building Hope and Harmony: A Harambee Call to Unite a Divided Society”
Yangon School of Social Work, YSSW IT March 8, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
ကမ္ဘာ့လူမှုလုပ်သားများနေ့- Happy World Social Workers’ Day