​​

ကမ္ဘာ့လူမှုလုပ်သားများနေ့- Happy World Social Workers’ Day

ကမ္ဘာ့လူမှုလုပ်သားများနေ့- Happy World Social Workers’ Day 


ယခုလဟာ ကမ္ဘာတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းအတွက် မမြင်သာသော်လည်း အရေးပါဆုံး အခန်းကဏ္ဍကို ထမ်းဆောင်နေကြသော လူမှုလုပ်သားများအား ဂုဏ်ပြုအပ်သောလဖြစ်ပါတယ်


လူမှုလုပ်သားများဟာ အခက်အခဲများကြားတွင်ရှိနေသော လူများအတွက် မျှော်လင့်ချက်ပေးသူများ ၊ အားပေးကူညီသူများနှင့် ပြောင်းလဲမှုကိုဖန်တီးပေးသူများပင် ဖြစ်ကြပါသည်။ 


လူမှုလုပ်သားအားလုံးကို ဂုဏ်ပြုသောအားဖြင့် International Federation of Social Workers (IFSW) မှ ဦးဆောင်ကာ ကမ္ဘာ့လုပ်သားများနေ့ကို 1983 မှ စတင်၍ နှစ်စဉ် ကျင်းပ ပြုလုပ်လာခဲ့ကြခဲ့ကြရာ 2007 ခုနှစ်တွင် ကမ္ဘာ့လုပ်သားများနေ့ကို March လ၏ တတိယ အပတ် အင်္ဂါနေ့ ၌ တရားဝင်သတ်မှတ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ 


ယခုလို World Social Work Day ကျင်းပရာလအစမှာ လူမှုတရားမျှတမှု ၊ လူ့အခွင့်အရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်နေသော လူမှုလုပ်သားများ အားလုံးကို ကျွန်တော်တို့ Yangon School of Social Work (YSSW) အဖွဲ့သားများမှလည်း ထပ်မံ၍ လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ လူမှုအကျိုးပြုလုပ်ငန်းများကို မေတ္တာ၊ သနားကြင်နာမှုနှင့် တာဝန်ယူမှုတို့ဖြင့် ဆက်လက်ထမ်းဆောင်နိုင်ကြပါစေ။ 


“Co Building Hope and Harmony: A Harambee Call to Unite a Divided Society”


#HappyWorldSocialWorkersDay #YangonSchoolofSocialWork #YSSW


ကမ္ဘာ့လူမှုလုပ်သားများနေ့- Happy World Social Workers’ Day
Yangon School of Social Work, YSSW IT March 5, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
ODSW Batch 2 Students' Geography