Urban Social Work

May 9, 2026 by
Urban Social Work
Yangon School of Social Work, YSSW IT

Urban Social Work ဆိုတာကို စိတ်ဝင်စားပါသလား။


ရန်ကုန်ကဲ့သို့ လျင်မြန်တဲ့ မြို့ပြဖြစ်ထွန်းမှုတွေ၊ မညီမျှမှုတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြားမှာ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းက ပုံစံမျိုးစုံနဲ့ ရုန်းကန်နေကြရပါတယ်။ ဒီလိုအခြေအနေတွေထဲမှာ Social Work ရဲ့ အခန်းကဏ္ဍက အရင်အတိုင်းပဲလား? ဒါမှမဟုတ် အသစ်တစ်ဖန် ပြန်စဉ်းစားဖို့ လိုနေပြီလား?


YSSW နဲ့ Prism of Change တို့ ပူးပေါင်းပြီး ဒီမေးခွန်းတွေအတွက် အဖြေရှာမယ့် Workshop လေးတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ဒီworkshopမှာ -

✅ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်ဖို့

✅ အတွေ့အကြုံနဲ့ အကြံဉာဏ်သစ်တွေ မျှဝေဖို့

✅ စိတ်တူကိုယ်တူ ပြောင်းလဲမှုဖော်ဆောင်သူ (changemakers) တွေနဲ့ ချိတ်ဆက်ဖို့ ဆိုတဲ့ အခွင့်အရေးတွေရမှာဖြစ်ပါတယ်။


🔗 Registration Link

https://lnkd.in/gkp3jG5d


📅 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်၊ တနင်္ဂနွေနေ့။

🕐 အချိန် - နေ့လယ် ၁:၀၀ မှ ၄:၀၀ အထိ

📍 နေရာ - ၅၂၁(ခ)၊ (၃) လွှာ၊ ရွှေဂုံပလာဇာ၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

Google map: https://lnkd.in/gtzKDqEK


ဒီပွဲအတွက် Registration fees ကို သတ်မှတ်ထားတာမျိုးမရှိပဲ "မိမိတတ်နိုင်တဲ့ ပမာဏနဲ့ ကိုယ်တိုင်ပါဝင်အားဖြည့်ခြင်း" ဆိုတဲ့ တန်ဖိုးရှိတဲ့ အလေ့အကျင့်ကောင်းလေးကို ဖော်ဆောင်ချင်တာကြောင့် "Pay What You Can" နဲ့ပဲ မိမိတတ်နိုင်သလောက်ပါဝင်တက်ရောက်လို့ရပါတယ်။ 👏🤝


ကျောင်းသားများ၊ လက်တွေ့နယ်ပယ်မှ ကျွမ်းကျင်သူများ၊ လူမှုအကျိုးပြုလုပ်ဆောင်နေသူများနှင့် မြို့ပြပြဿနာရပ်များကို စိတ်အားထက်သန်သူ မည်သူမဆို တက်ရောက်နိုင်ပါသည်။


အတူတကွ လေ့လာဆွေးနွေးဖို့ စောင့်မျှော်နေပါမယ်။


English Version:


Are you interested in Urban Social Work?


Cities like Yangon are shaped by complexities from rapid urbanization, inequality, environmental challenges to the everyday realities of youth and communities navigating uncertainty. Join us for a reflective and collaborative workshop hosted jointly by Prism of Change and Yangon School of Social Work (YSSW), where we rethink what social work means in this evolving urban context. Get ready to think critically, share experiences and ideas, and connect with like-minded changemakers.

*Open to students, practitioners, community workers, and anyone passionate about urban issues!


🔗 Registration Link:

https://lnkd.in/gkp3jG5d


Date: 17th May, 2026

Time 1:00 PM to 4:00 PM

Location: Yangon School of Social Work (In-person)

Google map: https://lnkd.in/gtzKDqEK


☕️Refreshments: Light snacks and coffee/tea will be provided during the workshop.


📍 Payment: For those contributing via the 'Pay What You Can' system for refreshments, you may complete your contribution at the YSSW Reception desk upon arrival.


#Myanmar #SocialWork #PrismofChange #YangonSchoolofSocialWork #YSSW #UrbanPoverty #Urbanization #CommunityDevelopment



Urban Social Work
Yangon School of Social Work, YSSW IT May 9, 2026
Share this post
Tags
Archive