​​

"Know Your Mind" Workshop

🙌You’re warmly invited to join our upcoming workshop 💛


“Know Your Mind” workshop


💭😕အခုလိုမျိုး စိတ်ရှုပ်ထွေးစရာတွေများတဲ့ လောကကြီးထဲမှာ ကိုယ့်ရဲ့စိတ်ကလေး ကျန်းမာ ချမ်းသာစေဖို့ ဘာတွေလုပ်ရမလဲ သိချင်ကြလား။ 🤔💭


ဒီလိုမျိုး စိတ်နဲ့ ပတ်သတ်ပြီး ပိုပိုနားလည်ချင်တယ်၊ စိတ်ချမ်းသာဖို့အတွက် အလေ့အထ ကောင်းလေးတွေ မွေးမြူချင်တယ်ဆိုရင်တော့ ဒီ workshop လေးက သင့်အတွက်ပါပဲနော်။🌱😇


ဒီ workshop လေးမှာတော့ ကိုယ့်အတွေးတွေ၊ ခံစားချက်တွေကို နားလည်လာဖို့နဲ့ ကိုယ်တိုင်ကို ပိုပြီးသဘောပေါက်လာဖို့ လွယ်ကူတဲ့ activity တွေနဲ့ reflection လုပ်နိုင်မယ့်အခွင့်အရေးတွေအပြင်

🧘‍♂️🫁🌿အသက်ရှုလေ့ကျင့်ခန်းနဲ့ မိမိရဲ့ အာရုံစူးစိုက်မှုကို အားကောင်းစေဖို့ လေ့ကျင့်ရမဲ့ activities လေးတွေလဲ ပါဝင်ပါလိမ့်မယ်။


ဒီ workshop လေးကို သင်ကြားပို့ချပေးမဲ့ သူကလဲ Mental Health နယ်ပယ်မှာ အတွေ့အကြုံပေါင်းများစွာနဲ့ လူပေါင်းများစွာရဲ့ ဘဝတွေကို ကူညီပံ့ပို့ပေးနေတဲ့ “The Art of Living” က ဆရာမတစ်ယောက်ဖြစ်တဲ့အတွက် ဒီ workshop လေးက သင့်အတွက်အကျိုးရှိစေမဲ့ workshop လေးဖြစ်တဲ့‌အကြောင်းကိုလဲ မျှဝေပေးချင်ပါတယ်။


ဒီပွဲအတွက် Registration fees ကို သတ်မှတ်ထားတာမျိုးမရှိပဲ  "မိမိတတ်နိုင်တဲ့ ပမာဏနဲ့ ကိုယ်တိုင်ပါဝင်အားဖြည့်ခြင်း" ဆိုတဲ့ တန်ဖိုးရှိတဲ့ အလေ့အကျင့်ကောင်းလေးကို ဖော်ဆောင်ချင်တာကြောင့် "Pay What You Can" နဲ့ပဲ မိမိတတ်နိုင်သလောက်ပါဝင်တက်ရောက်လို့ရပါတယ်။ 👏🤝


ဘဝရဲ့ အမောတွေကို ဖြေဖျောက်ဖို့နဲ့ မိမိရဲ့ စိတ်ကို အနားပေးပြီး ပိုမိုကျွမ်းဝင်စေဖို့ “ Know Your Mind” workshop လေးကို စာရင်းသွင်းပြီး တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။


Event Details

Registration Link: https://forms.gle/3kJZsi1cX6sbYMLX6


Date: May 10th, 2026 (Sun)

Time: 1:00 PM - 4:00 PM

Fees: Pay What You Can

Location: အမှတ် ၅၂၁(B)၊ ၃ လွှာ၊ ရွှေဂုံပလာဇာ၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

Google Map: https://maps.app.goo.gl/2nNU5yk7aiRR82bC6?g_st=ic


#YSSW #YangonSchoolOfSocialWork #knowyourmind #workshops #workshop #mentalhealth #wellbeing


"Know Your Mind" Workshop
Yangon School of Social Work, YSSW IT April 5, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Meet Our Program Host
Ms. Sheela Devi