​​

The Role of Social Workers

လူမှုလုပ်သား၏ အခန်းကဏ္ဍ (The Role of Social Workers)


Social Workers များသည် လူမှုအသိုင်းအဝိုင်းအတွင်း လူများ တွေ့ကြုံ ခံစား နေရသော လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများကို နားလည်ကာ ဖြေရှင်းပေးရန် အရေးပါသော အခန်းကဏ္ဍကို ထမ်းဆောင်နေကြပါသည်။ 

Social Workers များ၏ ရည်ရွယ်ချက်မှာ လူများ၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးခြင်းနှင့် လူမှုတရားမျှတမှုကို အားပေးမြှင့်တင်ခြင်း ဖြစ်ပါသည်။


ယနေ့မှာလည်း Social Workers များဟာ မည်သို့သော အခန်း ကဏ္ဍ  များမှာ မည့်ကဲ့သို့  လုပ်ဆောင်နေကြသလဲ ဆိုတာနဲ့ ပတ်သတ်ပြီး အနည်းငယ်သော  sharing လေး  အားဖြင့် ထပ်မံ မျှဝေလိုပါတယ်။ 


Social Workers များဟာ 


၁။ အကူအညီပေးသူ (Helper)


Social Workers တို့သည် လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စီးပွားရေး အခက်အခဲများ ကြုံတွေ့နေသော လူများကို ကူညီပံ့ပိုးပေးကြသည်။


၂။ အကြံပေးသူ (Counselor)


Social Workers  များသည် စိတ်ဖိစီးမှု၊ မိသားစုအခက်အခဲများ၊ လူမှုရေးပြဿနာများနှင့် ကြုံတွေ့နေသူများကို အကြံပေးကူညီကြခြင်း အားဖြင့် လည်း ပါဝင်လုပ်ဆောင်နေကြသည်။ 


၃။ လူမှုကာကွယ်ရေးဆောင်ရွက်သူ (Advocate)


အခွင့်အရေးချိုးဖောက်ခံရသော သို့မဟုတ် အားနည်းသော လူအုပ်စုများ၏ အခွင့်အရေးများကို ကာကွယ်ရန် အတွက်လည်း Social Workers များသည် အသံထွက်ပေးပြီး ကူညီပေးကြသည်။


၄။ ဆက်သွယ်ပေါင်းစည်းပေးသူ (Mediator / Linker)


Social Workers များသည် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအကြား ဆက်သွယ်ပေးကာ လိုအပ်သော ဝန်ဆောင်မှုများကို ရရှိနိုင်ရန် ကူညီပေးကြသည်။


၅။ ပညာပေးသူ (Educator)


Social Workers များသည် လူမှုရေးပြဿနာများနှင့် ပတ်သက်သော အသိပညာများကိုလည်း လူထုထံသို့ ပညာပေးကြပြီး လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများစွာ ပြုကြပါသည်။


၆။ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးရေး ဆောင်ရွက်သူ (Community Developer)


Social Workers များသည် အထက်ဖော်ပြခဲ့ သည့် အတိုင်း လူမှုအသိုင်းအဝိုင်းများကို ပူးပေါင်းပါဝင်စေပြီး လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း  ဆောင်ရွက်လျက် ရှိနေကြပါသည်။ 


အကျဉ်းချုပ်အားဖြင့်ဆိုရလျှင် Social Workers များသည် လူမှုတရားမျှတမှုများကို တည်ဆောက်ရန်သာမက လူမှုရေးပြဿနာများကို ဖြေရှင်းရန်နှင့် လူများ၏ ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေရန် အတွက် ဤ ကဲ့သို့ အရေးပါသော အခန်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်လျက် ရှိနေကြသည်မှာ လေးစားအတုယူစရာပင် ဖြစ်သည်။ 


#YSSW #WSWD #socialwork #YangonSchoolofSocialWork #socialworker


The Role of Social Workers
Yangon School of Social Work, YSSW IT March 14, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
World Social Work Day 2026