သင်ဟာ Social work လို့ခေါ်တဲ့ လူမှုဖွံ့ဖြိုးရေးအခန်းကဏ္ဍတွေမှာ ပါဝင်အကောင်အထည်ဖော် အကျိုးပြုနေသူလား ဒါမှမဟုတ် လူမှုဖွံ့ဖြိုးရေးစီမံချက်တွေမှာ စတင်ဝင်ရောက်လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့သူလား…?
သင့်ရဲ့ Project တွေထိရောက်အကျိုးရှိစေဖို့ အထောက်အပံ့ပေးမဲ့ ပညာရင်းနှီးမြုပ်နှံမှုလေးတစ်ခုကို YSSW ကနေ သင့်ဆီကို အရောက်ယူဆောင်လာပါပြီ 🥳
ဒီသင်တန်းလေးဟာ
🗝️ Project ဒီဇိုင်းရေးဆွဲရာတွင်လည်းကောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း လုပ်ဆောင်ရမည့်အဆင့်ဆင့်သောလုပ်ငန်းများ၊ မဖြစ်မနေထည့်သွင်းစဉ်းစားရမည့်အချက်များကို ထည့်သွင်းစဉ်းစားလာတတ်စေရန်
🗝️ Project ဒီဇိုင်းရေးဆွဲရာတွင်သာမက အကောင်အထည်ဖော်မည့်အချိန်တွင် ကြုံတွေ့ရနိုင်သော စွန့်စားနိုင်ခြေများ၊ မိမိတာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍများတွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာရပ်များအား ကြိုတင်တွေးဆ၊ ဝေဖန်ဆန်းစစ်နိုင်စေရန်
🗝️ Project များဆောင်ရွက်ရာတွင် ဆက်ဆံရေးတည်ဆောက်ရမည့် ရပ်ရွာလူ့အဖွဲ့အစည်းများ၊ စီမံကိန်းအဖွဲ့သားများနှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်နိုင်စေရန် စတဲ့ရည်ရွယ်တွေနဲ့
သင်တို့ရဲ့ စီမံကိန်းအကောင်အထည်ဖော်မှုတွေကို ကူညီပေးမှာဖြစ်ပါတယ်
ဘယ်သူတွေက သင်ကြားပေးသွားမှာလဲ?
လူမှုဖွံ့ဖြိုးရေးစီမံကိန်းများနဲ့ပတ်သတ်လို့ အစီအစဉ်ရေးဆွဲစီမံခန့်ခွဲခြင်း၊ ဖွံ့ဖြိုးရေးနှင့်ရပ်ရွာ အသိပညာပေးခြင်း၊ အမျိုးသမီးများအား ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်းအပြင် အမျိုးသမီးများလိုအပ်တဲ့ ဝန်ဆောင်မှုများကို လက်လှမ်းမှီအောင်ဆောက်ရွက်ခြင်း စတဲ့ Social Work နယ်ပယ်မှာ ဆယ်စုနှစ်တစ်ခုကြာ လုပ်ဆောင်နေခဲ့၊လုပ်ဆောင်နေဆဲဖြစ်တဲ့ Instructor ကိုအောင် နဲ့အတူ Facilitator အဖြစ် Yangon School of Social Work (YSSW) ရဲ့ Online Diploma in Social Work ရဲ့ Program Director ဆရာ Paul Mung Ja တို့က ဦးဆောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်
ဘယ်သူတွေအတွက် အသင့်လျော်ဆုံးလဲ?
Project တွေမှာပါဝင်ဆောင်ရွက်နေတဲ့ စီမံကိန်း ဝန်ထမ်းများ၊ လူမှုဖွံ့ဖြိုးရေး အစီအစဉ်များကို ဦးဆောင်ရန် ရည်မှန်းထားသူများ၊ လူမှုဖွံ့ဖြိုးရေးနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်လိုသူများနှင့် စတင်လုပ်ကိုင်ဆောင်ရွက်နေသူများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်လိုသူများ၊ Volunteer များ အနေနဲ့ ဒီ သင်တန်းမှာ တက်ရောက်သင်ကြားကြဖို့ အသင့်လျော်ဆုံးသူတွေဖြစ်ပါတယ်။
သင်တန်းလေးရဲ့ အသေးစိတ်အနေနဲ့က တော့
သင်တန်း အချိန်အဖြစ် အောက်တိုဘာလ ၁၉ ရက်နေ့ နဲ့ အောက်တိုဘာ ၂၆ ရက်နေ့ အဖြစ် ၂ ရက်တာသင်တန်းပြုလုပ်မှာဖြစ်ပြီး ည ၇ နာရီခွဲ ကနေ ၉ နာရီအထိ ဖြစ်ပါတယ်။
📆 : 19th October and 26th October, 2024
⏰ : 7:30 PM to 9:30 PM (MMT)
သင်တန်းကြေးလေးကိုတော့ သင်တန်းသားအသစ်တွေအတွက် 20,000 MMK (၂ သောင်းကျပ်) ဖြစ်ပြီး
အရင် YSSW ရဲ့ဖွင့်လှစ်ခဲ့ပြီးတဲ့ သင်တန်း တွေမှာ တက်ရောက်ခဲ့ဖူးကြတဲ့ ကျောင်းသားဟောင်းဆိုရင်တော့ မိမိတက်ထားတဲ့ သင်တန်းရဲ့ Receipt ကိုပြလိုက်ရုံနဲ့ 10,000 MMK (၁ သောင်းကျပ်) သာကျသင့်မှာဖြစ်ပါတယ်။
လက်ရှိ YSSW ရဲ့ Online Diploma in Social Work ကျောင်းသားတွေအတွက်တော့ ဒီသင်တန်းလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ “အခမဲ့” တက်ရောက်ခွင့်ပေးမှာဖြစ်ပါတယ်။
ဒါပေမဲ့ အတန်းနှစ်ခုလုံးကိုတော့ သေချာဂရုစိုက်အလေးထားတက်ရမယ်နော် 🤗
ကဲ…
ဒါဆိုရင်တော့ စီမံကိန်းဆိုင်ရာစီမံခန့်ခွဲခြင်းဆိုင်ရာ နည်းနာနိဿယတွေကို ဆွေးနွေးဖို့၊ မတူညီတဲ့နယ်ပယ်တွေက စီမံကိန်းစီမံခန့်ခွဲမှုနယ်ပယ်မှာ ပါဝင်ဆောင်ရွက်နေသူတွေ အတွေ့အကြုံဖလှယ်ဖို့၊ လူမှုဖွံဖြိုးရေးလုပ်ငန်းတွေ ထိရောက်စွာဖော်ဆောင်နိုင်ဖို့ အခုပဲ သင်တန်းလေး လာအပ်လိုက်တော့နော်
Project Circle Management Training
2 Days Training
in Announcement
Yangon School of Social Work, YSSW IT
October 27, 2024