​​

Disaster Resilience for Myanmar's Vulnerable Populations



“ထိခိုက်လွယ်သောလူမှုအသိုင်းအဝိုင်းအတွက် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိမှု" ဆွေးနွေးဟောပြောပွဲ
—--------------------------------------------------------------------
EHS Myanmar x YSSW x SMTF | 3.10.2024

⛈️ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်လျှော့ချရေး နေ့ (၂၀၂၄) ခုနှစ် ကိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်း များအတွက် အထူးသဖြင့် မသန်စွမ်းသူများ၊ LGBTQ+ များ၊ အမျိုးသမီးများ နှင့် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာခံနိုင်ရှည်ရှိမှုကို ဆွေးနွေးနိုင်ရန်ဟောပြောပွဲစီစဉ်ထားပါတယ်။

🤝 ယခု ဟောပြောပွဲကို EHS Myanmar မှ ဦးစီးကျင်းပပြီး Yangon School of Social Work (YSSW) နှင့် Shwe Minn Tha Foundation (Myanmar) တို့မှ ပံ့ပိုးကူညီပေးထားပါတယ်။

🚨 မြန်မာနိုင်ငံအတွင်းကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်များ အကြောင်းနှင့် ကြုံတွေ့လာပါက ထိခိုက်ခံစားရဆုံးသူများအကြောင်းကို ဆွေးနွေးသွားမည့်အပြင် ဘေးအန္တရာယ်လျော့ချရေး၊ ရာသီဥတု နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများကို ကျွမ်းကျင်ပညာရှင်များမှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

📣 အထူးအစီအစဉ်တရပ်အနေနဲ့ အကြားအာရုံမသန်စွမ်းသူများအတွက် လက်သင်္ကေတပြဘာသာ စကားကိုလဲ EHS Myanmar နှင့် YSSW တို့မှ ပူးပေါင်းစီစဉ်ထားရှိပေးထားပါတယ်။

🇲🇲 ယခုဆွေးနွေးပွဲကို United Nations Office for Disaster Risk Reduction (UNDRR) တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် တရားဝင်စာရင်းပေးသွင်းထားပြီးဖြစ်လို့ တက်ရောက်သူများကို လည်း Certificate of Attendance (COA) ပေးအပ်သွားမှာဖြစ်ပါတယ်။

📌 ဒါကြောင့်စိတ်ဝင်စားလို့ ဝင်ရောက်နားထောင်လေ့လာချင်တယ်ဆိုရင်တော့ အောက်တိုဘာလ (၁၁) ရက်နေ့ မတိုင်မီ စာရင်းပေးထားဖို့တော့လိုပါမယ်နော်။

​IDRR's Panel Discussion Register Link

ကျင်းပမည့်နေရက်။ ။ အောက်တိုဘာလ (၁၃) ရက်နေ့ (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန်။ ။ မနက် (၁၀) နာရီ မှ နေ့လည် (၁၂) နာရီထိ။
ကျင်းပမည့်နေရာ။ ။ ZOOM Conference Meeting
 


Disaster Resilience for Myanmar's Vulnerable Populations
Yangon School of Social Work, YSSW IT October 9, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
We are Hiring