​​

OpenMic 2024 ရဲ့ ခေါင်းစဉ်များ


OpenMic 2024 ကို ကျွန်တော်တို့ Gender Equality Theme ဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။ 


ဒါကြောင့် အောက်ပါ ခေါင်းစဉ်များထဲမှ မိမိတို့အနေဖြင့် Speaker အနေဖြင့်ဝေမျှချင်တာတွေရှိတယ်ဆိုရင်တော့ အောက်က link မှာ register လုပ်နိုင်ပါပြီနော်။

​Apply Here​

ဒီ Open Mic 2024 အစီအစဉ်ကိုတော့ အောက်ပါ အတိုင်းကျင်းပသွားမှာဖြစ်ပါတယ်။

Date: 26 May,2024 (Sunday)

Time: 1:00 PM - 4:00 PM

Location:  Yangon 


Open Mic နဲ့ ပတ်သတ်ပြီး သိလိုတဲ့‌မေးခွန်းတွေရှိရင်လည်း Yangon School of Social Work Facebook Page Messenger တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ခေါင်းစဉ် ၁:မြန်မာနိုင်ငံမှ Drag Queen တို့ရဲ့ ဘဝဖြတ်သန်းမှုအသံ

Drag Queen ဆိုတာဟာ ထူးကဲတဲ့ မိတ်ကပ်အပြင်အဆင် တွေကိုလိမ်းခြယ်ကာ ဝတ်ရုံရှည် (Lonelg Dress) တွေနဲ့ ဆင်ယင်ထားကြတဲ့ ကပြ‌‌ ဖျော်ဖြေသူများကိုဆိုလိုပါတယ်။ ဥပမာအနေနဲ့ ယခင်က မြန်မာအမျိုးသမီးများကဲ့သို့ ဝတ်စားဆင်ယင်ပြီး နယ်လှည့်ကပြခဲ့ကြတဲ့ “မိုးကြိုးငှက်ငယ်လေးများ” အဖွဲ့ဟာ မြန်မာမှုပြုထားတဲ့ Drag Queen တွေပဲဖြစ်ပါတယ်။ 

ဒီလိုမျိုး Drag Queen တွေဟာ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ လူသိနည်းကြပြီး ခွဲခြားဆက်ဆံမှုတွေကိုလည်း ကြုံတွေ့ခဲ့ရ၊ ယခုလည်း ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ Drag Queen ဆိုတာဟာ လူအများကို Drag Queen အနုပညာ နဲ့ ဖျော်ဖြေနေတဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုသာဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း Drag Queen တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ Drag Queen တို့ရဲ့ ဘဝဖြတ်သန်းမှုအသံတွေကို ဖွင့်ဟချင်တယ်ဆိုရင်တော့ OpenMic 2024 ရဲ့ Speaker တစ်ယောက်အဖြစ် အခုပဲပါဝင်လိုက်ပါ။

ခေါင်းစဉ် ၂: မသန်စွမ်း LGBTQI+ တို့ရဲ့ ရင်ဖွင့်သံ


လူမှုစံနှုန်းတွေနဲ့ ရှေးရိုးစွဲမှု တွေကြောင့် ဒီကမ္ဘာပေါ်က တချို့သူတွေရဲ့ စကားသံတွေဟာ တိတ်ဆိတ်သွားရပါတယ်။

ထိုသူတွေထဲမှာ မသန်စွမ်းLGBTQI+ များလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

မသန်စွမ်းLGBTQI+ များအနေနဲ့ နေ့စဥ်ဘဝမှာ အမျိုးမျိုးသော အခက်အခဲတွေနဲ့ အတားအဆီးတွေကို ကြုံတွေ့နေရပါတယ်။ မသန်စွမ်းတစ်ဦးရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေကို အပြည့်အဝ အသုံးချခွင့် မရကြတဲ့အပြင် ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီးလည်း ခွဲခြားဆက်ဆံမှုတွေရဲ့ သားကောင်တွေ ဖြစ်လာရတော့တာပါပဲ။

ဒါကြောင့်မို့ မသန်စွမ်းLGBTQI+ များအနေဖြင့် ပညာရေးနှင့်အလုပ်ခွင်တို့မှာရသင့်တဲ့ အခွင့်အရေးများ မရရှိကြခြင်း၊ သူတို့ရဲ့ စွမ်းရည်နဲ့ ပတ်သတ်ပြီး အထင်အမြင် လွဲမှားခံကြရခြင်း၊ ဖိနှိပ် အနိုင်ကျင့်ခံရခြင်း၊ ဖြစ်တည်မှုကို အသိအမှတ်ပြုမခံကြရခြင်း နှင့် လူမှုအသိုင်းအဝိုင်းထဲမှ ဖယ်ကြဥ်ခံရခြင်း အစရှိသဖြင့် နေ့စဥ်ဘဝမှာ အခက်အခဲများစွာကို ကြုံတွေ့နေကြရပါတယ်။

တကယ်လို့ သင်က မသန်စွမ်း LGBTQI+ တစ်ယောက်အနေနဲ့ တိတ်တဆိတ်ဖြတ်သန်းရတဲ့ အခက်အခဲတွေကို အတူမျှဝေလိုပါသလား ❓

ကိုယ် ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေကို ဘယ်လိုမျိုး အားယူ ကျော်လွှားခဲ့တယ်ဆိုတာကိုမျှဝေရင်း တခြားသောသူတွေကိုလည်းစိတ်ဓာတ် ခွန်အားတွေ ပေးချင်ပါလား❓

ဒါဆိုရင်တော့ OpenMic 2024မှာ အတူပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ခေါင်းစဉ် ၃: LGBTQI+ နှင့် အမျိုးသမီး တို့ကြုံတွေ့ရသော ခွဲခြားဆက်ဆံခံရမှုများအကြောင်း

ဒီနေ့ခေတ် ကမ္ဘာကြီးဟာ ခေတ်မှီတိုးတက်လာသည်နှင့်အမျှ ပွင့်လင်းမြင်သာမှုနှင့်အတူ တန်းတူညီမျှအခွင့်အရေးများလည်း ပေါများလာကြပါတယ်။အရင်က လိင်စိတ်ကွဲပြားသူများနှင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုများကို ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ သိသိသာသာမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။အဲ့အချိန်က ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ခဲ့ရသူတွေဟာ ဒီအဖြစ်အပျက်တွေကို နှုတ်ဆိတ်ကာ နေခဲ့ရပါတယ်။ ယနေ့ခေတ်မှာ ဒီလိုခွဲခြားဆက်ဆံမှုများ နေပေမယ့် ဒီအဖြစ်အပျက်တွေကို ပွင့်လင်းမြင်သာစွာပြောဆိုခွင့်ရှိလာကြပြီဖြစ်ပါတယ်။

ဒါကြောင့် သင်ဟာLGBTQI+ တစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးဖြစ်တဲ့အပြင် ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့နေရသူဖြစ်ခဲ့ရင် OpenMic 2024မှာ လာရောက်ရင်ဖွင့်လှည့်ပါလို့ဖိတ်ခေါ်လိုက်ရပါတယ်။

ခေါင်းစဉ် ၄: ကျား၊ မ အခြေပြု အိမ်တွင်းအကြမ်းဖက်မှုခံနေရသူများ၏အသံ

အိမ်တွင်းအကြမ်းဖက်မှုဆိုတာဟာ မိသားစုတွင်း စိတ်ပိုင်းဆိုင်ရာဖြစ်စေ ကိုယ်ပိုင်းဆိုင်ရာ ဖြစ်စေထိခိုက်နာကျင်အောင် ရည်ရွယ်ချက်ရှိရှိ ပြုမူဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ စကားနှင့်ဖြစ်ဖြစ် ကိုယ်ထိလက်ရောက်ဖြစ်ဖြစ် ထိပါးစော်ကားကာ နာကျင်အောင်ပြုလုပ်ကြတာတင်မဟုတ်ပဲ တစ်ဖက်သူကို ကြောက်လန့်အောင် ခြိမ်းခြောက်တာတွေ၊ မလုပ်လိုတဲ့အရာကို လှည့်စားပြီး လုပ်ခိုင်းပြီး အရှက်ခွဲတာတွေ၊ အပြစ်တင်ရှုပ်ကြတာတွေဟာလည်း အိမ်တွင်းအကြမ်းဖက်မှုရဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။ ဒီလိုအိမ်တွင်းအကြမ်းဖက်မှုဟာဆိုရင် အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ကမ္ဘာတစ်ဝှမ်းမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

အကယ်လို့များ သင်ဟာလည်း ကျား၊ မ အခြေပြုအိမ်တွင်းအကြမ်းဖက်မှုကို လက်ရှိခံစားနေရတဲ့ ဒါမှမဟုတ် ခံစားခဲ့ရဖူးတဲ့ လူတစ်ယောက်ဖြစ်ပြီး ကိုယ့်ရဲ့ အတွေ့အကြုံကို တခြားသူတွေကို ဖွင့်ဟမျှဝေချင်တယ်ဆိုရင်တော့ OpenMic 2024 အစီအစဉ်လေးကို ပါဝင်ဖို့ဖိတ်ခေါ်ပါရစေနော်။

ခေါင်းစဉ် ၅: LGBTQI+ တို့ရဲ့ဘဝနေထိုင်မှုပုံစံ

ဒီနေ့ခေတ်မှာ လူတွေရဲ့ အနေအထိုင်၊ အကျင့်စရိုက်နဲ့ အပြုအမူတွေဟာ ပြောင်းလဲလာသလို တစ်ပါးသူအပေါ်ထားတဲ့ အမြင်တွေ၊အယူအဆတွေကလည်း ပြောင်းလဲလာကြပါတယ်။ ဒါပေမယ့် lGBTQI+ တွေရဲ့ ဘဝနေထိုင်ရမှုတွေဟာ ဘယ်လိုတွေရှိနေသလဲ၊ အထူးသဖြင့် ကျပ်တည်းတဲ့ ကာလတွေမှာ သူတို့အနေနဲ့ နိစ္စဓူဝစေ အဝဝ ကို ဘယ်လိုဖြေရှင်းနေထိုင်နေကြသလဲ၊ လူအများရဲ့ သူတို့အပေါ် အရင်ကထားခဲ့တဲ့ အတွေးအမြင်တွေကိုရော ဘယ်လိုတုံ့ပြန်နေကြလဲ ဆိုတာကို ကျွန်တော်တို့ မသိနိုင်ပါဘူး။

ဒါကြောင့် သင်ဟာ LGBTQI+ တို့ရဲ့ဘဝနေထိုင်မှု ကို ထုတ်ဖော် ပြောဆိုချင်တယ်ဆိုရင်တော့ OpenMic 2024 က စောင့်ကြိုနေပါပြီ။

ခေါင်းစဉ် ၆: အစဉ်အလာအရ ယောကျာ်းပီသမှုအပေါ် အမြင်ကို စိန်ခေါ်သည့် အမျိုးသား

  "ယောင်္ကျားကွ မငိုရဘူး" "ယောင်္ကျားလေးဖြစ်ပြီး ပျော့တိပျော့ညံ့နဲ့ကွာ" "ယောင်္ကျားလေးဖြစ်ပြီး မိန်းမလို မိန်းမရ စကားတွေပြောနေတယ်" "မင်း ယောင်္ကျားမဟုတ်ဘူးလား" ဆိုတဲ့ စကားတွေကို ကျွန်‌တော်တို့ ကိုယ်တိုင် မပြောကြသည့်တိုင်အောင် လူ့အသိုင်းအဝိုင်းထဲမှာ သူသူငါငါ ပြောတာတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ 


တစ်ခါတလေ စဥ်းစားကြည့်ဖူးပါသလား ❓ ယောင်္ကျားဆန်တယ်ဆိုတာ ဘယ်အရာတွေကို မူတည်ပြီး တိုင်းတာ သတ်မှတ်တာလဲ ဆိုတာကို…


ကလေးဘဝ သိတတ်စအရွယ်တွေက စပြီး ယောင်္ကျားတွေဆိုတာ မငိုဖို့ ခံစားချက်တွေကို ဖိနှိပ်ထားပြီး ထုတ်ဖော်မပြသဖို့ သန်မာဖို့ တို့ကို သင်ယူခဲ့ကြရင်း ငိုတာ၊ ခံစားလွယ်တာ၊ နူးညံ့ သိမ်မွေ့တာတွေက  ယောင်္ကျားမဆန်ဘဲ ရှက်ရွံစရာလို့ သိနားလည်ခဲ့ကြပါတယ်။ဒါကြောင့်မို့ ဒီရှေးယူစွဲ အယူအဆတွေနဲ့ မတူညီတဲ့ ယောင်္ကျာလေးတွေဟာ သူတို့ရဲ့ ဖြစ်တည်မှု ရွေးချယ်မှုတွေနဲ့ ပတ်သတ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောတာလို အခြေခံ အခွင့်အရေးတွေကို ဆုံးရှုံးနေကြရုံသာမကဘဲ လှောင်ပြောင်ခံရခြင်း၊ ခွဲခြားဆက်ခံခြင်း၊ အနိုင်ကျင့်ခြင်း၊ ဝိုင်းဖယ်ကြဥ်ထားခြင်းတို့ကစပြီးတော့ အကြမ်းဖက်ခြင်းတို့လို အန္တရာယ်များတဲ့ အပြုအမူတွေရဲ့ သားကောင်တစ်ဖြစ်လဲ နေ့စဥ်ဘဝမှာ အခက်အခဲတွေကို ကြုံတွေ့ရကြပါတယ်။

အကယ်၍ သင်ဟာ အစဉ်အလာအရ ယောကျာ်းပီသမှုပေါ် တွန်းလှန်ခဲ့ခြင်းကြောင့် ရလာတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုဖြတ်ကျော်ခဲ့လည်းဆိုတာ မျှဝေပေးချင်တယ်ဆိုရင်တော့ Open Mic 2024 မှ သင့်အား Speaker တစ်ယောက်အဖြစ် ဖိတ်ခေါ်လိုက်ပါတယ်။

ခေါင်းစဉ် ၇: လိင်ပြောင်းသူတစ်ဦး၏ဘဝခရီး

Transgender ဆိုတာကတော့ အမျိုးသားမှ အမျိုးသမီးသို့ဖြစ်စေ၊ အမျိုးသမီးမှ အမျိုးသားသို့ဖြစ်စေ ဆန့်ကျင်ဘက်လိင်အဖြစ်ခံယူထားသူတွေကိုဆိုလိုပါတယ်။ 
မြန်မာနိုင်ငံမှာ လိင်ပြောင်းအမျိုးသား၊ အမျိုးသမီးတွေကို အရင်ကထက် တွေ့မြင်လာရပြီဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာလည်း တခြားသော LGBTQI+ များနည်းတူ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံတာခံရတာ၊ ဟာသတစ်ခုအနေနဲ့သ‌ရော်တာတွေကို ခံစားလာခဲ့ကြရပါတယ်။ ၎င်းတို့ဟာ မိမိရဲ့ လွတ်လပ်ပိုင်ခွင့်တွေကို ဆုံးရှုံးခဲ့ရပြီး ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်ခြင်းကိုပါ ခံစားခဲ့ရပါတယ်။ 
ဒီလိုခံစားခဲ့ရပေမယ့်လည်း Transgender တွေဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ရင်း လူအများရဲ့ အကျိုးစီးပွားအတွက် အစွမ်းကုန် အကျိုးပြုနေသူတွေလည်းဖြစ်ပါတယ်။ 
ဒါကြောင့် သင်ဟာ Transgender တစ်ယောက်ဆိုရင် မိမိဘယ်လို ဖြတ်ကျော်ခဲ့ရတယ် ဆိုတာတွေကို မျှဝေပေးဖို့  OpenMic 2024 ကနေ သင့်အားဖိတ်လိုက်ပါတယ်။

ခေါင်းစဉ် ၈:  STEM နယ်ပယ်မှ အမျိုးသမီးများ

STEM လို့ခေါ်တဲ့ Science, Technology, Engineering, Mathematics စတဲ့ သိပ္ပံနယ်ပယ်တွေဟာ များသောအားဖြင့် အမျိုးသားတွေ အများဆုံး ရှိကြတဲ့ အသက်မွေး‌ဝမ်းကြောင်း နယ်ပယ်တွေပဲဖြစ်ပါတယ်။ ဒီလိုအမျိုးသားတွေကျင်လည်နေတဲ့ နယ်ပယ်မှာ အမျိုးသမီးတွေ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ဟာ မလွယ်ကူသလို တန်းတူအခွင့်အရေးအတွက်လည်း တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ STEM နယ်ပယ်မှ မမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလို ခွဲခြားဆက်ဆံမှုတွေကို ဘယ်လိုများဖြတ်ကျော်ခဲ့လည်းဆိုတာကို မျှဝေပေးနိုင်ဖို့ Open Mic 2024 မှ ဖိတိခေါ်လိုက်ရပါတယ် ခင်ဗျာ။

ခေါင်းစဉ် ၉:  Non-binary တို့ရဲ့ ဘဝဇာတ်ကြောင်း

တချို့သော သူတွေဟာ ကိုယ့်ရဲ့ Identity ကို အမျိုးသား (He) သို့မဟုတ် အမျိုးသမီး (She) အနေနဲ့ ကျား၊ မ ဖြစ်ခြင်းဆိုတဲ့ Gender အရခွဲခြားမထားဘဲ Non-Binary (They၊ Them) အဖြစ်သတ်မှတ်ကြတာဖြစ်ပါတယ်။  
Non-Binary  တွေဟာ သူတို့ကိုယ်တိုင် ကျား၊ မ အနေနဲ့ သတ်မှတ်ထားမှုမရှိတာကြောင့် ပတ်ဝန်းကျင်ကနေ သူတို့အပေါ်သတ်မှတ်မှုတွေကို ခံစားလာကြရင်း ခွဲခြားဆက်ဆံခံရတာတွေကို ဘဝတစ်လျှောက်လုံးတွေ့ကြုံလာခဲ့ကြရပါတယ်။ ဒီလို မိမိဖြစ်တည်မှုကို သာတန်ဖိုးထားပြီး ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေကနေ ဘယ်လို ဖောက်ထွက်ပြီး ရှင်သန် နေလည်းဆိုတာ Open Mic 2024 မှာ လာရောက်မျှဝေလိုက်ပါခင်ဗျာ။

ခေါင်းစဉ် ၁၀: လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှု

လုပ်ငန်းခွင်ဆိုင်ရာ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုများ
လုပ်ငန်းခွင် ဆိုတာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်တွေ၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်တွေကို မြှင့်တင်ပေးတဲ့နေရာ ဖြစ်ပါတယ်။
လုင်ငန်းခွင်မှာကျွန်တော်တို့ဟာ  ကောင်းမွန်တဲ့ ဆက်ဆံရေးများကိုတွေ့ကြုံရသလို ခွဲခြားမှုရှိတဲ့ဆက်ဆံမှုတွေကို တွေ့ကြုံရတတ်ပါတယ်။ဒီထဲမှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေဟာ ကြုံတွေ့ခဲ့ရသူအပေါ်မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာအရပါ ဆိုးရွားမှုကြီးကြီးမားမား ဖြစ်ပေါ်စေပါတယ်။ ဒီလို မနှစ်မြို့စရာ အဖြစ်အပျက်တွေရှိခဲ့တဲ့သူတွေဟာ အလင်းမရှိတဲ့ အခန်းတစ်ခန်းထဲမှာပိတ်လှောင်ခံရတဲ့ သူတွေလို ခိုကိုးရာမဲ့တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအဖြစ်အပျက်ဆိုးကြီးထဲက ရုန်းထွက်ချင်သူတွေအတွက် OpenMic 2024 မှာ သင့်အနေဖြင့်ဘယ်လို ဖြတ်သန်းအောင်မြင်ခဲ့လည်းဆိုတာ လာရောက်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ။



OpenMic 2024 ရဲ့ ခေါင်းစဉ်များ
Yangon School of Social Work, YSSW IT May 5, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Open Mic 2024
Gender Equality