​​

Open Mic 2024

Gender Equality

ဘာကြောင့် 

Open Mic 2024 မှာ ကိုယ့်ရဲ့ Story တွေကို မျှဝေရသလဲ?


OpenMic 2024 Event အတွက် Speaker များကို ဖိတ်ခေါ်နေပါတယ်။


OpenMic ရဲ့ ရည်ရွယ်ချက်ကတော့ မိမိရဲ့ လူအများကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့တဲ့ အတိတ်တွေနဲ့ စိတ်ဒဏ်ရာတွေကို မိမိနဲ့ ဘဝတူသူများနဲ့ စိတ်လုံခြုံစိတ်ချစွာ ပြောကြားနိုင်မယ့် နေရာလေးတစ်ခု ဖြစ်ဖို့ပဲဖြစ်ပါတယ်။ 


ဒီနှစ်ရဲ့ Theme ကိုတော့ Gender Equality အဖြစ်ရွေးချယ်ထားကာ OpenMic 2024 ကိုပြုလုပ်ကျင်းပမှာပဲဖြစ်ပါတယ်။ 


နိုင်ငံတိုင်းက အရေးတယူဆောင်ရွက်နေတဲ့ အရာတွေထဲမှာ ကျား၊ မတန်းတူအခွင့်အရေးရရှိရေး ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။  Gender Equality ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ၊လူကျင့်ဝတ် နဲ့ လူမှုပတ်ဝန်းကျင်တိုးတက်ပြောင်းလဲရေးတို့အပေါ်များစွာ သက်ရောက်မှုရှိနေပါတယ်။ 

လူတိုင်း လူတိုင်းဟာ ကျား၊ မ မခွဲခြားဘဲ ဘဝကိုမျှတစွာနေထိုင်ဖို့နဲ့ ထုတ်ဖော်ပြောဆိုနိုင်ဖို့ ထိုက်တန်တဲ့လူသားတွေပါပဲ။ 


ဒါကြောင့် Gender Equality Theme အောက်မှာ ကိုယ်မပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြောဖို့ခွန်အားယူ နေကြသူများအတွက် အခုပဲ အောက်က Form လေးမှာ Register လုပ်ပြီး OpenMic 2024 ရဲ့ Speaker အဖြစ်ပါဝင်လိုက်ပါ။ 


Register လုပ်ရန် Link:


https://docs.google.com/forms/d/e/1FAIpQLSczN63oq3ANLFdo80aXJzbo4nTwAFbicR0Zr7N1DSppav70qA/viewform?usp=sf_link


ပါဝင်နိုင်မယ့် ခေါင်းစဉ်တွေကတော့ 


ခေါင်းစဉ် ၁: မြန်မာနိုင်ငံမှ Drag Queen တို့ရဲ့ ဘဝဖြတ်သန်းမှုအသံ


ခေါင်းစဉ် ၂: မသန်စွမ်း LGBTQI+ တို့ရဲ့ ရင်ဖွင့်သံ


ခေါင်းစဉ် ၃: LGBTQI+ နှင့် အမျိုးသမီး တို့ကြုံတွေ့ရသော ခွဲခြားဆက်ဆံခံရမှုများအကြောင်း


ခေါင်းစဉ် ၄: ကျား/မအခြေပြု အိမ်တွင်းအကြမ်းဖက်မှုခံနေရသူများ၏အသံ 


ခေါင်းစဉ် ၅: LGBTQI+ တို့ရဲ့ဘဝနေထိုင်မှု


ခေါင်းစဉ် ၆: အစဉ်အလာအရ ယောကျာ်းပီသမှုအပေါ် အမြင်ကို စိန်ခေါ်သည့် အမျိုးသား


ခေါင်းစဉ် ၇: လိင်ပြောင်းသူတစ်ဦး၏ဘဝခရီး


ခေါင်းစဉ် ၈:  STEM နယ်ပယ်မှ အမျိုးသမီးများ


ခေါင်းစဉ် ၉:  Non-binary တို့ရဲ့ ဘဝဇာတ်ကြောင်း


ခေါင်းစဉ် ၁၀:  လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှု 


ဒီ Open Mic 2024 အစီအစဉ်ကိုတော့ အောက်ပါ အတိုင်းကျင်းပသွားမှာဖြစ်ပါတယ်။


Date: 26 May, 2024 (Sunday)

Time: 1:00 PM - 4:00 PM

Location:  Yangon 



Open Mic နဲ့ ပတ်သတ်ပြီး သိလိုတဲ့‌မေးခွန်းတွေရှိရင်လည်း Yangon School of Social Work Facebook Page Messenger တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


#YSSW

#Openmic

#LGBTQI+

#GenderBasedViolence 

#Disability

#DragQueen

Open Mic 2024
Yangon School of Social Work, YSSW IT April 27, 2024
Share this post
Tags
Archive
​​
Character Driven Leadership
Arizona State University