​​

CFS

ကလေးတွေအတွက်စီမံကိန်းလား

စီမံကိန်းအတွက်ကလေးတွေလား

ဒီနေ့ YSSW ရဲ့ ငလျင်ဘေးဒဏ်သင့်ကလေးသူငယ်များအတွက် Child Friendly Space(CFS) Project ကို Mandalay & Sagaing မှာ ဇွန်လ ၂ ရက်ကနေ့ Tdh နဲ့ပူးပေါင်းဆောင်ရွကိမှု စတင်မှာဖြစ်ပါတယ်။ YSSW အနေနဲ့ အဖက်ဖက်ကနေပါဝင်ကူညီပံ့ပိုးတဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့ လှူဒါန်းမှုများကြောင့် ဒီProject ကို ကျပ်ငွေ သိန်းပေါင်း ၄၄၀ နီးပါးထောက့်ပံ့ခဲ့ပါတယ်။ ဒါ့အပြင် YSSW ရဲ့မိတ်ဖက်ပုဂ္ဂလိကအဖွဲစည်းများနဲ့ ပူးပေါင်းပီး (ဥပမာ-Pepsi မှ ရေကတ်ပေါင်း တသောင်းကျော်၊ Royal D မှ ဗူး ၇၂၀) တိုကို လှူဒါန်းခဲ့ပါတယ်။ အရေးကြီးဆုံးအချက်က ဒီသင်တန်းမှာ ပါဝင်မဲ့ YSSW Volunteers များ (စစ်ကိုင်း-အမျိုးသမီးလူငယ်လေး၄ ဦး၊ မန္တလေး-အမျိုးသားလူးငယ်များ ၅ ဦး၊ Facilitator အမျိုးသမီးတဦး)၊ ဦးဆောင်မည့် Social Workers နှစ်ဦး၊ ပါရမီ တက္ကသိုလ်မှ အလုပ်သင်စေတနာ့ဝင်တန်း ၅ ဦး တိုကို အခြေခံကျကျ CFS သဘောသဘာဝကို နားလည်သဘောပေါက်ပီး ကလေးသူငယ်များရဲ့ အခွင့်ရေးတွေကိုအကောင်းဆုံးကာကွယ်စောင့်ရှောက်နိူင်ဖို သင်ကြားပေးသွားမှာကတော့

YSSW ရဲ့ Faculty Members ဖြစ်တဲ့ YSSW ဆရာ၊ ဆရာမများဖြစ်တဲ့ ဆရာ Myo Myint Htun ဆရာမ Ohnmar Khaing ဖြစ်ပါတယ်။ Art-based/Play-based Games တွေကိုလည်းသက်ကြားပေးမဲ့ ဆရာမ Su Htwe လည်းပါဝင်အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။ ဒီ Project ကစစဥ်းစားကထဲက အခြေခံအကျဆုံး ၃ ချက်ဖြစ်တဲ့ ကလေးတွေမာ ဘယ်လို Risks တွေရှိနေလဲဆိုတာကိုရှာဖွေပီး ကလေးတွေရဲ့အခွင့်ရေးကာကွယ်စောင့်ရှောက်နိုင်မှု

Child Protection ဖော်ဆောင်နိုင်အောင်၊ ကလေးတွေအတွက်လုံခြုံဘေးကင်းတဲ့ Safe Space လိုခံစားပီးသူတိုရဲ့ စိတ်ခံစားချက်တွေဖော်ပြပေးနိုင်လာအောင်၊ သူတိုစိတ်ဒဏ်ရာတွေကို မှန်ကန်တဲ့ Coping Mechanism နည်းလမ်းတွေတတ်မြောက်အောင်သင်ပေးနိုင်မှုဆိုတဲ့ အချက်သုံးချက်ကို အရည်သွေးပြည့်မှီအောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 

ကလေးပေါင်း ၆၅၈ ယောက်အတွက် ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပါတယ်။ အာဟာရပြည့်ဝဖို၊ တကိုယ်ရေကျန်းမာဖိုတိုကိုလည်းထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါတယ်။ ဒီထက့်မက လုပ်ချင်နေတာတွေရှိနေသေးတဲ့အတွက် ပါဝင်ကူညီလှူဒါန်းပေးကြပါဦးလို မေတ္တာ ရပ်ခံပါတယ်။

မှတ်ချက်၊ စစ်ကိုင်းဘက်နဲ့ ပြည်လုံးချမ်းသာဘကဘုန်းဘုန်းကျောင်းက ကလေးတွေအတွက် မိုးလုံ ၊နေပူခံစေမဲ့ Tent ၁၂ ခုဝယ်ဖိုလိုအပ်နေပါသေးတယ်ဗျ။ အားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပီး လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ။










CFS
Yangon School of Social Work, YSSW IT May 9, 2025
Share this post
Tags
Archive
​​
Volunteer Wave 10