​​

Volunteer Wave 10

“သင့်ရဲ့ လုပ်အားကို YSSW နဲ့ အတူ ပူးပေါင်းမြှင့်တင်လိုက်ပါ” 

 

📌YSSW ဟာဆိုရင် မြန်မာနိုင်ငံရှိ social work နှင့် ပက်သက်သော အသိပညာ၊အတတ်ပညာများကို မြှင့်တင်ပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးနေသည့် အဖွဲအစည်းဖြစ်ပါသည်။


ယခုအချိန်မှာတော့ YSSW ကနေ သင့်အတွက် မဟာအခွင့်အရေးတစ်ခုကို ယူဆောင်လာတာပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးမှာတော့ သင့်ရဲ့ အသိပညာ၊ အတတ်ပညာတွေကို YSSW နဲ့အတူ အသုံးချရင်း လူမှုအကျိုးပြုလုပ်ငန်းတွေကို တက်ကြွစွာပါဝင်လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီ Volunteer Program မှာတော့ 

 🎨 Graphic Designer  🎞 Video Editor  📝 Content Creator

စတဲ့ position သုံး if Iခုအတွက် စိတ်ပါဝင်စားတဲ့ လူငယ်တွေကို ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်။ 


🗓 ဤ Program လေးကတော့ July 19th မှ August 20th အထိ ကြာမြင့်မှာဖြစ်ပြီး၊ 💻 Online program ဖြစ်တဲ့အတွက် မည်သူမဆို မိမိနေထိုင်ရာ‌ဒေသကနေ ပါဝင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။


🙋Volunteer တစ်ဦးအဖြစ် ပါဝင်လိုသူများအနေနဲ့  ✔️ တစ်ပတ်ကို ၄ နာရီဝန်းကျင်ခန့် အချိန်ပေးနိုင်ရပါမယ်။  ✔️ အပတ်စဉ် ပုံမှန်အစည်းအဝေး တက်ရောက်နိုင်ရပါမယ်။  ✔️ YSSW မှ ပြုလုပ်မည့် Event များတွင် Moderator သိုမဟုတ် Organizing Member အဖြစ် ပါဝင်ကူညီနိုင်ရပါမယ်။


🎓 Program ပြီးဆုံးပါက သင့်မှာ volunteer experience များစွာ ရရှိမည့်အပြင် သင့်အတွက် အထူးပြင်ဆင်ပေးထားမယ့် YSSW Completion Certificate ကိုလည်း ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။


ဒါဆို သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တစ်စိတ်တစ်ပိုင်းကို လူမှုအကျိုးပြုလုပ်ငန်းများမှာ အသုံးပြုချင်တယ်ဆိုရင်တော့ အခုပဲ ပါဝင်လျှောက်ထားလိုက်တော့နော်!


📌 Registration Deadline - July 19, 2025 (Saturday)

📥 လျှောက်ထားလိုသူများအတွက် Link 👇  https://forms.gle/2mQnUaSrQHJRDQNk9


#yssw #volunteer #volunteering #socialwork #wave10 #recruitment










Volunteer Wave 10
Yangon School of Social Work, YSSW IT July 11, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
ODSW Batch 1 Graduation