Are you thinking of selling?
The Art of Self-Regulation Workshop
တစ်ခါတလေမှာ ကိုယ်ဘာကြောင့် စိတ်တိုနေလဲ၊ အရာရာကို အတွေးလွန်နေလဲ ၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေရလဲဆိုတာ ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။
တချို့အချိန်တွေမှာ ကိုယ့်ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲနေတတ်သလို စိတ်ထဲမှာ ခံစားနေရတာတွေနဲ့ အပြင်မှာ တုံ့ပြန်မိတဲ့ အပြုအမူတွေကြားမှာ မျှတအောင် လုပ်ဆောင်ဖို့ ခက်ခဲတတ်ပါတယ်။
နေ့စဉ်ဘဝရဲ့ တာဝန်တွေ၊ လူမှုဆက်ဆံရေးတွေ၊ မျှော်လင့်ချက်တွေ နဲ့ ဖိအားတွေကြားမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့လျော့သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ကိုယ့်ခံစားချက်တွေကို နားလည်ပြီး စိတ်ဖိစီးမှုတွေကို ကျန်းမာတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်တတ်ဖို့နဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို သတိပြုမိဖို့ဆိုတာ နေ့စဉ်ဘဝမှာ အရေးပါပါတယ်။
ဒါကြောင့် YSSW နဲ့ Thrive Together တို့မှ ပူးပေါင်းကျင်းပမည့်
The Art of Self-Regulation Workshop ကို မိတ်ဆက်ပေးလိုက်ပါတယ်။
ဒီ Workshop က
ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ဘယ်လိုဖြစ်ပေါ်လာတတ်သလဲ၊ အဲဒီခံစားချက်တွေက ကိုယ့်အတွေးအမြင်နဲ့ အပြုအမူတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ ပိုမိုနားလည်လာဖို့
စိတ်ဖိစီးမှုတွေ၊ မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ နေ့စဉ်ဘဝရဲ့ စိန်ခေါ်မှုတွေကြားမှာ ကိုယ့်ခံစားချက်တွေကို သတိပြုမိပြီး ပိုမိုကျန်းမာတဲ့ တုံ့ပြန်မှုတွေကို ရွေးချယ်တတ်လာဖို့
စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့အတွက် ရည်ရွယ်ပါတယ်။
ဒီ Workshop ကို
• စိတ်ဖိစီးမှုတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်တတ်ချင်သူများ
• ကိုယ့်ရဲ့ စိတ်ခံစားချက်တွေနဲ့ တုံ့ပြန်မှုတွေကို ပိုမိုနားလည်ချင်သူများ
• စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကျန်းမာတဲ့နည်းလမ်းတွေနဲ့ ရင်ဆိုင်တတ်ချင်သူများ တက်ရောက်နိုင်ပါတယ်။
Workshop မှာပါ၀င်တဲ့ Activities တစ်ခုချင်းဆီကို အတူတူလေ့ကျင့်ပြီး ကိုယ့်ရဲ့ Self- tools တွေကို ရှာဖွေကြရမှာဖြစ်ပါတယ်။
ဒါကြောင့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ပြုလုပ်မယ့် ပွဲလေးကို အတူတူ လာရောက်ပါဝင်ပြီး စိတ်ပင်ပန်းမှုတွေကို ဖြေလျှော့လိုက်ကြရအောင်နော်။
ကိုယ့်ခံစားချက်တွေကို နားလည်ခြင်းဟာ အားနည်းခြင်းမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပိုမိုသိရှိနားလည်လာဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုပါပဲ။
📆Date: November 7, 2026 (Saturday)
🕑Time: 2:00 PM - 4:00 PM
📍Venue: 521 (B), 3rd Floor, Shwe Gone Plaza, Shwe Gone Daing Road, Bahan Township, Yangon.
🗺Google Map: https://maps.app.goo.gl/ZXQo6xM5iu6MyjVi7
🎟Registration Fees: 5000 MMK
📌စိတ်ဝင်စားပြီး တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Registration Form တွင် ဖြည့်စွက်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
🔗Registration Form: https://forms.gle/ocw4U3XqyUQ2LggT9
#yangonschoolofsocialwork
#thrivetogether
#theartofselfregulationworkshop
#mentalhealth
#YouthEvents