​​

Youth Event

၃၀ ရက်နေ့ ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ "လူငယ်တွေအတွက် တစ်နေရာ" ပွဲလေးအောင်မြင်စွာ ကျင်းပပြီးစီးသွားပါပြီ။


လူငယ်တိုအတွက် လူငယ်တိုကဖန်တီးထားတဲ့ "လူငယ်တွေအတွက် တစ်နေရာ" ပွဲလေးက စစ်မှန်တဲ့ ဆက်သွယ်မှုဆိုင်ရာ ခိုလှုရာ နေရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။


🌻"လွတ်လပ်သောအတွေးသံ ခန်းမ" ကဗျာလေးကနေ..........

🌻အကန့်အသတ်တွေမရှိတဲ့ အနုပညာ ဖန်တီးမှုများကိုလဲ Karaoke အစီအစဉ်ကနေတစ်ဆင့် ဖန်တီးမျှဝေခဲ့ကြတယ်။

🌻မိတ်ဆွေသစ်တွေဖွဲပြီး ကြုံတွေ့ခဲ့ရတဲ့ ပျော်စရာတွေ၊ စိန်ခေါ်မှုတွေအကြောင်းကို တစ်ယောက်နဲ့တစ်ယောက် မျှဝေခဲ့ကြတယ်။ နားထောင်ပေးခဲ့ကြတယ်။

🌻ကြက်ကြော် နဲ့ Pepsi/Beer တွေကို အတူတူတစ်ဝိုင်းတည်း မျှဝေစားသောက်ခဲ့ကြတယ်။


✨အရေးကြီးဆုံးဖြစ်တဲ့ "Pay What You Can" ဆိုတဲ့ သဘောတရားအောက်မှာ အချင်းချင်းဖေးမကူညီတဲ့ စိတ်ဓာတ်ကို အတူတကွ ဖော်ထုတ်ခဲ့ကြတယ်။ ✨


အားလုံးရဲ့ လက်ထဲမှာ ပန်းပွင့်လေးတွေကိုင်ရင်း စိတ်လှုပ်ရှားစရာကောင်းတဲ့အမှတ်တရတွေနဲ့ အိမ်ပြန်ခဲ့ကြတယ်။ 🌹🌹🌹


ဒီလိုလှပတဲ့ညကို ဖန်တီးပေးခဲ့ကြတဲ့...

💛လာရောက်ပါဝင်ပေးခဲ့ကြတဲ့ လူငယ်အားလုံး

💛Key Note Speech ကိုပြောပေးတဲ့ 

Ko Myo Kyaw Thu (Head of Commercial, Pepsi Myanmar) 

💛Beatbox story ကိုလူငယ်တွေအတွက် လာရောက်အားပေးစကားပြောကြားပေးခဲ့ပြီး လုံးဝအံ့ဩဖွယ် Beatbox တင်ဆက်မှုကို လုပ်ဆောင်ပေးခဲ့တဲ့ Ko Asher (David Wah) 

💛ပွဲအောင်မြင်ဖို ကြိုးစားပေးခဲ့ကြတဲ့ YSSW Volunteer Department နဲ့ YSSW Team 

💛တက်ရောက်လာသူ တစ်ယောက်ချင်းစီအတွက် ပန်းလေးတွေ sponsor ပေးခဲ့တဲ့ Seoul Drop ရဲ့ပိုင်ရှင် အစ်မ Zuu Zin Phyo (Wave 11 Volunteer) နဲ့

💛အဘက်ဘက်ကနေ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။


လူငယ်တွေ 30th December မှာ စိုက်ပျိုးခဲ့တဲ့ ကိုယ့်အနာဂတ်ကိုပိုင်ဆိုင်မှုဆိုတဲ့ ခံစားချက်က ရှေ့လာမယ့် တစ်နှစ်တာကာလမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေဖို  ဆုတောင်းပေးရင်း 2026 ရဲ့ နေ့ရက်တိုင်းမှာ ဒီနွေးထွေးမှု၊ သတ္တိနဲ့ ဆက်နွယ်မှုတွေကို သယ်ဆောင်သွားနိုင်ကြပါစေ။ 🥰


ဒီလို event လေးတွေက လတိုင်းရဲ့ သုံးပတ်မြောက် စနေနေ့မှာ ရှိနေမှာဖြစ်ကြောင်းလေးလဲ သတင်းကောင်းပါးလိုက်ပါတယ်။ 


#YangonSchoolofSocialWork

#လူငယ်တွေအတွက်တစ်နေရာ

#aplaceforyouth

















Youth Event
Yangon School of Social Work, YSSW IT January 30, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
History of Social Work