
မြန်မာနိုင်ငံရှိ ပြည်သူတွေဟာ နေ့စဉ်နှင့်အမျှ ၎င်းတို့ရဲ့ လူမှုဘဝပတ်ဝန်းကျင်မှာ လူမှုပြဿနာအခက်အခဲမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။။ ၎င်းပြဿနာအခက်အခဲများရဲ့ အကျိုးဆက်တွေကို မိမိတို့ဘာသာ အဆင်ပြေမည့် နည်းလမ်းများသုံး၍သော်လည်းကောင်း၊ မိမိတို့ မိဘဆွေမျိုးများ၏ အကူအညီများယူ၍သော်လည်းကောင်း၊ ပရဟိတအဖွဲ့အစည်းများ၏ အကူအညီများယူ၍သော်လည်းကောင်း ရင်ဆိုင်ဖြေရှင်းလျက်ရှိပါတယ်။
ဆင်းရဲနွမ်းပါးစွာ ရှင်သန်နေထိုင်ကြရတဲ့ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုပြဿနာအခက်အခဲအမျိုးမျိုးကို ပိုမိုထိရောက်စွာ ကူညီပေးနိုင်ဖို့အတွက် စနစ်တကျ လေ့လာသင်ယူထားသော လူမှုရေးလုပ်ငန်းဆိုင်ရာ နည်းလမ်းများနဲ့ ကျွမ်းကျင်မှုများဖြင့် ကူညီပေးနိုင်မယ့် လူမှုဝန်ထမ်း (Social Worker) များ၏ အခန်းကဏ္ဍမှာ အင်မတန်မှ အရေးပါပါတယ်။ အကြောင်းမှာ Social Worker များဟာ လူတစ်ဦးတစ်ယောက်ချင်းစီ၊ မိသားစုတစ်စုချင်းစီတွင်ရှိနေသော အကောင်းဆုံးအရည်အချင်းများကို ရှာဖွေဖော်ထုတ်ပေးပြီး ၎င်းတို့ကိုယ်တိုင် ရပ်တည်နိုင်စေရန် ခွန်အားသတ္တိများရှိအောင် ကူညီပေးကြတဲ့၊ လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် ရည်ရွယ်ပြီး လိုအပ်နေသော ပြည်သူများအား ကူညီပေးနေတဲ့ အသက်မွေးဝမ်းကျောင်းပညာရှင်များသာဖြစ်ပါတယ်။
ထိုကဲ့သို့ လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းကျိုးချမ်းသာရရှိစေဖို့အတွက် လူ့အခွင့်အရေးများနှင့် လူမှုရေးတရားမျှတမှုတို့အပေါ် အခြေခံ၍ လိုအပ်တဲ့ အသိပညာနှင့် လုပ်ရည်ကိုင်ရည်များ ပြည့်ဝသော Social Worker များ မွေးထုတ်ပေးရန် Social Work ပညာရပ်ရဲ့ အခန်းကဏ္ဍမှာ အင်မတန်မှ အရေးပါလှပါတယ်။ သို့ရာတွင် မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို သေချာစွာ လေ့လာကြည့်ပါက ရန်ကုန်တက္ကသိုလ်တစ်ခုတည်းကသာလျှင် Social Work ဘာသာရပ်ကို ဘွဲ့လွန်ဒီပလိုမာအနေဖြင့် ပေးအပ်နိုင်ခြင်းရှိပါတယ်။ ဒါကြောင့်လည်း Yangon School of Social Work (YSSW) ကနေပြီး INGO, NGO, CBO ကဲ့သို့သော လူမှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူများ၊ လူမှုဝန်ထမ်းများနဲ့ လူမှုရေးဘာသာရပ် (Social Work Discipline) ကို စိတ်ဝင်စားကြသူများအား မိမိတို့နေရပ်ဒေသအသီးသီးမှနေ၍ Online မှတစ်ဆင့် Social Work ဘာသာရပ်များ၊ စံတန်ဖိုးများ၊ ကျင့်ဝတ်များ၊ သီအိုရီများကို လက်တွေ့လုပ်ငန်းများတွင် အသုံးချပုံနည်းလမ်းများ သင်ကြားပို့ချပေးနိုင်ရန် စတင်ဖွင့်လှစ်ပေးသွားတော့မှာပဲ ဖြစ်ပါတယ်။
ပို့ချသွားမယ့်သင်တန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် Social Work နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း YSSW Page ကနေ ဆက်လက်ဝေမျှပေးသွားမှာမို့လို့ စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ Page ကို Like လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ။
