​​

Who Are "Social Worker"


Social Worker တွေက ဘယ်သူတွေလဲ။ 

သူတို့ကရော ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် ဘယ်လိုအကျိုးပြုနေကြပါသလဲ။ 

“Social worker means a professional who uses social work methods and skills to provide social work services to individuals, families, groups and communities and who has the prescribed professional qualifications to engage in the practice of social work.”

လူမှု၀န်ထမ်းဆိုသည်မှာ လူမှုရေးလုပ်ငန်းများ၌ ကျွမ်းကျင်ပညာရှင်အဖြစ်သတ်မှတ်ခံထားရသူများမှ လူမှုရေးလုပ်ငန်းဆိုင်ရာနည်းလမ်းများနှင့်ကျွမ်းကျင်မှုများကို အသုံးပြု၍ တစ်ဦးချင်းစီ၊ မိသားစုများ၊ အုပ်စုများနှင့် ရပ်ရွာများအား လူမှုဝန်ဆောင်မှုများပံ့ပိုးပေးသူ ဖြစ်သည်။

အထက်မှာဖော်ပြခဲ့တဲ့  လူမှုဆိုင်ရာပြဿနာများ ကြုံတွေ့နေရချိန်မှာ Social Worker ‌တွေဟာ ၎င်းတို့တစ်ဦးချင်းစီနဲ့ မိသားစု တစ်စုချင်းစီမှာရှိနေတဲ့ အကောင်းဆုံးအရည်အသွေးတွေကို ရှာဖွေဖော်ထုတ်ပေးပြီး မိမိတို့ဘာသာရပ်တည်နိုင်အောင် ကူညီပေးတဲ့သူတွေပဲဖြစ်ပါတယ်။ လူမှုရေးတရားမျှတမှု၊ လူ့အခွင့်အရေးများရရှိဖော်ဆောင်မှု၊ လူမှုဘဝပြောင်းလဲမှု၊ မတူကွဲပြားမှုများကို လေးစားမှု စတာတွေက Social Work ပညာရပ်ကို အသုံးချပြီး လူမှုရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ Social Worker တွေရဲ့ အဓိကခံယူချက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူ့အဖွဲ့အစည်းအတွင်းမှာSocial Worker တွေဟာ အ‌ရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်။

Who Are "Social Worker"
Yangon School of Social Work, YSSW IT February 10, 2024
Share this post
Tags
Archive
​​
Parenting