​​

Trauma Healing Training

မန္တလေးမြိုသူမြိုသားများအားလုံး

ကိုဖိတ်ခေါ်ပါတယ် 💁


စိတ်ဒဏ်ရာ ပြန်လည်ကုစားရေးသင်တန်း (Trauma Healing Training) ✨

နေ့ရက် : ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅၊၂၆၊၂၇၊၂၈၊၂၉ နဲ့ ၃၀ ရက်

အချိန်  : မနက် ၉ နာရီမှ ညနေ ၄ နာရီထိ

နေရာ   : KBZ Centre (Mandalay) (in-person)


လက်ရှိ ကျတော်တိုရဲ့ လူ့အဖွဲအစည်းက စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး၊ ရှေ့တန်းကဝန်ထမ်း‌တွေ၊ ပြုစုစောင့်ရှောက်သူ‌တွေနဲ့ စေတနာ့ဝန်ထမ်း‌တွေက အဓိကကျတဲ့ အားကိုးခံရသူ‌တွေအဖြစ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိပါတယ်။ 💛


ဒီလိုမျိုး  ကြိုးပမ်းအားထုတ်မှု‌တွေကို အထောက်အကူဖြစ်စေဖိုအတွက် ရည်ရွယ်ပြီး "စိတ်ဒဏ်ရာ ပြန်လည်ကုစားရေး သင်တန်းအစီအစဉ် (Trauma Healing Training Program)" ကို မန္တလေးမြိုရှိ KBZ Center မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 🤩


သင်တန်းမှာဆိုရင်တော့

💁 ASSYST (Acute Stress Syndrome Stabilization) ဆိုတဲ့ လုပ်ငန်းစဥ် ကနေတစ်ဆင့် စိတ်ဖီးစီးတာတွေကို လျော့ကျစေမယ့် လက်တွေ့လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ

💁 HDP (Healing Drawings Procedure) ဆိုတဲ့ လုပ်ငန်းစဉ်ကနေတစ်ဆင့် အဖွဲလိုက် စိတ်ဒဏ်ရာတွေကို ကုစားပေးမယ့် နည်းလမ်းတွေ

ကို‌ မျှဝေပေးသွားမှာဖြစ်ပါတယ်။


အထူးသဖြင့် ယခုသင်တန်းကို: 

✅လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံဖြိုးရေးဆိုင်ရာ ဝန်ထမ်းများ

✅လူမှုရေးဝန်ထမ်းများနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထမ်းများ

✅စိတ်ကျန်းမာရေးနှင့် လူမှုရေး ပံ့ပိုးကူညီမှုပေးသူများ (MHPSS)

✅ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာဝန်ထမ်းများ

စေတနာ့ဝန်ထမ်းများ

✅ကျန်းမာရေးဝန်ထမ်းများနှင့် အရေးပေါ်တုံပြန်ဆောင်ရွက်သူများ

✅ပြည်တွင်းစစ်ဘေးရှောင်စခန်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ဝမ်းများ

✅လူငယ်ရေးရာ နှင့် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဝန်ထမ်းများ

✅NGO/INGO ဝန်ထမ်းများ

ဘာသာရေးနှင့် ရပ်ရွာလူထု ခေါင်းဆောင်များ

✅စိတ်ကျန်းမာရေးနှင့် လူမှုရေး ပံ့ပိုးကူညီမှုပေးသည့် နယ်ပယ် (MHPSS)၊ လူမှုရေးလုပ်ငန်းများ သိုမဟုတ် လူထုပြုစုစောင့်ရှောက်ရေးနယ်ပယ်များသို ဝင်ရောက်လိုသူများ

တက်ရောက်နိုင်ပါတယ်။


ပိုမိုသိရှိလိုပါ 

📞Ph         : 09 793 613 100

💌 Email    : office@yssw.org

🌐 Website : https://yssw.org/

သို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 🥰


ကျတော်တိုကိုယ်တိုင် ပြန်လည်အားပြည့်စေပြီး ကိုယ့်ရဲ့အသိုင်းအဝိုင်းကို ပိုမိုအားကောင်းစွာ ပံ့ပိုးကူညီနိုင်ဖို Training လေးကို လာတက်ဖို တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။


#YangonSchoolofSocialWork

#Mandalay

#TraumaHealingEvent

#ASSYST

#HDP







Trauma Healing Training
Yangon School of Social Work, YSSW IT November 26, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
After Event Trauma Healing Event