​​

Trauma Healing Event

YSSW ကအသစ်ဖွင့်လှစ်လိုက်သော Resource and Development Centre မှ ဆရာ၊မ များကဦးဆောင်ပြီးလုပ်မယ့်  in-person "Trauma Healing" အစီအစဉ်ကို "အတွေးသံ" ခန်းမမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ တစ်လတစ်ကြိမ် ရန်ကုန်ရှိ community အတွက် ပြုလုပ်သွားမှာဖြစ်‌ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 🍀


အခုအခါ နှစ်သစ်မှာ မျှော်လင့်ခြင်း (Hope) နဲ့  သဟဇာတဖြစ်မှု (Harmony) ကို ဖော်ဆောင်ဖို့အတွက် ရန်ကုန်မှာရှိတဲ့ Local Community နဲ့ YSSW တို့အတူတကွပူးပေါင်းတည်ဆောက်ခြင်း (Co-Building) အစီအစဥ်ကို လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ 🌸


စိတ်ဒဏ်ရာကို လျော့ကျသွားစေဖို့အတွက် ဒီပွဲမှာ လာရောက်ပါဝင်ဖို့ ဖိတ်ခေါ််

ပါတယ်။


📌 လူဦးရေ ၄၀ ဦးသာ လက်ခံမည်ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများ မြန်မြန်ဆန်ဆန် စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ပါတယ်။


📌ပါဝင်တက်ရောက်သူများအတွက်လဲ Refreshment စီစဥ်ပေးထားပါတယ်။

📌စာရင်းပေးသွင်းရန် နောက်ဆုံးရက် - ဇန်နဝါရီ ၉ ရက်


👉 စာရင်းသွင်းရန်: 

[https://forms.gle/FKA4CvGrW3L6SrPL8]


အစီအစဉ် အသေးစိတ်:

👉 ရက်စွဲ - ဇန်နဝါရီ ၁၀ ရက် (စနေနေ့)

👉 အချိန် - နေ့လယ် ၂:၃၀ မှ ၄:၃၀

👉 နေရာ - 521(B), ၃လွှာ၊ ရွှေဂုံပလာဇာ၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

Google map:  https://maps.app.goo.gl/qZxChYs9KXtSEoZv6?g_st=ic


📌ဒီပွဲအတွက် Registration fees ဆိုပြီး သတ်မှတ်ထားတာမရှိပေမယ့် ပါဝင်တက်ရောက်လာသူအနေနဲ့ "မိမိတတ်နိုင်တဲ့ ပမာဏနဲ့ ကိုယ်တိုင်ပါဝင် အားဖြည့်ခြင်း" ဆိုတဲ့ တန်ဖိုးရှိတဲ့ အလေ့အကျင့်ကောင်းလေးကို ဖော်ဆောင်ချင်တာကြောင့် "Pay What You Can" အစီအစဉ်လေးတစ်ခုကို ထည့်သွင်းပေးထားပါတယ်။ 


နောက်လတွေမှာ ပြုလုပ်သွားမယ့် ရက်စွဲနဲ့ အချိန်ကိုတော့ YSSW Facebook page မှာ အချိန်နဲ့တပြေးညီတင်ပေးသွားမှာဖြစ်ပါတယ်။


#YSSW 

#YangonSchoolOfSocialWork 

#TraumaHealing 

#MentalHealth 

#CoBuilding 

#HarmonyAndHope 

#Yangon 

#CommunityHealing

#အတွေးသံ



Trauma Healing Event
Yangon School of Social Work, YSSW IT January 10, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Trauma Healing Event and KBZ Event