​​

Transform Your Mindset with Positive Talk

✨ Transform Your Mindset with Positive Talk ✨


သင့်ဘဝမှာ သင်သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ပြောနေမိတဲ့ negative talk တွေ ရှိနေတတ်ပါတယ်။ အဲ့ negative talk တွေက စိတ်ထဲကနေတစ်ဆင့် အပြောအဆိုအပြုအမူ၊ အဲ့ကနေမှတစ်ဆင့် ကိုယ့်ရဲ့ဘဝထဲကို ဝင်လာတဲ့အခါအမှာ နောက်ဆုံး စိတ်ပျက်အားလျှော့ပြီး လက်လျှော့ချင်စရာအကြောင်းအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး Negative Talk တွေကို Positive Talk တွေနဲ့ အစားထိုးပြီး သင့်ရဲ့ နေ့ရက်တိုင်းကို အောင်မြင်မှုတွေနဲ့ စတင်နိုင်ဖို နည်းလမ်းတစ်ချိုကို မျှဝေပေးချင်ပါတယ် 💭💕


💡 Positive Talk ကို social media တွေမှာ တွေ့နေ၊ကြားနေပေမယ့် ဘယ်လို စလုပ်ရမလဲ မသိတဲ့သူတွေအတွက် လေ့ကျင့်ဖို အဓိကနည်းလမ်း ၅ ခုပြောပြပေးသွားပါမယ်နော် 😉


ပထမဆုံး Negative Talk တွေ ကို "Cancel" လုပ်ပါ ❌ ဥပမာ "ငါ ဒါကို မလုပ်နိုင်ဘူး" ဆိုတဲ့ အတွေးဝင်လာတာနဲ့ ချက်ချင်း  "ငါ ကြိုးစားနေတယ်၊ နောက်တစ်ခါ ပိုကောင်းအောင် လုပ်မယ်" လို အကောင်းဘက်သို ပြန်ပြောင်းပြောဆိုကြည့်ပါ ✅


ဒုတိယ အနေနဲ့ Gratitude (ကျေးဇူးတရား) ကိုလေ့ကျင့်ခြင်း ညအိပ်ရာဝင်ခါနီးမှာ ဒီနေ့ သင် ရရှိခဲ့တဲ့အရာ တွေ ၊ ဒါမှမဟုတ် ပိုင်ဆိုင်ထားတဲ့ အရာတွေထဲက ကျေးဇူးတင်စရာ ၃ ခု ကို ချ ရေးကြည့်ပါ (ဥပမာ- ငါဟာဒီနေ့ နွေးထွေးတဲ့ အိပ်ရာလေးပေါ်မှာအိပ်စက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ငါပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ မိတ်ဆွေတွေပဲရှိတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ဒီနေ့ … ခက်ခဲတဲ့အလုပ်တစ်ခု ပြီးမြောက်အောင်လုပ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။) 🌟အခုလို ရိုးရှင်းတဲ့ ကျေးဇူးတင်မှုလေးတွေက သင့်ရဲ့စိတ်ကို အလိုလို အကောင်းမြင်စိတ်လေးတွေ ဖြစ်ပေါ် စေပါတယ် 🌟


တတိယအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းကြင်နာတက်တဲ့ Self-kindness လေးရှိရပါမယ် 

ခက်ခဲနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ “အခုလိုခံစားတာ သဘာဝပါ” လို သဘောတူပေးပါ။ အမှားလုပ်ရင် “ငါ မပြည့်စုံပေမဲ့ ငါ ကြိုးစားနေတာကတော့ သေချာတယ်” လို gentle voice နဲ့ ပြန်ပြောပါ။ ကိုယ့်ကိုယ်ကို harsh ဖြစ်နေချိန်တိုင်း သက်သက်ထားပြီး ကိုယ့်ကိုယ်ကို မျှော်မှန်းချက်နဲ့ မုန်းမနေဘဲ ချစ်တယ်၊ ယုံကြည်တယ်လို ပြန်ပြောဖို လေ့ကျင့်ပါ။

💗 Self-kindness ဆိုတာ သင့်ကိုယ်ကို ချစ်ဖို အခွင့်ပြုတဲ့အရာပါ။ အနားယူချင်ရင် အနားယူပါ၊ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုယ်ကို ပေးပါ။ ဒါဟာ စိတ်အေးလှပစေပြီး Positive Talk ကို ပိုမို အားဖြည့်ပေးတဲ့ အခြေခံအချက်တစ်ခုပဲ ဖြစ်ပါတယ်။ 🌷


💖 စတုတ္တ တခြားသူတွေအပေါ်ကို ကြင်နာပါ (Be Kind to Others) တတ်နိုင်သလောက် သူတစ်ပါးအပေါ် ကြင်နာပြီး ကောင်းမွန်စွာ ဆက်ဆံပေးခြင်းက ကိုယ့်ရဲ့စိတ်နေသဘောထားကိုပါ ပိုမို အပြုသဘောဆောင်စေပါတယ်။ တစ်စုံတစ်ဦးကို ကူညီပေးခြင်း ဒါမှမဟုတ် ရိုးရှင်းတဲ့ ကြင်နာမှုပြခြင်းက သင့်ရဲ့စိတ်ခံစားချက်ကို မြင့်တက်စေပြီး ပိုမို ပျော်ရွှင်စေပါတယ် 🌟✨


နောက်ဆုံး ပဥ္စမ အချက်အနေနဲ့  🫂 Positive ဖြစ်တဲ့သူတွေနဲ့ သူတွေနဲ့ဝန်းရံပါ သင့်ရဲ့ရည်မှန်းချက်တွေကို ထောက်ခံအားပေးပြီး အကောင်းမြင်စိတ်ရှိတဲ့ သူတွေနဲ့ပဲအချိန်ပေးပါ။ Negative ဆောင်တဲ့သူတွေရဲ့ စကားတွေက သင့်ရဲ့ Positive Mindset ကို ထိခိုက်စေနိုင်တာကို သတိပြုပေးပါ 🫶✨


ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းပြောနေတဲ့ စကားလုံးတွေက သင့်ဘဝရဲ့ လမ်းကြောင်းတွေကို အမှန်တကယ်ပြောင်းလဲနိုင်တာဖြစ်လို အမှတ်တမဲ့ မနေမိကြဖို အရမ်းအရေးကြီးတာဖြစ်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချတဲ့အနေနဲ့ ဒီနေ့ကစပြီး သင် အများဆုံးပြောဆိုတော့မယ့် Positive Talk စကားလုံး တစ်ခုကို Comment မှာ ရေးပေးခဲ့ပါဦးနော် ! 🫶✨💬


#PositiveTalk 

#MindsetTransformation 

#SelfCare #Inspiration 

#အကောင်းမြင်စိတ်

#YSSW




Transform Your Mindset with Positive Talk
Yangon School of Social Work, YSSW IT November 24, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Reiki