​​

Time Management

🕰️ အချိန်စီမံခန့်ခွဲခြင်း အနုပညာ - The Art of Time Management 🎨


အချိန်တွေဟာ လူတိုင်း အတွက် တန်ဖိုး မဖြတ်နိုင်လောက်အောင် အဖိုးတန်လွန်းတာဖြစ်ပါတယ်။


လူတိုင်းဟာ တစ်နေ့ ၂၄ နာရီ စီပဲ ရကြတာခြင်းအတူတူ၊ တစ်ချိုကတော့ Productive ဖြစ်တယ်။ တိုးတက်မှုရှိအောင် ကြိုးစားပြီး အချိန်ကို မိမိအတွက်ရော အများအကျိုးအတွက်ပါ အကျိုးရှိစွာ အသုံးချနိုင်ကြပါတယ်။ 


ဘာကြောင့်လဲ 🤔

သူတိုဟာ အချိန်ရဲ့ တန်ဖိုးအစစ်အမှန်ကို သိပြီး Time Management ကို ကျွမ်းကျင်စွာ ပုံဖော်နိုင်လို ပါပဲ။


ဒါပေမယ့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် တစ်ချိုတွေက 

         "အခု စိတ်မပါသေးဘူးကွာ နောက်နေ့မှပဲ လုပ်တော့မယ်"  😤

ဆိုပြီး Procrastinate (ပျင်းရိအချိန်ဆွဲ) တတ်တဲ့သူတွေလည်း အများအပြား ရှိနေပါတယ်။


 “ခက်တာက... ဘဝမှာ အချိန်တွေ အများကြီးရှိတယ်လို ထင်နေတာပါပဲ” ⏳


ရတောင့်ရခဲ လူ့ဘဝသက်တမ်းတိုတိုလေးမှာ များပြားလှတဲ့ တာဝန်တွေ၊ ကိစ္စတွေအတွက် အချိန်ကို မဖြုန်းတီးမိ‌ဖိုမိမိကိုယ်တိုင် သတိပြုရပါမယ်။


📝 ဒါကြောင့် အရင်ဆုံး အချိန်စီမံခန့်ခွဲမှုကောင်းတဲ့သူတွေ ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကိုပြောပြချင်ပါတယ်။


✅ကိုယ့် အနေနဲ့ လုပ်ရမဲ့ အလုပ်အပေါ် ပြည့်ပြည့်ဝဝ အာရုံစိုက်နိုင်မယ်။

👉 ဒီလိုအာရုံစူးစိုက်မှုကောင်းခြင်းက သင်ယူမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာနိုင်တယ်။

👉 အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို အချိန်လုံလောက်စွာရတဲ့အတွက် ဆုံးဖြတ်ချက်ချနိုင်စွမ်းတိုးတက်စေပါတယ်။


✅လုပ်ငန်းခွင်/ပတ်ဝန်းကျင်မှာ Professional ပိုဆန်လာမယ်။

👉လုပ်ရမယ့်အလုပ်တွေကို စနစ်တကျစီမံခန့်ခွဲကာ သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်လာတယ်။

👉ဒါကြောင့်မိုလို လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ယုံကြည်အားထားရတဲ့ Professional တစ်ဦးအဖြစ်မြင်စေပါတယ်။


✅ရည်မှန်းထားတဲ့ Goals တွေကို မြန်မြန်သွားနိုင်မယ်။

👉 ဘာလုပ်ရမလဲဆိုတာကို သေချာ Plan ချထားတဲ့အတွက် အချိန်ဆွဲတာ၊ မလိုအပ်ဘဲကြန့်ကြာနေတာမျိုးတွေ ကင်းဝေးစေပါတယ်။


✅Creativity အား လည်း ကောင်းလာပါမယ်။

👉ကိုယ့်ရဲ့ Plan လေးအတိုင်းလုပ်သွားတာမို မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းသွားပြီးတော့ တွေးခေါ်နိုင်စွမ်းတွေ ပိုမိုတိုးတက်လာနိုင်ပါတယ်။


ဒါကြောင့်မိုလို Time Management ကို စတင်လေ့လာသူတွေ ဒါမှမဟုတ် "အလုပ်တွေက To-Do List ထဲမှာပဲ ရှိနေပြီး ဘယ်တော့မှ မပြီးဆုံးဘူး" လို ခံစားနေရသူတွေအတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်တဲ့  

 "Time Blocking Method" 

  ကို အသုံးပြုစေချင်ပါတယ်။


Time Blocking ကိုသုံးတဲ့အခါ ဘယ်အချိန် ဘာလုပ်ရမယ်ဆိုတာ ရှင်းလင်းစွာ သိနေတဲ့အတွက် မလိုအပ်တဲ့ အရာတွေမှာ အချိန်ဖြုန်းတီးမှု တွေကို အချိန်ဆွဲဖို အခွင့်အရေး မရတော့ပါဘူး။ 


🍀 ရည်ရွယ်ချက်ကတော့ တစ်ချိန်တည်း အလုပ်များစွာ (Multi-tasking) လုပ်တာကို ရှောင်ရှားနိုင်ပြီး သတ်မှတ်ထားတဲ့ Block ထဲက အလုပ်တစ်ခုတည်းပေါ်ကိုပဲ အာရုံစိုက်နိုင်ပါတယ်။ 🍀


🔥If you want time, you must make it.👉

ဆိုတဲ့အတိုင်း Time Blocking ဟာ သင့်ရဲ့ တန်ဖိုးအရှိဆုံး အရင်းအနှီးဖြစ်တဲ့ အချိန်ကို တိကျစွာ လုပ်ယူ စီမံခန့်ခွဲတဲ့ အနုပညာပဲ ဖြစ်ပါတယ်။


Time Management ရဲ့ အနှစ်သာရက 

          "အချိန်ကို သုံးပါ၊ မဖြုန်းပါနဲ့" ဆိုတဲ့ 

စိတ်ဓာတ်ကို ကိုင်စွဲပြီး နေ့စဉ်ဘဝမှာ အချိန်ကို ကောင်းကောင်းအသုံးချအကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပါတယ်။ ⏳


"The time for action is now. It’s never too late to do something." 

လိုယုံကြည်ပါ။🌹


အချိန်ကို စီမံခန့်ခွဲနိုင်သူက ဘဝကိုပါ စီမံခန့်ခွဲနိုင်သူ ဖြစ်ပါတယ်။ 📍📍📍


#YangonSchoolofSocialWork

#TheArtOfTimeManagement 

#TimeBlocking 

#Productivity 

#SkillDevelopment 

#LifeHack 

#အချိန်တန်ဖိုး 

#Motivation




Time Management
Yangon School of Social Work, YSSW IT November 14, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Pepsi x YSSW Trauma Healing