​​

Social Workers Vs Volunteerism

Social Work ဆိုတဲ့ စကားလုံးကြားလိုက်တာနဲ့ ကျွန်တော်တို့ဟာ ဒီစကားလုံးနဲ့ ဘယ်လောက်ရင်းနှီးကြပါသလဲ ခင်ဗျာ။ တကယ်တော့ ဒီစကားလုံးဟာ ကျွန်တော်တို့ နိုင်ငံနဲ့ အင်မတန်မှ အပ်စပ်မှုရှိတဲ့ အပြင် နေ့စဥ်ဘ၀လူနေမှုစနစ်နဲ့လည်း တိုက်ရိုက်ပက်သတ်မှုရှိနေပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ နေထိုင်ရာ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး  စတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်ချိတ်ဆက်နေလို့ပါပဲ ။ ဒါကြောင့် Social Work ဆိုတာကျွန်တော်တို့ နိုင်ငံသားတွေအတွက် way of life တစ်ခုဆိုလည်းမမှားပါဘူး ။ 


စေတနာနဲ့ကူညီပေးခြင်း ဆိုတာကစပြီး ဒီလိုယဉ်ကျေးမှုအရ စနစ်ကျစွာကူညီတတ်ခြင်းဆိုတာလည်း တွဲပါလာရပါတယ် ။ အထူးသဖြင့် ပညာရေး၊ လူမှုရေး၊ စီးပွါးရေးအရ လူတိုင်းအတွက် ဘဝတက်လမ်းရှိတဲ့ ၂၁ ရာစုမှာ စနစ်ကျမှု ၊ လူသားဆန်မှု ၊ ကျင့်၀တ်နှင့်အညီ တန်ဖိုးစံများပေါ် အခြေခံပြီး လုပ်ငန်းလည်ပတ်တာဟာ ကျွန်တော်တို့အတွက် အထိန်းအကွပ်ပါပဲ ။ ဒါမှသာ ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ဘ၀ပန်းတိုင် ရည်မှန်းချက်ကို ယုံကြည်မှုရှိစွာ ဦးတည်နိုင်မှာပါ ။ 

ပရဟိတဆိုတာနဲ့ မစိမ်းတဲ့ ကျွန်တော်တို့ လူနေမှုဘ၀အအဆင့်အတန်းဟာ စေတနာအရင်းတည်ဖို့ အထူးတလည်ကြိုးစားနေစရာမလိုတော့ပါဘူး။ ဒါပေမဲ့  လောကနီတိ ကျင့်ဝတ်တရားတွေနဲ့အညီ ရှိဖို့တော့လိုပါတယ် ။ ဒါကို ကျွန်တော်တို့က “profession” လို့ ခေါ်စမှတ်ပြုပါတယ် ။ မြေပြင်အနေအထားကိုသိသော်လည်း ပညာပိုင်းဆိုင်ရာအရ မပိုင်နိုင်ရင် မလိုလားအပ်တဲ့ အကျိုးတွေသက်ရောက်နိုင်သလို ပညာပိုင်းဆိုင်ရာအရ တတ်မြောက်နေပေမဲ့ မြေပြင်အတွေ့အကြုံဟာလည်း ပညာရဲ့အသုံးချနိုင်မှုအတိုင်းအတာကို စကားပြောပါတယ် ။ Social Work ကို အသုံးချရာမှာလည်း အလားတူပါပဲ ။

ဒါဆို ကျွန်တော်တို့အနေနဲ့ စနစ်ကျပြီး ပိုင်နိုင်တဲ့ Social Work Profession ကို ဘယ်လို ခွဲခြားပြီး ကြည့်ရှုကြမလဲ ဘယ်လို ဆက်အသုံးချပြီး ပြန်လည် ဆန်းစစ်ကြမလဲ? 


Social Workers Vs Volunteerism
Yangon School of Social Work, YSSW IT February 10, 2024
Share this post
Tags
Archive
​​
Why is YSSW here?