​​

Should we use the name of "Ma Than Swan"?

ကျွန်တော်တို့ နေ့စဉ်သုံးစွဲနေတဲ့ Social Media တွေပေါ်မှာသာမက နေ့စဉ်လူမှုဘဝတွေမှာပါ ကြားလေ့ရှိကြတဲ့ စကားလုံးလေးတစ်လုံးရှိပါတယ်။ အဲ့ဒါကတော့ "မသန်မစွမ်း" ဆိုတဲ့စကားလုံးလေးပါပဲ။

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြတာကို ကျွန်တော်တို့ကိုယ်တိုင်လည်း သိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ တခါတရံမှာ ထို အားနည်းချက်တွေကို ကျွန်တော်တို့ ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်မရှိကြပါဘူး။ ကျွန်တော်တို့ ပြောပြောနေကြဖြစ်တဲ့ "မသန်မစွမ်း"ဆိုတဲ့ စကားလုံးဟာလည်း ကျွန်တော်တို့ရဲ့ လူ့ဘောင် ပတ်ဝန်းကျင်မှာ လုံးဝမသုံးသင့်တဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။ ဘာ့ကြောင့်မသုံးသင့်သလဲ ဆိုတာ ကို ကျွန်တော်အနည်းငယ်ရှင်းပြချင်ပါတယ်။ 

ကျွန်တော်တို့တွေအားလုံးလည်းကြားဖူးပြီးသားဖြစ်မှာပါ Helen Keller ဆိုတဲ့အမျိုးသမီး အကြောင်းပေါ့။ သူဟာဆိုရင် အမြင်အာရုံဆုံးရှုံးပြီး အကြားအာရုံချို့ယွင်းနေသော်လည်း လူပတ်ဝန်းကျင်မှာ သူစွမ်းဆောင်ခဲ့တဲ့ အရာတွေ အများကြီးကျန်ခဲ့ပါတယ်။ သူဟာဆို စာရေးဆရာမ တစ်ယောက်ဖြစ်သလို စာသင်ကြားပေးတဲ့ ဆရာမတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးနဲ့ပတ်သတ်တဲ့အရာတွေမှာလည်း စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ပါသေးတယ်။ Helen Keller ဟာ မသန်ပေမဲ့ သူစွမ်းဆောင်ခဲ့တဲ့ အရာများဟာဆိုရင် သန်သန်မာမာရှိတဲ့လူတစ်ယောက်အတွက်တောင် လုပ်ဆောင်ဖို့ အင်မတန် ခက်ခဲ့တဲ့ အရာတွေပဲဖြစ်ပါတယ်။

ဒီအရာလေးကို သိရှိခြင်းအားဖြင့် ကျွန်တော်တို့ လူ့လောကမှာ မသန်သူတွေဟာလည်း စွမ်းဆောင်နိုင်တဲ့ အင်အား၊အစွမ်းအစ တွေရှိကြတာကို နားလည်သဘောပေါက်လာခဲ့ပါတယ်။ 

ဒီလိုဆို ကျွန်တော်တို့ "မသန်မစွမ်း" ဆိုတဲ့ စကားလုံးလေးကို သုံးသင့်သေးတယ်လို့ ထင်သေးလားဗျ?



Should we use the name of "Ma Than Swan"?
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Psychologist, Psychiatrist and Social Worker