​​

Sex workers

တစ်ခါတလေကျတော့ အမှောင်လောကထဲမှာပဲနေရတဲ့သူတွေက အလင်းဓာတ်ကို တကယ်လိုအပ်သလိုပါပဲ။ ပတ်ဝန်းကျင်က လူတော်တော်များများက အချိန်ကာလတစ်ခုထိ ရွံရှာစရာလို့ ယူဆခံခဲ့ရတဲ့၊ ယူဆနေကျဆဲဖြစ်တဲ့ ကဏ္ဍတွေဟာလည်း အလေးပေးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီထဲမှာ sex work လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေနဲ့ sex worker (လိင်လုပ်သား) ကဏ္ဍကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Sex work ဆိုတာ အခကြေးငွေယူပြီး လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတာကို ဆိုလိုပါတယ်။ ကျား၊ မ၊ LGBT လိင်လုပ်သားတွေဟာ သူတို့ဘဝရဲ့ အခြေအနေအမျိုးမျိုးကြောင့် ဒီ sex worker လောကထဲကို ရောက်လာကြပါတယ်။ အိမ်ရဲ့ စီးပွားရေး အဆင်မပြေမှုတွေ၊ ကျန်းမာရေး၊ လူမှုရေး အဆင်မပြေမှုတွေ၊ ဘဝရဲ့ ထိုးနှက်မှုပေါင်းစုံတွေ၊ ပညာရေးအရလည်း အခက်အခဲပေါင်းစုံတွေ စတဲ့အချက်တွေဟာ ဒီလောကထဲကို တွန်းပို့ခဲ့ကြပါတယ်။ 

ဒီလောကထဲကို ရောက်ပြန်တော့လည်း ခေါင်းပုံဖြတ်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်ခံရမှုတွေ၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေရဲ့ အန္တရာယ်တွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကလည်း ခြိမ်းခြောက်နေ ပြန်ပါတယ်။ အခကြေးငွေရပေမယ့် အရင်းအနှီးကြီးတဲ့ အန္တရာယ်တွေကို ထွေးပိုက်ထားရသလိုပါပဲ။

ဒီလိုမျိုး အကူအညီလိုနေတဲ့ sex worker တွေရဲ့ အခက်အခဲအကျပ်အတည်းတွေ၊ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် social worker တွေရဲ့ ဝန်ဆောင်မှုတွေက အရေးကြီးပါတယ်။ 

အပေါ်မှာ တင်ပြခဲ့သလို စိတ်ပိုင်းဆိုင်ရာအရ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေရှိတဲ့အတွက် သူတို့ လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့၊ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့၊ sex education လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာဗဟုသုတ စတာတွေကို social worker တွေကနေ တစ်ဦးတစ်ယောက်တည်းသော်လည်းကောင်း၊ အချင်းချင်းအဖွဲ့လိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်သော်လည်းကောင်း ချိတ်ဆက်အကူအညီပေးဖို့ လိုပါတယ်။

လူသားဖြစ်တည်မှုတွေကို ချိုးနှိမ်ခြင်းမရှိဘဲ လိုအပ်တဲ့ဝန်ဆောင်မှုတွေပေးပြီး sex worker တွေကို ကူညီပေးဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး တွဲခေါ်ပေးတာ၊ ကမ်းလက်တွေအဖြစ်ရှိနေတာဟာ ကျွန်တော်တို့ Community ထဲမှာ ကြုံတွေ့နေရတဲ့ sex worker တွေရဲ့ ပြဿနာမျိုးစုံအတွက် အားတစ်ခုလည်းဖြစ်စေမှာ အမှန်ပါပဲ။



Sex workers
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Greg Louganis