🌱 “ကိုယ့်ကိုယုံကြည်မှု” ဆိုတာက မိမိကိုယ်ကိုယ်ကို ဘယ်လောက်တန်ဖိုးထားလဲ၊ ဘယ်လောက်ယုံကြည်လဲဆိုတဲ့ခံစားမှုဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့ ကိုယ့်ကိုယုံကြည်မှုက မိမိရဲ့ဆုံးဖြတ်ချက်တွေ၊ ဆက်ဆံရေးတွေ၊ အလုပ်အကိုင်ရှာဖွေရေးတွေ၊ စိတ်ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကြောင်းကို တိုက်ရိုက်သက်ရောက်စေနိုင်ပါတယ်။
💡 ကိုယ့်ကိုယုံကြည်မှုရှိတဲ့လူငယ်တွေဟာ –
✔️ မိမိကိုယ်ကိုယ်ကို တန်ဖိုးထားတတ်ကြတယ်
✔️ အခက်အခဲပြဿနာတွေကို အကောင်းဆုံး ရင်ဆိုင်တတ်ကြတယ်
✔️ လူမှုအသိုင်းအဝိုင်းအတွက် ဦးဆောင်တတ်ကြတယ်
✔️ ပတ်ဝန်းကျင်မှာရှိတဲ့ အခက်အခဲပြသနာတွေကို ရှေ့ကနေထုတ်ဖော်ပြောဆိုရဲကြတယ်။
✋ ဒါပေမယ့် တခါတရံမှာ ကိုယ့်ကိုယုံကြည်မှုလျော့နည်းသွားနိုင်တယ်။ ဒါကြောင့် မိမိကိုယ်ကိုယ်ကို ချစ်ပြီး ကိုယ်မှာရှိတဲ့ စွမ်းရည်တွေကို အကောင်းဆုံးအသုံးကာ ပိုမိုမြှင့်တင်နိုင်မည့် ဘဝကိုရချင်တယ်ဆိုရင် YSSW မကြာမီကျင်းပမည့် event လေးကို Join ဖိုပြောပါရစေ။
📣 ဒီနှစ် International Youth Day event လေးမှာ “ကိုယ့်ကိုယုံကြည်မှု” ဆိုတဲ့အကြောင်းအရာနဲ့ လူငယ်တွေရဲ့စွမ်းရည်ကို ထောက်ခံအားဖြည့်သွားမယ် ပွဲလေးဖြစ်ပါတယ်။
သင့်ရဲ့ self-Esteem Level နဲ့ ဘာတွေက သင့်ဘဝအတွက် အထောက်အကူဖြစ်မလဲ သိချင်ရင်တော့ ခုပဲ register တင်လိုက်ပါနော်.......
Register Link ….. https://forms.gle/8bHe1ktZhB3pERFw5
💬 မင်းအတွက် ကိုယ့်ကိုယုံကြည်မှုတက်လာစေဖို ဘာတွေက အရေးကြီးလဲ? မှတ်ချက်မှာ ပြောပြပါနော်။
📅 အခမ်းအနားရက် – ဩဂုတ်လ ၁၀ ရက် (ည ၇:၃၀ မှ ၉:၃၀)
📍 နေရာ – အွန်လိုင်း Zoom (လင့်ခ်မကြာမီမျှဝေပါမည်)
#IYD2025 #SelfEsteem #YouthVoices #ကယ့်ကိုယုံကြည်မှု #လငယ်အနာဂတ် #BuildConfidence