​​

Self-Esteem

"Self-esteem လိုပြောလိုက်တာနဲ့  ကျွန်ုပ်တိုရဲ့  ‘mental life’ တစ်ခုလုံးပါဝင်နေပါတယ်…"

တစ်ခါတလေ ကိုယ့်မျက်နှာကြည့်တိုင်း၊ “မလှဘူးလိုထင်တယ်…” “သူတိုလိုမျိုးမဖြစ်နိုင်ဘူး…”

ဆိုတဲ့စကားတွေ ထုတ်မပြောတောင် စိတ်ထဲမှာတိတ်တိတ်လေးပြောနေတတ်ပါတယ်။

Social media ပေါ်က သူတပါးရဲ့လှပတဲ့ပုံရိပ်တွေကြောင့် ကိုယ့်ကိုယ်ကိုသိမ်ငယ်တဲ့ စိတ်တွေ၊ မနာလိုတဲ့စိတ်ခံစားချက်တွေ တစ်လှမ်းချင်းစီနဲ့ ကိုယ့်ယုံကြည်မှုကို ထပ်ခါထပ်ခါ ဖျက်ဆီးလိုက်တတ်ပါတယ်။

ဒီလိုတွေကြောင့် Low self-esteem ဖြစ်လာပြီး မိမိကိုယ်ကိုယုံကြည်မှုလျော့နည်းလာကာ

စိတ်ဖိစီးမှု၊ စိတ်တိုထိရှာလွယ်တာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ပိုဆိုးတဲ့အခြေအနေတွေမှာဆိုရင် Depression (စိတ်ဖိစီး နဲ့ စိတ်ကျရောဂါ) အထိ ရောက်ရှိသွားတတ်ပါတယ်။ ဥပမာ- အာရုံစူးစိုက်မရခြင်း၊ စိတ်ညစ်ပန်းမောမှု၊ အားလျော့ခြင်း၊ စိတ်အခြေအနေ ကျဆင်းခြင်း၊ နှလုံးသားနာကျင်မှု စတာတွေဖြစ်လာနိုင်ပါတယ်။ဒီလိုခံစားချက်တွေကို လူတိုင်းတကြိမ်တော့ ခံစားဖူးကြပါတယ်။

တကယ်လို သင်ဟာ မိမိကိုယ်ကို ယုံကြည်မှုရှိလာပြီဆိုလျှင် သူများနဲ့ မနှိင်းယှဉ်တော့ဘဲ မိမိကိုယ်ကိုတန်ဖိုးထားလာမယ်၊၊ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချနိုင်မယ်၊ ရှေ့ဆက်ဖို သတ္တိတွေရှိလာပြီး အပြင်အဆင်ထက် ကိုယ့်စိတ်ထဲက တန်ဖိုးကိုပဲယုံကြည်လာပါတယ်။ ဒါကြောင့် မိမိရဲ့ self-esteem ကို နားလည်ဖိုနဲ့  ဘယ်လိုအခြေအနေမှာရှိနေလဲဆိုတာကိုသိဖိုက ပထမအရေးပါတဲ့အရာဖြစ်ပါတယ်။ 

ကိုယ့်စိတ်အခြေအနေကို နားလည်မှပဲ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်မယ်၊ ယုံကြည်မှုအပြည့်နဲ့ နောက်တစ်ဆင့်သို တက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။ 

သင့်အနေနဲ့ ယုံကြည်မှုတွေတိုးတက်ဖိုအတွက် ဘာတွေကအကောင်းဆုံးအကူညီပေးနေသလဲ ဆိုတာ မှတ်ချက်မှာ မျှဝေပေးခဲ့ပါနော်.....


#yssw

#self-esteem

#socialwork

#mentalhealth



Self-Esteem
Yangon School of Social Work, YSSW IT August 2, 2025
Share this post
Tags
Archive
​​
Self-Esteem