​​

Self-Esteem

တစ်ခါတလေ လူတွေဟာ  “ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်” ဆိုတာကို ပညာရှိမှု၊ အလှအပ၊ ငွေကြေးနဲ့ အောင်မြင်မှုတွေနဲ့ပဲ ချိတ်ဆက်ပြီး တွေးတတ်ကြပါတယ်။

ဒါပေမဲ့ Self Esteem ဆိုတာ မိမိရရှိထားတဲ့အရာတွေအပေါ်  မိမိထားတဲ့တန်ဖိုး၊ အရည်အချင်းများ သိုမဟုတ် ကိုယ်ကျင့်တရားအပေါ် ယုံကြည်မှုဖြစ်ပြီး  အတွင်းပိုင်းတန်ဖိုးထားမှုတစ်ခုလည်း ဖြစ်ပါတယ်။

မိမိကိုယ်ကို တန်ဖိုးထားတယ်ဆိုတာဟာ အောင်မြင်မှုတွေပဲမဟုတ်ဘဲ၊ အမှားလုပ်ချိန်မှာတောင် ကိုယ့်ကိုယ်ကို စွန့်မပစ်နိုင်ခြင်း၊ တခြားသူတွေနဲ့ မယှဉ်ဘဲ ကိုယ့်လမ်းကို ကိုယ့်သဘောနဲ့သွားနိုင်ခြင်း၊ အပြည့်အဝမဖြစ်နိုင်သော်လည်း ကိုယ့်ကိုယ်ကို လက်ခံတတ်နိုင်ခြင်းတိုကို ဆိုလိုပါတယ်။

Self Esteem ဟာ လူတစ်ဦးရဲ့ စိတ်နေစိတ်ထား၊ ဆက်ဆံရေး၊ ဆုံးဖြတ်မှုတွေထဲကိုအထိ သက်ရောက်နိုင်ပါတယ်။

အထူးသဖြင့် ကိုယ့်ကိုယ်ကို နားလည်တတ်ခြင်းနဲ့ တန်ဖိုးထားတတ်ခြင်းက ကိုယ်ပိုင်အကောင်းဆုံးဗားရှင်းကို ရှာဖွေရန်အတွက် အရေးပါဆုံးအခြေခံတစ်ခုပါ။

ဒါကြောင့် မိမိမှာရှိနေတဲ့ self Esteem အဆင့်ကို နားလည်ထားခြင်းက မိမိကိုယ်ကို ပိုမိုနားလည်လာစေသလို၊ မိမိကိုယ်ကိုယုံကြည်မှုကိုတည်ဆောက်ဖို၊ ကိုယ့်အနာဂတ်အတွက် ညှိနှိင်းပြီး တိုးတက်နိုင်မယ့်လမ်းကို ရွေးချယ်ဖို အရေးကြီးဆုံး ခြေလှမ်းတစ်ခုဖြစ်ပါတယ်။

သင်ရဲ့ Self Esteem ကကော ဘယ်လိုလဲ.....

#yssw

#self-esteen

#socialwork

#mentalhealth




Self-Esteem
Yangon School of Social Work, YSSW IT August 1, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
ငါလုပ်နိုင်ပါ့မလား