​​

SEA Junction Water Bottle Donation

ရေဘူးတစ်ဘူးမှာ ဝှက်ထားတဲ့ သားသားမီးမီးတို့အတွက် မျှော်လင့်ချက်💛🥰


ငလျင်ဘေးကြီးရဲ့  အခက်အခဲတွေကြားကနေ ပြန်လည်ထူထောင်တဲ့ခရီးမှာ ကလေးတွေရဲ့ အပြုံးလေးတွေဟာ ကျွန်တော်တို့အတွက် အလင်းရောင်ပါပဲ။ ✨


ဒီခရီးမှာ Child-Friendly Space (CFS) စီမံကိန်းလေးဟာ သူတို့လေးတွေအတွက် လွတ်လပ် ပျော်ရွှင်စွာ ကစားဖို့၊ အသစ်တွေ သင်ယူဖို့၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ပြန်လည်ကုစားဖို့ နေရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ 🍀🍀🍀


ယခုအခါ ဒီစီမံကိန်း ခရီးလေးဆုံးတဲ့အခါမှာတော့ SEA-Junction ရဲ့ မေတ္တာပါဝင်သော ပံ့ပိုးမှုနဲ့ ကလေးတိုင်းရဲ့လက်ထဲကို အမှတ်တရ ရေဘူးလက်ဆောင်လေးတွေရောက်ရှိခဲ့ပါတယ်။ ဒီရေဘူးလေးတွေဟာ မန္တလေးနဲ့ စစ်ကိုင်းမှ ကလေးငယ်တွေရဲ့ နေ့စဉ်ဘဝမှာ ကျန်းမာရေး နဲ့ သန့်ရှင်းရေးအတွက် အထောက်အကူပြုတဲ့လက်ဆောင်တင်မကပါဘူး။ သူတိုလေးတွေကို "သားသားမီးမီးတို့ကို ဂရုစိုက်တယ်၊ သားသားမီးမီးတို့ရဲ့ ကျန်းမာရေးက အရေးကြီးတယ်" လို ပြောနေတဲ့ ချစ်ခြင်းမေတ္တာရဲ့ အမှတ်တရလည်း ဖြစ်ပါတယ်။ 🤍


ဒါ့အပြင် 

🔶 ဒီအစီအစဉ်ကို အတူတူ အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ YSSW အဖွဲ့ဝင်အားလုံး နဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲအစည်းများ၊

🔶 မန္တလေးနှင့် စစ်ကိုင်းမြိုနယ်မှ ကြိုးပမ်းပေးခဲ့ကြတဲ့  YSSW ၏ CFS ဝန်ထမ်းများအားလုံး၊

🔶 ဒီ project ကို အစမှအဆုံး ယုံကြည်ပြီး ပါဝင်ခဲ့ကြတဲ့ ကလေးငယ်များ၊ မိဘများ နဲ့ ဒေသခံပြည်သူများအားလုံး၊

🔶 ကလေးတွေရဲ့ ကျန်းမာရေးအတွက် အကျိုး‌ရှိ သော ပံ့ပိုးမှုပေးခဲ့တဲ့ SEA-Junction 


တို့ကို အထူးကျေးဇူးတင်ရှိပါတယ်။🥰


YSSW အနေနဲ့ ဒေသအနှံ့က ကလေးငယ်တွေရဲ့ ဘဝအရည်အသွေး ပိုမိုကောင်းမွန်လာစေဖို့အတွက် ဒီကတိကဝတ်နဲ့ပဲ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ 💛


ကျေးဇူးတင်ပါတယ်။ 🥰


#ChildFriendlySpace 

#YSSW 

#SeaJunction 

#WaterDonation #CommunitySupport 

#Mandalay #Sagaing 

#YouthForChange










SEA Junction Water Bottle Donation
Yangon School of Social Work, YSSW IT October 29, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Empowering Workforce with Pepsi