​​

Reiki Healing

“Reikiဆိုတာဘာလဲ။ 🧘🏻‍♀️” 


နေ့စဉ်ဘဝမှာ အဆင်မပြေမှု၊ အလိုမကျမှုတွေ၊ ရင်ဖွင့်ဖို၊ ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်လေးကျန်းမာရွှင်လန်းဖိုအတွက် Counselling တို၊  Art Therapyတိုနဲ့ ပြန်လည်စိတ်ကုစားတာ၊ ခံစားချက်တွေ ထုတ်ဖော်တာ၊ ရင်ဖွင့်တာ၊ နားထောင်ပေးတာတွေ လုပ်ဆောင်နိုင်ပါတယ်။ ဒီနေ့မှာတော့ လူသိမများတဲ့ စွမ်းအင်ကုထုံး နည်းလမ်းလေး (၁)ခုကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ မျှဝေပေးသွားမှာကတော့ Reiki ပဲ ဖြစ်ပါတယ်။  


Reikiကတော့ ကိုယ်ခန္ဓာ၊ စိတ်နဲ့ မိမိရဲ့ စိတ်ဝိဉာဏ်တိုကို ချိတ်ဆက်ပေးတဲ့ ကုသနည်း၊  ဂျပန်စွမ်းအင်ကုထုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Reikiကို ဘယ်လိုမျိုး အမည်ပေးဖြစ်လဲ၊ Reiki ဆိုတာဘာလဲ၊ ဘယ်လိုလုပ်ဆောင်ရသလဲဆိုတာကို အနည်းငယ်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 


ပထမဆုံးအနေနဲ့ Reiki ဆိုတာ ဂျပန်နိုင်ငံမှ ဆင်းသက်လာတဲ့ စွမ်းအင်ဖြင့် ကုစားမှု နည်းလမ်းတစ်ခုဖြစ်ပြီး၊ Rein ဆိုတာ ဘုံ (သို) စကြာဝဠာ (Universal) ၊ Ri ကတော့ ရှင်သန်မှုစွမ်းအင် (Life force energy) ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ Reikiစွမ်းအင်ကုသထုံးကတော့ ကျွမ်းကျင်စွမ်းအင်ကုထုံးပညာရှင် (Reiki trained practitioner)က မိမိရဲ့ ခန္ဓာကိုယ်တွင်း စွမ်းအင်စီးဆင်းမှု ကောင်းမွန်အချိုးကျစေဖိုအတွက် လက်နဲ့ညင်သာစွာထိတွေ့ပြီး၊ စီးဆင်းအောင်လုပ်ဆောင်မှု ပုံစံမျိုးဖြစ်ပါတယ်။ 


Reiki trained practitionersတွေကတော့ သူတိုရဲ့ စွမ်းအင်ကို ကုထုံးယူသူကို ပေးစွမ်းတာမဟုတ်ဘဲ၊ ကျွန်မတိုကို အနီးဝန်းကျင်မှာ ဝန်းရံနေတဲ့ စကြာဝဠာရဲ့ ရှင်သန်မှုစွမ်းအင်ကို ကူးစက်စေတာပဲ ဖြစ်တယ်လို ဆိုပါတယ်။ Reikiဟာဆိုရင် တရုတ်ရိုးရာ Qi အသက်စွမ်းအင်ကုထုံး၊ အိန္ဒိယ Prana ကုထုံးတွေနဲ့ ဆင်တူပါတယ်။ သိပ္ပံပညာလေ့လာသုံးသပ်ချက်အရ ဘုံရှင်သန်မှု (သို)အသက်စွမ်းအင်ဆိုတာ တည်ရှိတယ်လို အတိအကျမဖော်ထုတ်ထားပေမဲ့၊ တစ်ချိုအနေနဲ့တော့ ဒါဟာ သိပ္ပံပညာရဲ့ လိုအပ်မှုကြောင့် ရှာဖွေတွေ့ရှိမှု မရှိသေးတာလိုလည်း ဆိုကြပါတယ်။ ဘုံအသက်စွမ်းအင်ကုထုံးဟာဆိုရင် ဆေးပညာမဟုတ်ပေမဲ့၊ စိတ်ဖိစီးမှု၊ နာကျင်မှု လျှော့ချ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ကျန်းမာရေးတွေ ကောင်းမွန်ဖိုအတွက် ကုစားနိုင်တဲ့ Complementary Therapy ကုထုံးတစ်ခုပဲ ဖြစ်ပါတယ်။ မှာဆိုရင် မိမိရဲ့ Spiritual Wellness နဲ့ Mindfulnessကို မြှင့်တင်ပေးပြီး၊ မိမိရဲ့ ဖြစ်တည်မှု၊ လုပ်ဆောင်မှုတွေကို ကျေးဇူးတင်၊ အသိအမှတ်ပြုပေးဖိုကိုလည်း လုပ်ဆောင်မှုရှိဖို ကူညီပေးနိုင်ပါတယ်။


Reikiက ဘယ်လို အလုပ်ဖြစ်စေလဲ။


• Reiki ဟာ စကြာဝဠာဘုံအသက်စွမ်းအင် (Universal life force) တစ်ခုကြောင့် တစ်ဖန်ဖန်ရှင်သန်နေကြကြောင်းနဲ့ လူသားတွင်းမှာ စွမ်းအင်ပိုင်းဆိုင်ရာ၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အလွှာတစ်ခုရှိတယ်ဆိုတဲ့ အယူအဆအပေါ်အခြေခံပါတယ်။ Reiki ရဲ့အဓိကအယူအဆကတော့ အရိပ်အယောင်မမြင်ရတဲ့ စွမ်းအင်စီးဆင်းမှုတွေကို သေချာစီးဆင်းအောင်လုပ်ပေးခြင်းအားဖြင့် ၊ စိတ်၊ ကိုယ်၊ ဝိညာဉ် ကြားဆက်စပ်မှုကိုအခြေခံပြီး မိမိသဘာဝအတိုင်းစွမ်းအင်ပြန်ဖြည့်တင်းနိုင်ဖိုကို လှုဆော်ပေးခြင်း ဖြစ်ပါတယ်။

• Reiki ကုထုံးခံယူသူများကတော့ စိတ်အနားပေးနိုင်၊ စိတ်အပန်းပြေ၊ နာကျင်မှုဖြေလျှော့နိုင်ပြီး၊ စိတ်ကို တည်ငြိမ်လာစေခြင်းတိုကို ခံစားရတယ်လို ပြောကြပါတယ်။ ဒါ့အပြင်

Autonomic nervous system (အလိုအလျောက် စနစ်) ပိုမိုတည်ငြိမ်လာခြင်း၊ သွေးဖိအားနိမ့်လာခြင်းနဲ့၊ စိတ်ဖိစီးမှုနည်းလာခြင်း တိုလည်း ပါဝင်နိုင်တယ်လို ယူဆကြပါတယ်။

• Reiki healing method မှာ Placebo effect(တကယ်ကုသမှုမဟုတ်ပဲ ကိုယ့်စိတ်ထဲမှာ ယုံကြည်မှုကြောင့် ရလာတဲ့အကျိုးသက်ရောက်မှု) ကလည်း အကျိုးသက်ရောက်မှုတွေအတွက် တစိတ်တပိုင်း တာဝန်ပါဝင်နိုင်တယ်လို ဆိုပါတယ်။ 


Reiki ဟာ စိတ်ပိုင်း၊ ကိုယ်ခန္ဓာပိုင်းနှင့် ဝိညာဉ်နယ်ပယ်တိုမှာ အကျိုးဖြစ်ပွါးစေပါတယ်။ ဒါ့အပြင် အမြစ်စွဲနေသောစိတ်ဒဏ်ရာများကို ကုစားနိုင်ရန် hypnotherapy သို guided meditation ကို အသုံးပြုနိုင်ပါတယ်။ 


Reiki universal life force energy healing methodနဲ့ပက်သက်ပြီး ထပ်မံရေးသားသွားဖိုရှိပါတယ်။ ဒါ့အပြင် YSSW Team အနေနဲ့ Workshop မျှဝေခြင်းတွေ လုပ်ဆောင်သွားဖိုလည်း ရှိတဲ့အတွက် Page လေးကို စောင့်ကြည့်ပေးဖို လိုပါမယ်။ ကျေးဇူးတင်ပါတယ်။ 


Sources 


1.https://health.clevelandclinic.org/reiki

2.https://www.verywellhealth.com/reiki-therapy-6362562 


#WhatisREIKI?

#YSSW

#Yangon_School_of_Social_Work




Reiki Healing
Yangon School of Social Work, YSSW IT November 16, 2025
Share this post
Tags
Archive
​​
Time Management