​​

Psychologist, Psychiatrist and Social Worker

💠 ကျွန်တော်တို့ လူသားတွေဟာ ရုပ်၊ နာမ်၊ ခန္ဓာ တစ်ခုတည်းနဲ့သာ အသက်ရှင်သန်နေတာမျိုး မဟုတ်ဘဲ စိတ်၊ ဝိညာဉ် တို့ဖြင့်လည်း အသက်ရှင်သန်နေကြပါတယ်။

💠 ဒါ့အပြင် လူဆိုတာ တစ်ကိုယ်တည်းနေတတ်တာမျိုးမဟုတ်ဘဲ တခြား လူတွေနဲ့အတူ မိတ်ဖွဲ့ကာ အစုအဖွဲ့နဲ့ နေတတ်ပြီး လူမှုဆက်ဆံရေးများကိုလည်း နေ့စဉ်နဲ့အမျှ ပြုလုပ်လျက်ရှိပါတယ်။

💠 ကျွန်တော်တို့ လူသားတွေဟာ နေ့စဉ်နဲ့အမျှ အသက်ရှင်သန်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ရန် အမြဲ ကြိုးစား ရုန်းကန် လှုပ်ရှားနေပါတယ်။

💠 ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အခြေအနေ‌‌၊ ထိန်းချုပ်လို့မရတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တွေဟာ ရုပ်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာ ထိခိုက် နာကျင်ရတတ်ပြီး မထင်မှတ်ဘဲနဲ့ နာမကျန်းမှုတွေ၊ အားနည်းမှုတွေ၊ ဖျားနာမှုတွေ၊ ဖိစီးမှု ဝေဒနာတွေကို ကြုံတွေ့ ခံစားရတတ်ပါတယ်။ 

💠 ရုပ်ပိုင်းဆိုင်ရာအရ နာမကျန်းမှု၊ အားနည်းခြင်းနဲ့ နေမကောင်းတာတွေဖြစ်လာပြီဆိုရင် လူအများစုဟာ ဆရာ၀န်၊ သူနာပြု၊ ကျန်းမာရေး၀န်ထမ်းတွေဆီ သွားရောက်ပြီး ကုသလေ့ရှိပါတယ်။ လိုအပ်တဲ့ ဆေး၀ါးတွေ ကို သောက်သုံး မှီဝဲပြီး အာဟာရရှိမယ့် အစားအစာတွေကို စားသုံးတတ်ကြပါတယ်။

💠 ဒါပေမဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှု‌ရေးပိုင်းဆိုင်ရာမှာ အဆင်မပြေတာတွေ၊ အခက်အခဲတွေ၊ နာမကျန်းမှုတွေ၊ အကူအညီ‌တွေ လိုအပ်လာပြီဆိုရင်ရော ကျွန်တော်တို့တတွေ ဘယ်သူတွေဆီကို သွားတတ်ပြီး ဘာတွေကိုရော လုပ်တတ်ပါသလဲ?

💠 ကျွန်တော်တို့ အများစုက စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာအရ အသေးအဖွဲ ပြဿနာလေးတွေကစပြီး ဆိုးရွားတဲ့ဝေဒနာတွေအထိ ကြုံလာခဲ့ရင်တောင် ဒါတွေဟာ သူ့အလိုလို အဆင်ပြေသွားမှာပါ၊ တခြားလူတွေကို ပြောပြပြီး အကူအညီတောင်းခံရမှာ ရှက်ကြောက်စရာကြီးဆိုပြီး များသောအားဖြင့် တွေးတတ်ကြပါတယ်။ 

💠 ဒါပေမဲ့ ကျွန်တော်တို့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ကျန်းမာခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ အခက်အခဲ ပြဿနာတွေ၊ ဖိစီးမှု ဝေဒနာတွေအတွက်  အားပေးကူညီခြင်းတွေ၊ ဆောင်ရွက်ဖြေရှင်းပေးနေမှုတွေ၊ ကုသပေးခြင်းတွေကို အသိပညာ နှင့် အတတ်ပညာတွေ အပေါ် အခြေခံပြီး အဓိက လုပ်ဆောင်ပေးနေတဲ့ သူတွေ ရှိတယ်ဆိုတာကိုရော ကျွန်တော်တို့ သတိပြုမိကြပါရဲ့လား?

💠 Psychiatrist ဆိုတဲ့ စိတ်ကျန်းမာရေး အထူးကုဆရာ၀န်၊ Psychologist ဆိုတဲ့ စိတ်ပညာရှင်နဲ့ Social Worker ဆိုတဲ့ လူမှု၀န်ထမ်း တွေက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုရေးဆိုင်ရာ အခက်အခဲ ပြဿနာတွေကို သူတို့ရဲ့ အသိပညာရပ်တွေအပေါ် အခြေခံပြီး အတတ်ပညာတွေနဲ့ ပေါင်းစပ်ကာ မတူညီတဲ့ ချဥ်းကပ်နည်းတွေနဲ့အတူ ကူညီ ဖြေရှင်း ဆောင်ရွက်ပေးနိုင်တယ်ဆိုတာကိုရော သင်သိထားမိပါသလား?

💠 သူတို့နဲ့ ပတ်သက်ပြီး သင် အရင်က သိရှိထားတာတွေရှိရင်လည်း ဒီ Post လေးနဲ့အတူ ဆွေးနွေး ဝေငှပေးသွားဖို့အတွက်လည်း ဖိတ်ခေါ်လိုက်ရပါတယ်။ 

💠 ကျွန်တော်တို့ရဲ့ နောက်ပိုင်း Post တစ်ခုမှာ သူတို့ သုံးဦးအကြောင်းကိုလည်း အကျယ်တ၀င့် ဖော်ပြပေးသွားမှာဖြစ်လို့ ဆက်လက် စောင့်မျှော် အားပေးကြဖို့ တိုက်တွန်း၊ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ။



Psychologist, Psychiatrist and Social Worker
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Oprah Winfrey