​​

Psychological Safety

သင်ဘယ်အချိန်တုန်းက နောက်ဆုံး ကိုယ့်အပေါ်ကိုယ် ဂုဏ်ယူကျေနပ်မှုရှိခဲ့ လဲ❓ 

အဲ့တုန်းက ကိုယ်ဟာ ဘယ်လို အခြေအနေပတ်ဝန်းကျင်မျိုးမှာ ရှိနေခဲ့လဲ ❓

Psychological safety ဆိုတာဘာလဲ 💁🏻‍♂️

ကျွန်တော်တို့လူတွေမှာ မရှိမဖြစ်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိပါတယ်။ ဒီလိုအပ်ချက်တွေဟာ ကျွန်တော်တို့ နေထိုင်တဲ့ ပတ်ဝန်းကျင် သို့မဟုတ်ရင် ကိုယ့်ကိုယ်ကို အထောက်အကူပြုဖို့ လိုအပ်ပါတယ်။ လူမှုရေးဆိုင်ရာသိပ္ပံပညာရှင်တွေဟာဆိုရင်ဖြင့် ဒီ psychological safety လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဟာလည်း ဒီလိုအပ်ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။ လူတစ်ဦးဟာ သူကျင်လည်တဲ့ ပတ်ဝန်းကျင် (ကျောင်း၊ အလုပ်၊ အိမ် အစရှိသဖြင့်) မှာ ကိုယ့်ကိုယ်ကို အပြည့်အဝစိတ်ကျေနပ်မှု ရဖို့ဆိုရင် အဆိုပါ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဆိုတဲ့အရာကို ချန်လှပ်ထားလို့မရပါဘူး။

စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဆိုတာ ကိုယ့်ရဲ့ အမြင်၊ အတွေးအခေါ်၊ အယူအဆတွေကို ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ ကဲ့ရဲ့ရှုံ့ချခြင်းကို ကြောက်ရွံ့စရာမလိုဘဲ ကွယ်ဝှက်ခြင်းကင်းမဲ့စွာ ပွင့်ပွင့်လင်းလင်း ပြောဆိုတင်ပြ ဆွေးနွေးနိုင်တဲ့ အခြေအနေတစ်ရပ်ကိုဆိုလိုပါတယ်။

Psychological safety ရှိတဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်ကိုယ်ကို ကျေနပ်မှုရှိစေနိုင်ခြင်းဆိုတာ အပြင် ဒီလိုမျိုး ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မယ်ဆိုရင် လူတစ်ဦးနှင့်တစ်ဦးကြားမှာ ပိုပြီး ခိုင်မြဲတည်တံ့တဲ့ ဆက်ဆံရေးတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အချင်းချင်း ပွင့်လင်းစွာ ဝေဖန်နိုင်တဲ့ အတွက်ကြောင့် အလုပ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်နိုင်စွမ်းကိုလည်း ထိရောက်စွာ မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

Psychological safety ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့အတွက် ဘယ်လိုအရည်အချင်းတွေ လိုအပ်လဲ ❓

✅ပွင့်လင်းစွာပြောဆိုနိုင်စွမ်း 

ဒါကတော့ ကျွန်တော်တို့ အပေါ်မှာ ပြောထားတဲ့အတိုင်း မရှိမဖြစ်လိုအပ်တဲ့ ကိုယ်နဲ့ တစ်စုံတစ်ဦးကြားက ပွင့်လင်းမြင်သာမှုကို ဆိုလိုပါတယ်။

✅အားပေးချီးကျူးနိုင်စွမ်း

အချင်းချင်း အားပေးခြင်း၊ တစ်ဦးရဲ့ အောင်မြင်မှုအပေါ် ချီးကျူးခြင်း အစရှိတာတဲ့ အပြုအမူတွေဟာ တစ်စုံတစ်ယောက်ရဲ့ စိတ်ကို လုံခြုံနွေးထွေးမှုရစေရန် အတွက် အရေးကြီးပါတယ်။ 

✅မိမိကိုယ်ကို နှိမ့်ချနိုင်စွမ်း

တစ်စုံတစ်ဦးထံကနေ မှန်ကန်တဲ့ ဝေဖန်မှုကို လိုချင်တယ်ဆိုရင် ကျွနိတော်တို့ဟာ မာနတွေကို လျော့ချနိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မလို့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အရှိအတိုင်းမြင်နိုင်ဖို့ဟာလည်း အရေးပါပါတယ်။

Psychological Safety ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို လက်တွေ့ဖန်တီးခြင်း 📚

လုပ်ငန်းခွင်တစ်ခုမှာ ပထမဆုံးအနေနဲ့ ခေါင်းဆောင်တစ်ဦးဟာ ဘက်လိုက်ခြင်းမရှိဘဲ အဖွဲ့ဝင်တစ်ဦးတစ်ယောက်ချင်းစီရဲ့ အတွေးအမြင်တွေဟာ အရေးပါကြောင်းကို သိမြင်အောင်လုပ်ရမှာဖြစ်ပါတယ်။ ယခုလိုပြုမူခြင်းဟာ အလုပ်မှာ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးဆိုတာထက်ပိုတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အသိအမှတ်ပြုခြင်းဆိုတဲ့ပြယုတ်ကို အလေးထားခြင်းပဲဖြစ်ပါတယ်။ ဤအရာဟာ အခြေခံအရခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ကတော့ အရှေ့မှာဆွေးနွေးခဲ့တဲ့ အချက်တွေကို ပြုကျင့်မယ်ဆိုရင် ကောင်းမွန်အကျိုးရှိတဲ့ အလုပ်ခွင်တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

အလုပ်ခွင်မှမဟုတ်ဘဲ ကျောင်းမှာဆိုရင်လည်း ဆရာနဲ့ တပည့်ကြားမှာ အဆိုပါအတိုင်း ပြုကျင့်ကြမယ်ဆိုရင် တကယ်ကို တက်ကြွပြီး ထိရောက်တဲ့ သင်ကြားရေးတွေကို ပြုမူနိုင်မှာဖြစ်ပါတယ်။



Psychological Safety
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Social Workers Vs Volunteerism