​​

PCM

Project တစ်ခုလုပ်တိုင်းစိတ်ညစ်နေရပြီလား?

PCM ဆိုတဲ့ လျှိဝှက်ချက် ကိုရော သိပြီးပြီလား?


Timeline က ကမောက်ကမ၊ Team က Engagement မရှိ၊ Backup plan ဆိုတာလဲ မရှိတဲ့ အခါမှာ အကြံအိုက် လူအိုက်ဖြစ်တာမျိူးတွေလေ ဘဝမှာတစ်ခါတော့ ကြုံဖူးကြမှာပေါ့ 💢

 

ဒီလိုအရာတွေကို PCMနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာ သိပြီးပြီလား 🥰


PCMကရော ဘာအကောင်ကြီးလဲ 🤷


PCM ဆိုတာကတော့ Project Cycle Management ပဲဖြစ်ပါတယ်။ 


PCMက ကိုယ်လုပ်တဲ့ Project တစ်ခုကို သေချာ manage လုပ်နိုင်ဖို နဲ့ planချဖိုသုံးတဲ့ method တစ်ခုပါ။ 

အဆင့်တစ်ခုချင်းစီတိုင်းမှာ PCMက စနစ်တကျ ဖြစ်စေဖို ပံ့ပိုးပေးပါတယ်။ 


PCMရဲ့  stageတွေကတော့ 🤩


1. Programming (စတင်ရန် ပြင်ဆင်ခြင်း) 

ဒီ‌နေရာကနေ Project တစ်ခု ရုပ်လုံးကြွလာအောင် ပုံဖော်ရတာပေါ့။ 


🔸ဘာလို ဒီ Project ကို လုပ်သင့်တာလဲ?

🔸ပြဿနာတစ်ခုကိုစမ်းစစ် dataတွေစုဆောင်းပြီး Strategy ချတဲ့ အဆင့်ဖြစ်ပါတယ်။


2 . Identification (ပရောဂျက် လုပ်ငန်း ရွေးချယ် သတ်မှတ်ခြင်း)

ဒီအဆင့်မှာကြတော့ Ideaထုတ်တဲ့နေရာရောက်သွားပြီပေါ့နော်။ 


🔸ဒီ Project က ဘယ်လောက် ကုန်ကျမလဲ? ဘာအန္တရာယ်တွေ ရှိလဲ?

🔸Budget နဲ့ Risk တွေကို ကြိုတင်ခန့်မှန်းပါ။


3. Formulation (အသေးစိတ် စီမံခြင်း)

Timeline နဲ့ resource တွေပါ‌ သေချာထည့်တွက်ပြီး  အသေးစိတ်အစီအစဥ် ရေးဆွဲဖိုပေါ့။


🔸ဘယ်သူက ဘာလုပ်မလဲ? ဘယ်တော့ ပြီးအောင် လုပ်မလဲ?

🔸Timeline, Resource နဲ့ Teamwork ကို ရေးဆွဲပါ။


4 .Implementation (လက်တွေ့အကောင်အထည်ဖော်ခြင်း)

စိန်ခေါ် မှုတွေနဲ့ ကြုံလာရရင်တောင် အခြခိုင်တဲ့ အဆောက်အအုံတစ်ခုလို တစ်ချက်လေးတောင် ယိုင်မသွားစေဖိုအတွက် ဒီ Process လေးကလဲ အရေးကြီးပါတယ်။


🔸စီစဉ်ထားတဲ့အတိုင်း ဟုတ်ရဲ့လား? Team Member တွေ သူတိုတာဝန်ကို သိရဲ့လား?

🔸Plan အတိုင်းဖြစ်အောင် ထိန်းကျောင်းပါ။


5 . Monitoring & Evaluation (စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း)

ကိုယ်လိုချင်တဲ့ outcome မျိူးရလား စစ်ဖိုအတွက် feedback တွေကောက်ရမယ် Progress ကရော ကိုယ်ချထားတဲ့ Plan အတိုင်း ဖြစ်မလာဘူးဆိုရင် ဘာတွေ adjust လုပ်ဖိုလိုလဲ ဒီအပိုင်းမှာ ဆန်းစစ်ဖိုလိုလာပါပြီ။


🔸တိုးတက်မှု ရှိရဲ့လား? ဘာတွေ ပြင်ဆင်ရမလဲ?

🔸Feedback ယူပြီး လိုအပ်ရင် ချက်ချင်းညှိပါ။


6. Completion and Closure Phase (အောင်မြင်စွာ အဆုံးသတ်ခြင်း)

အဆုံးသတ်မှာကြတော့  ကိုယ်လုပ်ထားတဲ့ Projectတစ်ခုအပြီးသတ်တဲ့အချိန်မှာ  Final Project Report တင်ရမယ်။ 


🔸Project Report ရေးပါ။ နောက်တစ်ခါအတွက် ဘာတွေ သင်ယူလိုက်သလဲမှတ်ပါ။ 

🔸အတွေ့အကြုံတွေကို မှတ်တမ်းတင်ပါ။


PCM ကို သုံးရင် ဘာရမလဲ?

✅ Project က ပိုမိုချောမွေ့စွာ အဆင်ပြေမယ်

✅ ကြုံလာရမယ့် ပြဿနာတွေကို ကြိုတင်မြင်နိုင်မယ်

✅ Teamwork ပိုမိုကောင်းမွန်လာမယ်

✅ ကိုယ့်ရဲ့ စီမံခန့်ခွဲမှုစွမ်းရည် တိုးတက်လာမယ်


ဒါကြောင့်မိုလို PCM သာ ဝင်မကရင် target တွေလဲ မပြည့်ဘူး၊ Project coordinating လဲ မကောင်းဘူးဆိုတာမျိူးပေါ့။ 💡


ဒီတော့  Project တစ်ခုလုံးကို Organize လုပ်နိုင်ဖိုအတွက် YSSW မှာ မကြာခင် ပြုလုပ်သွားမယ့် 2-day Online PCM Workshop လေးရှိပါတယ်နော်။ 


💁 Project Cycle Management in Social Work Workshop 

နေ့ရက်                  : စနေ နှင့် တနင်္ဂနွေ (November 8 & 9)

သင်တန်းအချိန်     : မနက် ၉နာရီခွဲ မှ ၅နာရီ (9:30 am - 5:00 pm)

သင်တန်းကာလ    : ၂ ရက် (2 Days)

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

သင်တန်းကြေး      : ၆၅,၀၀၀ ကျပ် 

🎟️ Special Coupon❗️❗️❗️

အောက်တိုဘာလအတွင်း စာရင်းသွင်းသူများအတွက် အထူးကူပွန် ၁၀,၀၀၀ ကျပ် ကိုလဲ‌ပေးအပ်သွားဦးမှာဖြစ်ပါတယ်။

⏰ လျှောက်ထားရန် နောက်ဆုံးရက်

🗓️ နိုဝင်ဘာ ၅ ရက်၊ ည ၁၁:၅၉ 

🔗 လျှောက်ထားရန် လင့်ခ်

https://forms.gle/tQQFGX4i12KKdwsW9


#YSSW 

#ProjectCycleManagement 

#SocialWork 

#CapacityBuilding #Training #ProfessionalDevelopment 

#DeadlineExtended




PCM
Yangon School of Social Work, YSSW IT October 30, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
SEA Junction Water Bottle Donation