​​

Paul Mung Ja

#YSSW ရဲ့ Program Director ဆရာ Paul Mung Ja ပြောကြားခဲ့တဲ့ နှုတ်ခွန်းဆက်စကား ✨✨


"လူမှုကူညီရေးလုပ်ငန်းတွေမှာ ဝါသနာ၊ အနစ်နာ၊ စေတနာဆိုတဲ့ 'နာ' သုံးမျိုးနဲ့တင် မလုံလောက်ပါဘူး။ နောက်ထပ်အရေးကြီးတဲ့ 'နာ' တစ်ခုက 'ဝေဒနာမဖြစ်ဖို' ပါ။ ဝေဒနာမဖြစ်စေဖိုဆိုရင် အရေးအကြီးဆုံး 'နာ' ကတော့ 'နည်းနာ' ပါပဲ။ ဒီသင်တန်းမှာ လူမှုကူညီရေးအတွက် အခြေခံကစပြီး မှန်ကန်တဲ့နည်းလမ်းတွေ၊ လက်တွေ့အသုံးချနိုင်မယ့် အတွေ့အကြုံတွေကို ဆွေးနွေးသင်ယူခွင့်ရမှာဖြစ်ပါတယ်။"


ဆရာ Paul ရဲ့ ဒီစကားလေးက စဉ်းစားစရာဖြစ်စေရုံသာမက "စေတနာတစ်ခုတည်းနဲ့ လူမှုရေးလုပ်ငန်းတွေ အောင်မြင်ဖိုမလွယ်" ဆိုတဲ့ အရေးကြီးတဲ့အချက်ကို ထိထိမိမိ ဖော်ပြနေပါတယ်။ စေတနာက အစဖြစ်ပေမယ့် ဒါကို အလုပ်ဖြစ်အောင် လုပ်နိုင်ဖိုဆိုရင် နည်းလမ်းမှန်မှန်၊ လက်တွေ့ကျတဲ့အသိပညာနဲ့ အတွေ့အကြုံတွေ လိုအပ်ပါတယ်။

ဒါကြောင့်ပဲ YSSW က Online Social Work Diploma (Batch 2) သင်တန်းအတွက် စာရင်းသွင်းခွင့်ကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ!


ဒီသင်တန်းမှာ ဘာတွေသင်မှာလဲ?

✔️ လူမှုကူညီရေးလုပ်ငန်းအတွက် အခြေခံအကြောင်းအရာတွေ

✔️လက်တွေ့အသုံးချနိုင်မယ့် နည်းလမ်းတွေ

✔️ သင်ခန်းစာတွေကို လက်တွေ့နဲ့ ချိတ်ဆက်သင်ကြားပေးမယ့် နည်းစနစ်တွေကို လေ့လာနိုင်ပါပဲ ဖြစ်ပါတယ်။ 


သင်တန်းအချိန်ဇယား၊ သင်ကြားမယ့်ပုံစံ၊ စတင်မယ့်ရက်စွဲတွေကို အသေးစိတ်သိချင်ရင်


📎 အောက်က လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 👇

https://www.facebook.com/share/p/1Yv7fB3bDo/?mibextid=wwXIfr


လူမှုအကျိုးပြုလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်လိုသူတိုင်းအတွက် ဒီသင်တန်းက အရေးပါတဲ့ ပထမခြေလှမ်းဖြစ်မှာပါ။


သင်တန်းအကြောင်း လိုအပ်နေသူတိုင်းဆီ share ပေးဖို မမေ့နဲ့နော်!


 #socialwork #YSSW #OnlineDiploma #diploma_insocialwork #Yssw #SocialWork




Paul Mung Ja
Yangon School of Social Work, YSSW IT June 3, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
CFS