​​

Parenting

မိဘတွေရဲ့ Parenting‌ တွေက သားသမီးတွေအပေါ် ဘယ်လိုတွေ သက်ရောက်မှုရှိနေလဲ



မိဘတွေက သားသမီးတွေကို ထိန်းကျောင်းတဲ့အခါ မိမိ အလှည့်တုန်းက မိဘတွေက အသုံးပြုခဲ့တဲ့ နည်းစနစ်တွေ စာအုပ်တွေ Websiteတွေကနေ သင်ယူလေ့လာထားတဲ့ ပညာတွေ သို့မဟုတ် ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းတွေ ရရှိတဲ့ အကြံဉာဏ်တွေ အသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ အများစုသော မိဘတွေ သတိမထားတဲ့အရာကတော့ သားသမီးထိန်းကျောင်းတဲ့အခါ မိမိရဲ့ အပြုအမူ စိတ်နေသဘောထား အတွေးအခေါ် အယူအဆတွေနဲ့ ခံစားချက်တွေ သားသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကြီးထွားမှုတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိနေတယ်ဆိုတာပါပဲ...

ဒီနေ့ ကျွန်မတို့ YSSW မှ မိဘတွေရဲ့ စိတ်နေသဘာဝက သားသမီးတွေအပေါ် ဘယ်လိုအရာ ဘယ်လို နယ်ပယ်တွေမှာ သက်ရောက်မှုရှိနေလဲဆိုတာကို အနည်းငယ် မျှဝေ ပေးသွားချင်ပါတယ်။စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများရှိစေခြင်းငယ်ရွယ်စဥ်အချိန်မှာ မိဘတွေမှာ ချစ်ခြင်းမေတ္တာကို အလုံအလောက်ရရှိပြီး နွေးထွေးမှု စာနာမှု နားလည်မှုတွေကို ပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခံစားရစေပါတယ်။မိမိကိုယ်ကို ချစ်ခင်တန်ဖိုးထားတတ်လာခြင်းအပြုသဘောဆောင်တဲ့ မိဘတွေရဲ့ စိတ်နေသဘောထားတွေက သားသမီးတွေအပေါ် လွှမ်းမိုးမှုတွေရှိပြီး မိမိကိုယ်ကို ချစ်ခင်တန်ဖိုးထားတတ်လာစေပါတယ်။ မိဘတွေမှ ကလေးတွေအပေါ် အားပေးမှု ချီးမွမ်းမှု အသိအမှတ်ပြုမှုတွေကို ပေးတဲ့အခါ ကလေးများအနေနဲ့ မိမိတို့ရဲ့ အရည်အချင်းများကိုလည်း ယုံကြည်မှုရှိလာစေပါတယ်။စိတ်ခံစားချက်များကို ထုတ်ဖော်ပြသခြင်း စီမံ ခန့်ခွဲနိုင်ခြင်းမိဘများမှ မိမိရဲ့ စိတ်ခံစားချက်များကို ထုတ်ဖော် ပြောဆိုပြီး ကိုင်တွယ်ဖြေရှင်းပုံများမှ သားသမီးများက ၎င်းတို့ရဲ့ ကိုယ်ပိုင်ခံစားချက်များကို ထိန်းညှိတတ်ရန် သင်ယူလေ့လာဖို့ အထောက်အကူ ပြုပါတယ်။ 

ဒါ့အပြင် စိတ်ဖိစီးမှု စိတ်အားငယ်မှု အစရှိသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများတွင် ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းများ(coping skills)ကို ဖွံ့ဖြိုး တိုးတက်လာစေပါတယ်။လူမှုပြောဆိုဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်လာခြင်း"ကလေးတွေက အမြင်နဲ့ တတ်တယ်" ဆိုတဲ့စကားလေးအတိုင်း ကလေးတွေ မိဘတွေ အပြောအဆို အပြုအမူ အနေအထိုင်တွေကို ကြည့်ပြီးတော့ သင်ယူလေ့ရှိကြပါတယ်။ လူမှုရေးဆက်ဆံရေးနယ်ပယ်တွေမှာ ကောင်းမွန်စွာ ဆက်ဆံပြောဆိုပြီး လူကျင့်ဝတ်တွေကို တန်းဖိုးထားသော အပြုသဘောဆောင်တဲ့ မိဘတွေက သားသမီးတွေလူမှုဆက်ဆံရေးစွမ်းရည်နှင့် အမူအကျင့်များ ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီပေးပါသည်။ပြဿနာများ ကိုင်တွယ်ဖြေရှင်းခြင်းအခက်အခဲပြဿနာများ စိန်ခေါ်မှုများကို ကြုံတွေ့တဲ့အခါ မိဘများ ဘယ်လို ချဥ်းကပ်ဖြေရှင်းပုံများ လေ့လာမှတ်သားပြီး မိဘများထံမှ ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပုံကို သင်ယူကြတာပဲဖြစ်ပါတယ်။ 

ထို့အတွက်ကြောင့် မိဘများရဲ့ အပြုသဘောဆောင်သော ပြဿနာဖြေရှင်းနိုင်တဲ့ စိတ်သဘောထားက ကလေး၏ မှတ်ဉာဏ်ဖွံ့ဖြိုးမှုအတွက် အကျိုးပြုစေပါတယ်။အခုမျှဝေသွားတာကတော့ မိဘတွေရဲ့ စိတ်နေသဘာဝက သားသမီးတွေအပေါ် သက်ရောက်မှုရှိနေတဲ့အရာတွေထဲက တချို့ကို ဖော်ပြသွားတာပါပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ မျှဝေသွားတဲ့ အကြောင်းအရာ‌လေးက YSSW မှ စာဖတ်သူတွေအတွက် အကျိုးရှိလိမ့်မယ် မျှော်လင့်ပါတယ်။ မိမိအနေနဲ့ သားသမီးတွေကို ထိန်းကျောင်း စောင့်ရှောက်တာပဲဖြစ်ဖြစ် တူ တူမတွေ မောင်လေးတွေ ညီမလေးတွေကို ကြည့်ရှုစောင့်ရှောက်ရင်း ကြုံတွေ့ရဖူးတဲ့ အတွေ့အကြုံလေးတွေကို Comment Box မှာ မျှဝေပေးသွားနိုင်ပါတယ်။

Parenting
Yangon School of Social Work, YSSW IT February 5, 2024
Share this post
Tags
Archive
​​
Youth vs Social Problems Research
Report