​​

Oprah Winfrey

“ဘဝတစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုချင်းစီတိုင်းဟာ အကြောက်တရားထက် ချစ်ခြင်းမေတ္တာကိုရွေးချယ်နိုင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ဖြစ်လာတယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။”

ကျွန်တော်တို့ တွေ့ကြုံရင်ဆိုင်လာခဲ့ရတဲ့ ဘဝတစ်လျှောက်မှာ ကောင်းခြင်းဆိုးခြင်း၊  အခက်အခဲပေါင်းများစွာတို့နဲ့ ထိတွေ့ခဲ့ရနိုင်ပါတယ်။ ဒီလိုအဆင်မပြေမှုပေါင်းများစွာရှိတဲ့ လောကထဲမှာ လူရယ်လို့ ပီပီပြင်ပြင်ပေါ်ထွက်လာနိုင်အောင် ပြုလုပ်ပေးတဲ့အရာဟာ ချစ်ခြင်းမေတ္တာပဲဖြစ်ပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာကြောင့်သာ ကျွန်တော်တို့ရင်ဆိုင်လာခဲ့ရတဲ့ အကြောက်တရားတွေကို ကျော်လွှားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

Social Workနယ်ပယ်မှာလည်း Social Worker များဟာ ဘဝတစ်လျှောက် စိတ်ထိခိုက်၊ စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်များအလယ်မှာ အကြောက်တရားများနဲ့ရင်ဆိုင်နေရသူများကို ချစ်ခြင်းမေတ္တာများဖြင့် ကူညီအားပေးနှစ်သိမ့်ပေးနေကြသူများဖြစ်ကြပါတယ်။

Social Workers  တွေဟာ လူတွေမှာရှိတတ်တဲ့ အကြောက်တရားများကို ချစ်ခြင်းမေတ္တာအားဖြင့် ကျော်ဖြတ်နိုင်ဖို့ အမျိုးမျိုးသောအခွင့်အရေးတွေကို နည်းလမ်းအမျိုးမျိုးဖြင့်ထောက်ပံ့ပေးလို့ရနိုင်တယ်ဆိုတာကို ယုံကြည်ထားသူများလည်းဖြစ်ကြပြီး ဆက်လက်ပြီးတော့လည်း လူသားတို့ရဲ့အကျိုးအတွက် အကျိူးပြုနေကြမှာပဲဖြစ်ပါတယ်။



Oprah Winfrey
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Medical Social Worker