​​

ငါလုပ်နိုင်ပါ့မလား

“ငါလုပ်နိုင်ပါ့မလား”

“ငါလုပ်နေတာတွေကရော မှန်ကန်တဲ့လမ်းကြောင်းဖြစ်ရဲ့လား”

အပေါ်ကအတွေးတွေလိုမျိုး ကိုယ့်ရဲ့မသိစိတ်ကနေ ကိုယ့်ကိုကိုယ်အားမလိုအားမရဖြစ်တဲ့အတွေးလေးတွေရှိဖူးကြမှာပါ၊ တခါတလေမှာ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကို ငြင်းပယ်ခံရမလားဆိုတဲ့စိတ်နဲ့ ချမပြဖြစ်တဲ့အရာတွေ၊ ဖုံးကွယ်ထားလိုက်ရတဲ့အခြေအနေတွေတောင် ရှိခဲ့ဖူးကြတယ်မလား…

ဒီလိုအတွေးလေးတွေက ဘာမှမဟုတ်ဘူးလို့ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို တားဆီးနေတဲ့ အဟန့်အတားတွေ ဖြစ်နေတတ်ပါတယ်။

ဒါဆို အရင်ဆုံး တွေးကြည့်ရအောင်

ကျွန်တော်တို့မှာတော့ ကိုယ်တိုင်သတိထားမိတဲ့ ကျွမ်းကျင်မှုလေးတွေ၊ talentတွေ၊ အားသာချက်တွေ ရှိကြတယ်မလား…🤔


ဒီလိုသတိထားမိတဲ့ မိမိရဲ့ ကျွမ်းကျင်မှုတွေ၊ အားသာချက်တွေကို ကိုယ်ကြုံနေရတဲ့အခက်အခဲတစ်ခုကို ဖြေရှင်းဖို့ကြိုးစားကြည့်ကြမယ်ဆိုရင်ရော…


ကျွန်တော်တို့ ကြိုးစားကြည့်ပြီးတာနဲ့ “ဪ ငါ့ရဲ့အားသာချက်က ဒီနေရာမှာ ဒီလိုသုံးလို့ရတာပဲ၊ တကယ်တော့ ငါလိုနေတာ ဒီအရာလေးကိုလိုအပ်နေတာ” ဆိုတဲ့ အတွေးအမြင်လေးရလာမယ်ဆိုတာ ယုံကြည်နေရပါမယ်နော်။

သတိမထားမိလိုက်ပေမဲ့ ဒါဟာ မိမိကိုယ်ကိုဝေဖန်ဆန်းစစ်နိုင်တဲ့ အရည်အချင်းတစ်ခုကို Self-reflection လို့ခေါ်တဲ့အရာဖြစ်ပါတယ်။၊ Self-Reflection ဟာ ကိုယ်ကြုံတွေ့ရတဲ့ နေ့စဉ်ဘဝရဲ့အခက်အခဲတွေကို ကိုယ့်ရဲ့အားသာချက်တွေကိုသုံးပြီး အားနည်းချက်တွေကို သတိထားရင်း ဖြေရှင်းဖို့ ကူညီပေးပါတယ်။

တကယ်တော့ ကျွန်တော်တို့က ကျွန်တော်တို့မှာရှိတဲ့ အားသာချက်တွေ အားနည်းချက်တွေကို သိထားခြင်းကနေတဆင့် ကိုယ်ကြုံရတဲ့အခက်အခဲတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့အဆင့်ကို ရောက်အောင်သွားနိုင်ပါတယ်။

ဒီတော့

🫧 အားသာချက်တွေကိုသုံးပြီး အခက်အခဲတွေဖြေရှင်းဖို့ ကြိုးစားကြည့်ပါ၊

🫧 မိမိလိုအပ်ချက်ကဘာလဲဆိုတာ သင်ခန်းစာယူပါ

🫧 လိုအပ်ချက်ကို ဘယ်လိုနည်းလမ်းနဲ့ပြင်ဆင်လို့ ရနိုင်မလဲဆိုတာ ရှာဖွေကြည့်ပါ


ဒါဆိုရင်တော့ အားသာချက်တွေကနေတဆင့် ကိုယ့်ကိုကိုယ်ဝေဖန်ဆန်းစစ်ပြီး အားသာချက်တွေကိုအသုံးပြု၊ အားနည်းချက်တွေကို ပိုကောင်းဖို့ကြိုးစားရင်း မိမိအလိုရှိတာတွေကို ရယူလာနိုင်ပါလိမ့်မယ်။



ငါလုပ်နိုင်ပါ့မလား
Yangon School of Social Work, YSSW IT December 5, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Youth vs Social Problems Research
Report