​​

မတူကွဲပြားမှုဖြင့် ဆေးခြယ်ခြင်း

“မတူကွဲပြားမှုဖြင့် ဆေးခြယ်ခြင်း”

“Diversity” ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့အနေနဲ့ “မတူကွဲပြားခြင်း” လို့ ဘာသာပြန်လို့ရနိုင်မယ်လို့ ထင်ပါတယ်။ “မတူကွဲပြားခြင်း” လို့ ပြောတဲ့အခါ အသက်အရွယ်မတူတာ၊ လူမျိုး၊ ဘာသာ၊ ယုံကြည်မှု၊ လိင်စိတ်ခံယူမှုကွဲပြားတာ၊  ဝင်ငွေ၊ တတ်စွမ်းမှု၊ စိတ်စွမ်းရည်၊ ကာယစွမ်းရည်ကွာခြားတာ၊ ဒါ့အပြင် ဘာသာစကားကွာခြားတာအဆုံး အမျိုးမျိုးသော ကွဲပြားမှုတွေ ပါဝင်နိုင်ပါတယ်။ 

Social Worker များဟာဆိုရင်ဖြင့် မတူကွဲပြားသူများစွာနဲ့ အလုပ်လုပ်ကိုင်ရလေ့ရှိပါတယ်။ ဒါ့အပြင် ဒီအမျိုးမျိုး မတူကွဲပြားသူများ အတူတကွ ပါဝင်နေခြင်းကလည်း ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အများကြားဖူးတဲ့ အရာတစ်ခုနဲ့ ဥပမာပေးရရင်ဖြင့် ပန်းတွေရောင်စုံမှ ပန်းခင်းကြီးက ပိုပြည့်စုံသွားတယ်ဆိုသလိုပေါ့။ အလားတူပဲ ကုမ္ပဏီတစ်ခု၊ အဖွဲ့အစည်းတစ်ခုမှာဆိုရင်လည်း မတူကွဲပြားတဲ့ အရည်အချင်းရှိသူတွေပါဝင်နေခြင်းဟာ အင်မတန်မှ တန်ဖိုးကြီးလှပါတယ်။ ဒီမတူကွဲပြားတဲ့သူတွေက ဆန်းသစ်တဲ့အတွေးအမြင်၊ ဖန်တီးမှုနဲ့ မတူညီတဲ့ အရည်အချင်းတွေကို ယူဆောင်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့တွေဟာ မတူညီမှုတွေကို ကွဲပြားစေမှုလို့ မြင်ကြမယ်ဆိုရင်ဖြင့် အစိတ်စိတ်အမွှာမွှာကွဲကြေမှုဆိုတဲ့ ရလာဒ်ဆိုးတွေ ရရှိလာနိုင်မှာဖြစ်သလို မတူကွဲပြားမှုကို အလှတရား၊ တစ်ယောက်စီမှတစ်ယောက် သင်ယူလေ့လာနိုင်မှုဆိုတဲ့ အခွင့်အရေးတစ်ခုအနေနဲ့ မြင်ကြမယ်ဆိုရင်ဖြင့် ကောင်းမွန်တဲ့ အဖြေကို ယူဆောင်လာနိုင်မှာပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ဟာ ဆေးရောင်စုံပန်းချီကားတစ်ချပ်ကို ဆေးခြယ်ဖန်တီးတဲ့အခါ အရောင်စုံလင်စွာလိုအပ်သလို ကျွန်တော်တို့ရဲ့ နေထိုင်ရာပတ်ဝန်းကျင်မှာဆိုရင်လည်း ထိုနည်း၎င်းပါပဲ။ ပြည့်စုံကောင်းမွန်တဲ့ လူ့ဘောင်တစ်ခုကို ဖန်တီးတဲ့အခါမှာလည်း မတူကွဲပြားသူတစ်ယောက်စီ ပါဝင်ဖို့ လိုအပ်လှပါတယ်။



 


မတူကွဲပြားမှုဖြင့် ဆေးခြယ်ခြင်း
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
A good parenting