​​

Motivation & Self-Esteem

“လူငယ်ဘဝ” ဆိုတာ အိပ်မက်တွေ၊ ရည်မှန်းချက်တွေနဲ့ ပြည့်နေတဲ့ အချိန်ပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုရင် ဘယ်လောက်ပဲ အစွမ်းရှိရှိ၊ အခွင့်အလမ်းတွေ ရှိနေပါစေ၊ အောင်မြင်ဖို ခက်ခဲပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-Esteem) ဆိုတာ လူတစ်ယောက်ရဲ့ အနာဂတ်ကို ပုံဖော်ပေးတဲ့ အဓိက သော့ချက်ပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပျောက်ဆုံးသွားရင် ဘာဖြစ်မလဲ?

၁. အားငယ်စိတ်ဝင်လာမယ်

ဥပမာ - ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲမှာ တစ်ခါတလေ ကျရှုးသွားတဲ့အခါ "ငါ့မှာ ဘာမှမတတ်နိုင်ဘူး" ဆိုပြီး စိတ်ဓာတ်ကျသွားတတ်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ကြိုးစားဖို ဝန်လေးလာပြီး ပိုဆိုးလာတတ်ပါတယ်။

၂. လူမှုဆက်ဆံရေး ပြဿနာတွေ ဖြစ်လာမယ်

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားနိုင်တဲ့အခါ အခြားသူတွေရဲ့ အတည်ပြုမှုကို အလွန်အမင်း လိုချင်လာပါတယ်။ ဒီလိုနဲ့ အဆိုးမြင်စိတ်တွေ၊ အားငယ်စိတ်တွေ ပိုများလာပြီး သူငယ်ချင်းတွေ၊ မိသားစုနဲ့ပါ ဆက်ဆံရေး အဆင်မပြေဖြစ်လာတတ်ပါတယ်။

၃. အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုးမယ်

မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ပညာရေးအခွင့်အလမ်းတွေ ရှိပေမယ့် "ငါမဖြစ်နိုင်ဘူး" ဆိုတဲ့ အတွေးနဲ့ မကြိုးစားဘဲ လွှတ်ချလိုက်တဲ့ လူငယ်တွေ အများကြီးပါ။ ဒီလိုနဲ့ သူတိုရဲ့ စွမ်းရည်တွေ အချည်းနှီး ဖြစ်သွားတတ်ပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်အများစုဟာ ပညာရေး၊ အလုပ်အကိုင်နဲ့ လူမှုရေးဖိအားတွေကြားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိန်းသိမ်းဖို အခက်အခဲရှိနေကြပေမယ့်လည်း ပန်းတိုင်ကို ရောက်မယ်လိုယုံကြည်ပါတယ်။ 

သင်က ယုံကြည်မှုကို ပြန်တည်ဆောက်ချင်တယ်ဆိုရင် YSSW မှကျင်းပမယ့် Self-Esteen sharing session  ကို စောင့်မျှော်ပေးရန် အကြံပြုချင်ပါတယ်။ 


#IYD 

#selfesteem

 #motivation 

#socialwork




Motivation & Self-Esteem
Yangon School of Social Work, YSSW IT August 3, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Self-Esteem