​​

Medical Social Worker

Who are Medical Social Workers? 

What do they do?

အခု ကျွန်တော်တို့ ဒီအပတ်မှာ ပြည်သူ့ဆေးရုံတွေမှာရှိတဲ့ဆေးလူမှုဆက်ဆံရေးမှူး (Medical Social Worker) တွေရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို အားလုံးနဲ့ မျှဝေပေးချင်ပါတယ်။ 

ဒါဆိုရင်တော့ ဆေးလူမှုဆက်ဆံရေးမှူးတွေရဲ့လုပ်ငန်းတွေကို ကျွန်တော်တို့နဲ့ အတူ လေ့လာလိုက်ကြရအောင်…

💭 သင်ဆေးရုံတက်ရတဲ့အခါ သင့်မှာ လူနာစောင့်မပါလို့ အဆင်မပြေဖြစ်နေပါသလား?  

✅ စိတ်မပူပါနဲ့။ ဆေးလူမှုဆက်ဆံရေးမှူးက ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။

💭 သင်ဆေးရုံမှာရှိနေစဉ် ဆေးဝါးနဲ့ ကုသစရိတ်အတွက် မတတ်နိုင်လို့ စိုးရိမ်ကြောင့်ကြနေရပါသလား?

✅ စိတ်မပူပါနဲ့။ ဆေးလူမှုဆက်ဆံရေးမှူးက အတတ်နိုင်ဆုံး အလှူရှင်ရှာပေးဖို့ အသင့်ရှိနေပါတယ်။

💭 သင်ဆေးရုံတက်နေစဉ် ရောဂါနဲ့ပတ်သက်ပြီး သင်နဲ့ သင့်မိသားစုက ခံစားချက်တွေ ရင်ဖွင့်ချင်နေပါ သလား?

✅ စိတ်မပူပါနဲ့။ ဆေးလူမှုဆက်ဆံရေးမှူးက သင်တို့ရဲ့ခံစားချက်တွေကို နားထောင်ပေးဖို့ အဆင်သင့်ရှိနေ ပါတယ်။

💭 သင်ဆေးရုံတက်နေစဉ် ရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရောဂါကုသမှုနဲ့ ပတ်သက်ပြီး နားမလည်လို့ သင်နဲ့ သင့်မိသားစု စိတ်ညစ်နေပါသလား?

✅ စိတ်မပူပါနဲ့။ ဆေးလူမှုဆက်ဆံရေးမှူးက လိုအပ်သလို သင်နားလည်အောင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး ရှင်းပြပေးဖို့ အသင့်ရှိနေပါတယ်။

💭 သင်ဆေးရုံဆင်းတဲ့အခါမှာလည်း အိမ်ပြန်ဖို့ အခက်အခဲရှိနေပါသလား?

✅ စိတ်မပူပါနဲ့။ သင်ဆေးရုံကနေ အိမ်အပြန်ခရီးချောမွေ့ဖို့ ဆေးလူမှုဆက်ဆံရေးက အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါလိမ့်မယ်။ 

💭 သင်ဆေးရုံဆင်းတဲ့အခါ သင့်ရဲ့ အိမ်၊ ရပ်ရွာနဲ့ လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ဆံ့ဖို့ အခက်အခဲရှိနေပါ သလား? 

✅ စိတ်မပူပါနဲ့။ ဆေးလူမှုဆက်ဆံရေးမှုးက သင့်ရဲ့ရပ်ရွာရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လုပ်ငန်းခွင်မှ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး မိမိရပ်ရွာ၊ မိမိလုပ်ငန်းခွင်မှာ ပုံမှန်ပြန်လည်နေထိုင် လုပ်ကိုင်နိုင်ဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါလိမ့်မယ်။ 

အဲ့ဒါကြောင့် သင်ဆေးရုံတက်ရလို့ အခက်အခဲအမျိုးမျိုးရှိနေတဲ့အခါ စိတ်ဓာတ်ကျနေမယ့်အစား သင့်ကို စေတနာထက်သန်စွာနဲ့ ကူညီပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ဆေးလူမှုဆက်ဆံရေးမှူးတွေကို သတိရလိုက်ပါနော်။


Medical Social Worker
Yangon School of Social Work, YSSW IT February 15, 2024
Share this post
Tags
Archive
​​
Iris's perspective on Social workers